ကမာၻ႔ ပထမဆုံး ကိုဗစ္-19 ကာကြယ္ေဆး ကို ၾသဂုတ္လအတြင္း ႐ုရွား ႏိုင္ငံမွ မွတ္ပုံ တင္မည္ဟု ထုတ္ျပန္

႐ုရွား အစိုးရပိုင္ သတင္းဌာန RIA Novosti news ကေတာ့ ကိုဗစ္-၁၉ ကာကြယ္ေဆးကို ၾသဂုတ္လ ၁၅-၁၆ မွာ ခြင့္ျပဳမိန႔္မွတ္ပုံတင္ ထုတ္ေပးဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ဒီသတင္း နဲ႔ပတ္သက္ၿပီးေတာ့ Gamaleya Institute နဲ႔ RDIF တို႔ ႏွစ္ဖက္ စလုံး က မွတ္ခ်က္ေပး ဖို႔ ျငင္းဆိုခဲ့ ေၾကာင္း သိရ ပါတယ္။

ဒီ ကာကြယ္ေဆး စမ္း သပ္စစ္ေဆး မႈ နဲ႔ပတ္သက္ၿပီး ဘယ္အခ်က္အလက္ေတြ ကိုမွ အမ်ားျပည္သူ သိေအာင္ ထုတ္ျပတ္ခဲ့ျခင္း မရွိေသး တာက ကာကြယ္ေဆးနဲ႔ပတ္ သက္ၿပီး သံသယေတာ့ ရွိေစတယ္ လို႔ ဆိုေနၾကပါ တယ္။ ဒီေဆးကို စမ္းသပ္သုေတသန ျပဳေနသူ ေတြအေန နဲ႔ ကာကြယ္ေဆးဟာ အမ်ားျပည္သူအသုံးျပဳဖို႔အတြက္ လုံၿခဳံစိတ္ခ်မႈ ရွိေၾကာင္းလည္း တိတိပပ ေျပာၾကားျခင္း မရွိေသးပါဘူး ။

ေနာက္တစ္ပတ္ ထဲ မွာေတာ့ ဒီကာကြယ္ေဆး ကို ႐ုရွား၊ ေဆာ္ဒီအာေရးဗီးယား နဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု( ယူေအအီး) တို႔ မွာ စမ္းသပ္သြားမွာျဖစ္တယ္ လို႔လည္း သိရပါတယ္။႐ုရွားႏိုင္ငံ ဟာ Covid-19 ကာကြယ္ ေဆးရွာေဖြမႈ မွာ စမ္းသပ္ေအာင္ျမင္ခဲ့ တယ္ လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြ က ထုတ္ျပန္ေၾကညာ ခဲ့တဲ့ အတိုင္း လာမယ့္ ၾသဂုတ္လ ၁၀ ရက္ကေန ၁၂ ရက္ အတြင္း ။

ဒီကာကြယ္ေဆး ကို ကမာၻ႔ပထမဆုံး Covid-19 ကာကြယ္ေဆး အျဖစ္ မွတ္ပုံတင္သြားမ ယ္လို႔ ဆိုပါတယ္။မွတ္ပုံတင္ၿပီးသြား ရင္ ဒီေဆးဟာ ကမာၻ႔ကပ္ ေရာဂါ အျဖစ္ ရင္ဆိုင္ေနရ တဲ့ Covid-19 ေရာဂါကူးစက္မႈ မရွိေအာင္ ကာကြယ္ႏိုင္ မဲ့ ပထမဆုံး ကာကြယ္ေဆး အျဖစ္ ထြက္ေပၚလာမွာျဖစ္တယ္လို႔ ဒီေဆးကို ေထာက္ခံထားတဲ့အဖြဲ႕အစည္းေတြ က ေျပာၾကားခဲ့ ပါတယ္။

