႐ုတ္တရက္ ေျမကြၽံၿပီး လမ္းေလွ်ာက္ ေနတဲ့ လူ(၂)ေယာက္ ကို ဝါးမ်ိဳသြားတဲ့ တ႐ုတ္ျပည္က ျဖစ္ရပ္ဆန္း (႐ုပ္/သံ)

တ႐ုတ္ျပည္က သတင္းမွာ ေဖာ္ျပထားတာကေတာ့ ႏွစ္ေယာက္စလုံး ကို အသက္ရွင္လွ်က္ ကယ္တင္ႏိုင္ခဲ့တယ္ လို႔ သိရပါတယ္။ ေျမ ကြၽံေပါက္ေတြ ရဲ႕ သဘာဝအတိုင္း တစ္ေနရာမွာ ျဖစ္ၿပီးရင္ အဲဒီအနီးတဝိုက္ မွာ ဒီလိုျဖစ္စဥ္မ်ိဳး ဆက္ၿပီးျဖစ္ႏိုင္လို႔ အေတာ္ေလး သတိ ထားေနရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အခင္းျဖစ္ရာေနရာကို ပိတ္စို႔ထားၿပီး၊ အျမန္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါတယ္။

အခင္းျဖစ္ခဲ့တဲ့ Chongqing ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ေတြက မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ျခင္းေၾကာင့္ ေျမေအာက္မွာ ေရဂလိုင္ေပါက္ေတြ စိမ့္ ဝင္ရာကေန အခုလို ေျမကြၽံမႈ ျဖစ္ေစတာလို႔ ကနဦး သုံးသပ္ေနပါတယ္။ၿပီးခဲ့တဲ့ တနလၤာေန႔ ဇူလိုင္(၂၇)ရက္က တ႐ုတ္ႏိုင္ငံ၊ Chongqing ၿမိဳ႕က လမ္းေဘး တစ္ေနရာမွာ ႐ုတ္တရက္ ေျမကြၽံေပါက္ ႀကီး ျဖစ္ေပၚၿပီး လမ္းေလွ်ာက္ေနတဲ့ လူႏွစ္ေယာက္ကို ဝါးမ်ိဳးသြားခဲ့ပါတယ္။

အခင္းျဖစ္ပ်က္ပုံကို အနီးအနားက CCTV ကင္မရာက မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။ ေျမကြၽံေပါက္ေတြ ျဖစ္ေပၚရျခင္းရဲ႕ အဓိကအ ေၾကာင္းအရင္းက ေရေအာက္ေျမမ်ား၊ တိုက္စားျခင္း၊ ေျမသားမခိုင္မႈေၾကာင့္ ဂလိုင္စားျခင္းမွတစ္ဆင့္ ေျမကြၽံတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ တ႐ုတ္မွာေတာ့ အိမ္သုံးေလးလုံးစာ ဝါးမ်ိဳႏိုင္တဲ့ ေျမကြၽံေပါက္ေတြ မၾကာခဏ ျဖစ္ေလ့ရွိၿပီး၊

တစ္ခါတေလ ကားေတြ၊ လူေတြ ဝါးမ်ိဳးခံရတတ္ပါတယ္။ေျမကြၽံေပါက္အတြင္း ဝါးမ်ိဳခံရတဲ့ လူႏွစ္ေယာက္ ဟာ က်ားလား မလား ေဒသခံ မီဒီယာေတြက အတည္ျပဳခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ CCTV မွတ္တမ္းကို ျပန္ၾကည့္တဲ့အခါ က်ားတစ္ေယာက္ မတစ္ေယာက္လို႔ ယူဆရ ပါတယ္။ ဒီအေၾကာင္းကို ေဒသခံမီဒီယာေတြက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကမွ ေဖာ္ျပခဲ့ၾကတာပါ။

Credit – D Nae Khit

UNICODE

တရုတ်ပြည်က သတင်းမှာ ဖော်ပြထားတာကတော့ နှစ်ယောက်စလုံး ကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ မြေ ကျွံပေါက်တွေ ရဲ့ သဘာဝအတိုင်း တစ်နေရာမှာ ဖြစ်ပြီးရင် အဲဒီအနီးတဝိုက် မှာ ဒီလိုဖြစ်စဉ်မျိုး ဆက်ပြီးဖြစ်နိုင်လို့ အတော်လေး သတိ ထားနေရပါတယ်။ လက်ရှိအချိန်မှာတော့ အခင်းဖြစ်ရာနေရာကို ပိတ်စို့ထားပြီး၊ အမြန် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

အခင်းဖြစ်ခဲ့တဲ့ Chongqing မြို့မှာ ပြီးခဲ့တဲ့ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြေအောက်မှာ ရေဂလိုင်ပေါက်တွေ စိမ့် ဝင်ရာကနေ အခုလို မြေကျွံမှု ဖြစ်စေတာလို့ ကနဦး သုံးသပ်နေပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်(၂၇)ရက်က တရုတ်နိုင်ငံ၊ Chongqing မြို့က လမ်းဘေး တစ်နေရာမှာ ရုတ်တရက် မြေကျွံပေါက် ကြီး ဖြစ်ပေါ်ပြီး လမ်းလျှောက်နေတဲ့ လူနှစ်ယောက်ကို ဝါးမျိုးသွားခဲ့ပါတယ်။

အခင်းဖြစ်ပျက်ပုံကို အနီးအနားက CCTV ကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ မြေကျွံပေါက်တွေ ဖြစ်ပေါ်ရခြင်းရဲ့ အဓိကအ ကြောင်းအရင်းက ရေအောက်မြေများ၊ တိုက်စားခြင်း၊ မြေသားမခိုင်မှုကြောင့် ဂလိုင်စားခြင်းမှတစ်ဆင့် မြေကျွံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တရုတ်မှာတော့ အိမ်သုံးလေးလုံးစာ ဝါးမျိုနိုင်တဲ့ မြေကျွံပေါက်တွေ မကြာခဏ ဖြစ်လေ့ရှိပြီး၊

တစ်ခါတလေ ကားတွေ၊ လူတွေ ဝါးမျိုးခံရတတ်ပါတယ်။မြေကျွံပေါက်အတွင်း ဝါးမျိုခံရတဲ့ လူနှစ်ယောက် ဟာ ကျားလား မလား ဒေသခံ မီဒီယာတွေက အတည်ပြုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် CCTV မှတ်တမ်းကို ပြန်ကြည့်တဲ့အခါ ကျားတစ်ယောက် မတစ်ယောက်လို့ ယူဆရ ပါတယ်။ ဒီအကြောင်းကို ဒေသခံမီဒီယာတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ဖော်ပြခဲ့ကြတာပါ။

Credit – D Nae Khit

Add a Comment

Your email address will not be published.