ကမ္ဘာ့ ဒုတိယ အခက်ခဲဆုံး အဘိဝံသစာမေးပွဲ မှာ ပထမ ရပြီး ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ဆရာတော်(၁)ပါး ပေါ်ထွက်လာ
REF: LET PAN
UNICODE
မစိုးရိမ်တိုက်သစ်ကြီး၏ နာယက တစ်ပါးဖြစ်သွားသော အရှင်သောပါကာဘိဝံသသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့ ဇာတိဖြစ်ပြီး ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှ သာသနာဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီးပညာသင်နှစ် (၁၀)နှစ် အတွင်း မစိုးရိမ်တိုက်သစ် နာယကအဖြစ်သို့ ရောက်ရှိ သွားပါသည်။
ဆယ်တန်းအောင်စဉ်က (၁၆)နှစ်ရှိပြီး ယခု သက်တော်(၂၆)နှစ်ရှိပြီ ဖြစ်သည်။ကမ္ဘာ့ဒုတိယအခက်ဆုံးလို့ ဆိုနိုင်တဲ့ သကျသီဟ အဘိဝံသ စာမေးပွဲမှာ ပထမဂုဏ်ထူး နဲ့ အောင်မြင်ခဲ့တဲ့ ဘုန်းဘုန်း အရှင်သောပါကာဘိဝံသ အကြောင်း ပရိသတ်ကြီးတို့ကို သိရှိဖူးမြော် ကြည်ညို နိုင်အောင် ပြန်လည် ဖော်ပြပေးလိုက်တယ်နော်…။
တိပိဋကတ်စာမေးပွဲပြီးရင် ဒုတိယ အရမ်းခက်ခဲလှပါသော သကျသီဟ အဘိဝံသစာမေးပွဲကြီးတွင် မြန်မာတစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏တပည့်ရင်းဖြစ်သော အရှင်သော ပါကာဘိဝံသ- အား ဂုဏ်ပြု ပူဇော်ပါသည်။
REF: LET PAN