ဒီကာကြယ္ေဆး ဟာ ေမာ္စကိုက Gamaleya Institute နဲ႔ ႐ုရွားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈရံပုံေငြ (RDIF) တို႔ ပူးေပါင္း သုေတသနျပဳ ေဖာ္ထုတ္ခဲ့တာျဖစ္ၿပီး တကယ္လို႔ မွတ္ပုံတင္ၿပီးစီးသြားမယ္ ဆိုပါက သုံးရက္ကေန ခုႏွစ္ရက္ အတြင္း ျပည္သူေတြ ကို ကာကြယ္ေဆး အျဖစ္ တရားဝင္ထိုးႏွံေပးသြားမွာျဖစ္ တယ္လို႔ ဆိုပါတယ္။

REF: SHWE WIKI

UNICODE

ရုရှား အစိုးရပိုင် သတင်းဌာန RIA Novosti news ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ်လ ၁၅-၁၆ မှာ ခွင့်ပြုမိန့်မှတ်ပုံတင် ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ဒီသတင်း နဲ့ပတ်သက်ပြီးတော့ Gamaleya Institute နဲ့ RDIF တို့ နှစ်ဖက် စလုံး က မှတ်ချက်ပေး ဖို့ ငြင်းဆိုခဲ့ ကြောင်း သိရ ပါတယ်။

ဒီ ကာကွယ်ဆေး စမ်း သပ်စစ်ဆေး မှု နဲ့ပတ်သက်ပြီး ဘယ်အချက်အလက်တွေ ကိုမှ အများပြည်သူ သိအောင် ထုတ်ပြတ်ခဲ့ခြင်း မရှိသေး တာက ကာကွယ်ဆေးနဲ့ပတ် သက်ပြီး သံသယတော့ ရှိစေတယ် လို့ ဆိုနေကြပါ တယ်။ ဒီဆေးကို စမ်းသပ်သုတေသန ပြုနေသူ တွေအနေ နဲ့ ကာကွယ်ဆေးဟာ အများပြည်သူအသုံးပြုဖို့အတွက် လုံခြုံစိတ်ချမှု ရှိကြောင်းလည်း တိတိပပ ပြောကြားခြင်း မရှိသေးပါဘူး ။

နောက်တစ်ပတ် ထဲ မှာတော့ ဒီကာကွယ်ဆေး ကို ရုရှား၊ ဆော်ဒီအာရေးဗီးယား နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု( ယူအေအီး) တို့ မှာ စမ်းသပ်သွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ ဟာ Covid-19 ကာကွယ် ဆေးရှာဖွေမှု မှာ စမ်းသပ်အောင်မြင်ခဲ့ တယ် လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ က ထုတ်ပြန်ကြေညာ ခဲ့တဲ့ အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက် အတွင်း ။

ဒီကာကွယ်ဆေး ကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေး အဖြစ် မှတ်ပုံတင်သွားမ ယ်လို့ ဆိုပါတယ်။မှတ်ပုံတင်ပြီးသွား ရင် ဒီဆေးဟာ ကမ္ဘာ့ကပ် ရောဂါ အဖြစ် ရင်ဆိုင်နေရ တဲ့ Covid-19 ရောဂါကူးစက်မှု မရှိအောင် ကာကွယ်နိုင် မဲ့ ပထမဆုံး ကာကွယ်ဆေး အဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဒီဆေးကို ထောက်ခံထားတဲ့အဖွဲ့အစည်းတွေ က ပြောကြားခဲ့ ပါတယ်။

ဒီကာကွယ်ဆေး ဟာ မော်စကိုက Gamaleya Institute နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရံပုံငွေ (RDIF) တို့ ပူးပေါင်း သုတေသနပြု ဖော်ထုတ်ခဲ့တာဖြစ်ပြီး တကယ်လို့ မှတ်ပုံတင်ပြီးစီးသွားမယ် ဆိုပါက သုံးရက်ကနေ ခုနှစ်ရက် အတွင်း ပြည်သူတွေ ကို ကာကွယ်ဆေး အဖြစ် တရားဝင်ထိုးနှံပေးသွားမှာဖြစ် တယ်လို့ ဆိုပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *