အေဝးေျပးယာဥ္လိုင္းအခ်ိဳ႕ ကိုဗစ္နဲ႔ပတ္သက္တဲ့ စည္းကမ္းမလိုက္နာဘဲ ခရီးသည္မ်ားပိုတင္၍ ပိုက္ဆံတိုးေကာက္ေန

ယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္ေရးေကာ္မတီနဲ႔ BRTAအဖြဲ႕မွာ အင္အားနည္းတာေၾကာင့္ ယာဥ္ေမာင္နဲ႔ ယာဥ္ေနာက္လိုက္ေတြရဲ႕ မထီမဲ့ျမင္ ျပဳမူတာေတြ၊ ယာဥ္ေတြကို ေမာင္းေျပးတာေတြေၾကာင့္ ဌာနဆိုင္ရာေတြ ပူးေပါင္းပါဝင္ဖို႔နဲ႔ အင္အားတိုးၿပီး ေဆာင္႐ြက္ႏိုင္ဖို႔ ဝန္ႀကီးကို တင္ျပထားတယ္လို႔ ဆိုပါတယ္။BRTAအဖြဲ႕ဝင္ ဦးထြန္းျမင့္က “သတ္မွတ္ထားတဲ့ ေစ်းႏႈန္းနဲ႔ တင္ေဆာင္ခြင့္ေတြကေတာ့ ကိုဗစ္ကာလ အထိပါပဲ၊ လိုက္နာမႈမရွိတဲ့ ယာဥ္‌ေတြကို ဖမ္းမိတာနဲ႔ ထိထိေရာက္ေရာက္အေရးယူေနပါတယ္၊

ဒဏ္႐ိုက္တာေတြ၊ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို ယာဥ္ေမာင္းခြင့္နဲ႔ ယာဥ္ေနာက္လိုက္ခြင့္ ပိတ္တာေတြလုပ္ပါတယ္။”လို႔ ေျပာ ပါတယ္။ကိုဗစ္-၁၉ ကာကြယ္ဖို႔ ရည္႐ြယ္လုပ္ေဆာင္တာကို ႀကိဳဆိုေပမယ့္ ခုအခ်ိန္ဟာ အလုပ္အကိုင္အ​ေရာင္းအဝယ္​ေတြ မ​ေကာင္းတာ​​ေၾကာင့္ ခရီးသြား​ျပည္သူ​ေတြ ​ေငြ​​ေၾကးအခက္အခဲ ​ျဖစ္​ေပၚ​ေနသလို၊ တာဝန္ရွိသူေတြအေနနဲ႔ သတ္မွတ္ခ်က္အတိုင္း ေဆာက္႐ြက္ႏိုင္ျခင္း မရွိတာေၾကာင့္ ယာဥ္စီးခေတြ ျပန္လည္ေလွ်ာ့သင့္တယ္လို႔ ခရီးသြားျပည္သူေတြက ေျပာပါတယ္။

ပဲခူးတိုင္းအတြင္းမွာေျပးဆြဲေနတဲ့ ခရီးသည္တင္ယာဥ္ေတြကို ကားခ ပိုေကာက္ေစၿပီး တင္ေဆာင္ခြင့္ျပဳတဲ့ ခရီးသည္ရဲ႕တစ္ဝက္ေလွ်ာ့ကာ ေျပးဆြဲခြင့္ေပးထားေပမယ့္ လိုက္နာမႈ မရွိဘူးလို႔ ခရီးသြား ​ျပည္သူေတြက ေျပာပါတယ္။တိုင္းေဒသ​ႀကီးအစိုးရ ထုတ္ျပန္ထားခ်က္အရ ခ ရီးသည္ ၂၄ ဦးစာ ထိုင္ခုံပါတဲ့ ယာဥ္ေတြဟာ ခရီးသည္ ၁၂ ဦးကိုသာ ခုံေနရာျခား တင္ေဆာင္ရမွာျဖစ္ၿပီး ဂိတ္စဂိတ္ဆုံးကို အရင္က ခရီး သည္တစ္ဦးကို က်ပ္ ၂၅၀၀ ေကာက္ခံရာက ယခုအခါ က်ပ္ ၃၈၀၀ တိုးျမႇင့္ ေကာက္ခံတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္ေတြက စည္းကမ္းလိုက္နာမႈမရွိဘဲ ခရီးသည္ေတြထံကေန တိုးျမႇင့္ေကာက္တဲ့ေစ်းအတိုင္း ေတာင္းခံတဲ့အျပင္ ထိုင္ခုံျခား တင္ေဆာင္ျခင္းမရွိပဲ လူအ​ျပည့္ ထိုင္ခုံအ​ျပည့္တင္​ေဆာင္ၾကတယ္လို႔ ခရီးသြားျပည္သူ ဦးေအာင္ဝင္းက ေျပာပါတယ္။“တိုင္းအစိုးရက သူတို႔သတ္မွတ္ထားတဲ့အတိုင္းလည္း အေရယူမေဆာင္႐ြက္ႏိုင္ဘူး။ မေဆာင္႐ြက္ႏိုင္ရင္လည္း ပိုက္ဆံပို မေကာက္နဲ႔ေလ၊ ျပည္သူ​ေတြ စီးပြား​ေရးအဆင္မ​​​​ေျပရတဲ့အထဲ ကားခပို​ေကာက္​ၿပီး လူပိုတင္​ေတာ့​ ျပည္သူ​ေတြ ဝန္ပိုပိတာ​ေပါ့”

ကိုဗစ္ကပ္ေဘးကာလမွာ တိုင္းေဒသ​ႀကီးအစိုးရက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္အတိုင္း ေဆာင္႐ြက္ျခင္းမရွိဘဲ လူအျပည့္၊ ထိုင္ခုံအျပည့္တင္ေဆာင္ေနၾကတာေၾကာင့္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မွာကို စိုးရိမ္ရတယ္လို႔လည္း ဆိုပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီနဲ့ BRTAအဖွဲ့မှာ အင်အားနည်းတာကြောင့် ယာဉ်မောင်နဲ့ ယာဉ်နောက်လိုက်တွေရဲ့ မထီမဲ့မြင် ပြုမူတာတွေ၊ ယာဉ်တွေကို မောင်းပြေးတာတွေကြောင့် ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်ဖို့နဲ့ အင်အားတိုးပြီး ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးကို တင်ပြထားတယ်လို့ ဆိုပါတယ်။BRTAအဖွဲ့ဝင် ဦးထွန်းမြင့်က “သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ တင်ဆောင်ခွင့်တွေကတော့ ကိုဗစ်ကာလ အထိပါပဲ၊ လိုက်နာမှုမရှိတဲ့ ယာဉ်‌တွေကို ဖမ်းမိတာနဲ့ ထိထိရောက်ရောက်အရေးယူနေပါတယ်၊

ဒဏ်ရိုက်တာတွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ယာဉ်မောင်းခွင့်နဲ့ ယာဉ်နောက်လိုက်ခွင့် ပိတ်တာတွေလုပ်ပါတယ်။”လို့ ပြော ပါတယ်။ကိုဗစ်-၁၉ ကာကွယ်ဖို့ ရည်ရွယ်လုပ်ဆောင်တာကို ကြိုဆိုပေမယ့် ခုအချိန်ဟာ အလုပ်အကိုင်အ​ရောင်းအဝယ်​တွေ မ​ကောင်းတာ​​ကြောင့် ခရီးသွား​ပြည်သူ​တွေ ​ငွေ​​ကြေးအခက်အခဲ ​ဖြစ်​ပေါ်​နေသလို၊ တာဝန်ရှိသူတွေအနေနဲ့ သတ်မှတ်ချက်အတိုင်း ဆောက်ရွက်နိုင်ခြင်း မရှိတာကြောင့် ယာဉ်စီးခတွေ ပြန်လည်လျှော့သင့်တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို ကားခ ပိုကောက်စေပြီး တင်ဆောင်ခွင့်ပြုတဲ့ ခရီးသည်ရဲ့တစ်ဝက်လျှော့ကာ ပြေးဆွဲခွင့်ပေးထားပေမယ့် လိုက်နာမှု မရှိဘူးလို့ ခရီးသွား ​ပြည်သူတွေက ပြောပါတယ်။တိုင်းဒေသ​ကြီးအစိုးရ ထုတ်ပြန်ထားချက်အရ ခ ရီးသည် ၂၄ ဦးစာ ထိုင်ခုံပါတဲ့ ယာဉ်တွေဟာ ခရီးသည် ၁၂ ဦးကိုသာ ခုံနေရာခြား တင်ဆောင်ရမှာဖြစ်ပြီး ဂိတ်စဂိတ်ဆုံးကို အရင်က ခရီး သည်တစ်ဦးကို ကျပ် ၂၅၀၀ ကောက်ခံရာက ယခုအခါ ကျပ် ၃၈၀၀ တိုးမြှင့် ကောက်ခံတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေက စည်းကမ်းလိုက်နာမှုမရှိဘဲ ခရီးသည်တွေထံကနေ တိုးမြှင့်ကောက်တဲ့စျေးအတိုင်း တောင်းခံတဲ့အပြင် ထိုင်ခုံခြား တင်ဆောင်ခြင်းမရှိပဲ လူအ​ပြည့် ထိုင်ခုံအ​ပြည့်တင်​ဆောင်ကြတယ်လို့ ခရီးသွားပြည်သူ ဦးအောင်ဝင်းက ပြောပါတယ်။“တိုင်းအစိုးရက သူတို့သတ်မှတ်ထားတဲ့အတိုင်းလည်း အရေယူမဆောင်ရွက်နိုင်ဘူး။ မဆောင်ရွက်နိုင်ရင်လည်း ပိုက်ဆံပို မကောက်နဲ့လေ၊ ပြည်သူ​တွေ စီးပွား​ရေးအဆင်မ​​​​ပြေရတဲ့အထဲ ကားခပို​ကောက်​ပြီး လူပိုတင်​တော့​ ပြည်သူ​တွေ ဝန်ပိုပိတာ​ပေါ့”

ကိုဗစ်ကပ်ဘေးကာလမှာ တိုင်းဒေသ​ကြီးအစိုးရက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ လူအပြည့်၊ ထိုင်ခုံအပြည့်တင်ဆောင်နေကြတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

REF:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *