ကို႐ိုနာဗိုင္းရပ္ပိုးသည္ လူ၏ နားအတြင္းပုန္းခိုႏိုင္၍ ႏွာေခါင္းႏွင့္ပါးစပ္ ကို ဖုံးကာေန႐ုံႏွင့္ မလုံေလာက္ေၾကာင္း ပညာရွင္မ်ားေျပာဆို

ကို႐ိုနာ ဗိုင္းရပ္စ္သည္ လူ႔ ဦးေခါင္း နားအတြ င္းရွိ “ အလည္နား “ ႏွင့္ နားစည္ေရွ႕ပိုင္း “ မတ္စ္တြိဳက္ “ ေခၚ ဧရိယာတြင္ ေကာင္းစြာရွင္ သန္ႏိုင္ေၾကာင္း၊ မတ္စ္တြိဳက္ဧရိယာ သည္ ေခါင္းေပါက္ငယ္ေလး မ်ားစြာပါဝင္ၿပီး “ အလည္နား “ ႏွင့္ အတြင္းနား တို႔ကို ထိခိုက္ဒါဏ္ရာရျခင္းမွ ကူရွင္သဖြယ္ ခုခံေပးသည့္ ေနရာျဖစ္ေၾကာင္း ၊ မေသဆုံးမီ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာျပသသူ လူနာ ၃-ဦး ကို နား ႏွာေခါင္း လည္ေခ်ာင္းႏွင့္ ေရာဂါေဗဒပညာရွင္မ်ား ပါဝင္ေသာ သုေတသနအဖြဲ႕က ခြဲစိတ္စစ္ေဆးရာ မွ ေတြ႕ရွိသည္ဆို၏။

ထိုေတြ႕ရွိ ခ်က္ေၾကာင့္ နား ႏွာေခါင္း လည္ေခ်ာင္း ကု ဆရာဝန္မ်ားအေနျဖင့္ လူနာစစ္ေဆးစဥ္ ဗိုင္းရပ္စ္ကူးစက္ရန္တိုက္႐ိုက္အႏၲရာယ္ရွိသည္ဟု စိတ္အေႏွာက္အယွက္ျဖစ္တန္ရာသည္။ ဂြၽန္ေဟာ့ကင္းတကၠသိုလ္သည္ အဆိုပါ ခြဲစိတ္ေလ့လာမႈ ကို ၆-လၾကာ ျပဳလုပ္ခဲ့ၿပီး လြန္ခဲ့သည့္ ဇူလိုင္ ၂၃-ရက္ေန႔ ၌ သတင္းထုတ္ျပ န္ခဲ့သည္။

ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါ ကာကြယ္ ရန္ ႏွာေခါင္းႏွင့္ ပါးစပ္ ကို ဖုံးကာေန ယုံႏွင့္ မလုံေလာက္ ၊ မ်က္လုံးမ်ားပါ ကာကြယ္ မွ ျပည့္စုံမည္ဟု ေဒါက္တာ ေဖာက္ခ်ီ ေျပာဆို ။ ကို႐ိုနာဗိုင္းရပ္စ္ ပုန္းခိုႏိုင္ေသာ ေနရာ မွာ မည္သူမွ် ထင္မွတ္ ထားျခင္း မရွိခဲ့ေသာ လူ၏ နားအတြင္းျဖစ္ေၾကာင္း အသစ္ေတြ႕ ရွိခဲ့ျခင္း ျဖစ္သည္။

အေမရိကန္ႏိုင္ငံ သားတို႔သည္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကို ကိုယ္တိုင္ အျပည့္အ၀ ကာကြယ္ၾကျခင္း မရွိေၾကာင္း၊ ႏွာေခါင္းႏွင့္ ပါးစပ္ ကို Mask အသုံးျပဳ၍ ဖုံးကာရမည့္အျပင္ Goggles ေလကာမ်က္မွန္ကဲ့သို႔ အကာအကြယ္မ်ိဳးကို အသုံးျ ပု၍ မ်က္လုံးမ်ား ကိုလည္း ဖုံးကာရမည္ျဖစ္ေၾကာင္း အေမရိကန္ ထိပ္တန္းေဆးပညာရွင္ ေရာဂါၿပီးေဗဒ ပါရဂူ ေဒါက္တာအန္သိုနီေဖာက္ခ်ီ က ေျပာဆိုသည္ ဟု Russia Today က ယေန႔ေရးသားသည္။

ABC News ႏွင့္ ေတြ႕ဆုံ ေမးျမန္းခန္း ၌ ေဆးဘက္ဆိုင္ရာသတင္းေထာက္ ေဒါက္တာ ဂ်င္နီဖာအက္ရွ္တန္၏ “ မ်က္ႏွာဖုံးမ်ား ကို မျဖစ္မေနဝတ္ဆင္ရမည္ ဟု ျပ႒ာန္းခ်က္၌ မ်က္စိမ်ား ပါ-မပါ “ ဟူေသာ ေမးခြန္း ကို ေဒါက္တာ ေဖာက္ခ်ီက ျပန္လည္ေျဖၾကားသည္။ ဗိုင္းရပ္စ္အား“ ၿပီးျပည့္စုံသည့္ ကာကြယ္မႈ ” ရရွိႏိုင္မည့္ တစ္ခုတည္းေ သာ နည္းလမ္းမွာ ပါးစပ္ႏွင့္ႏွာေခါင္းတို႔သာမက မ်က္လုံးမ်ား ကိုပါ ကာကြယ္ရမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာဆိုသည္။

Goggles “ ေလကာမ်က္မွန္ “ သို႔မဟုတ္ eye shield “ မ်က္စိအကာ “ တို႔ကို အသုံးျပဳသင့္ေၾကာင္း၊ သို႔ေသာ္ ေနရာတိုင္းအတြက္ အႂကြင္းမဲ့ဟု ဆိုလိုျခင္းမဟုတ္ပဲ အမွန္တကယ္ ျပည့္စုံလိုသည္ ဆိုလွ်င္ အသုံးျပဳ သင့္ေၾကာင္း ေဖာက္ခ်ီက ဆက္လက္ေျပာဆိုသည္။

REF: Oung Marine

UNICODE

ကိုရိုနာ ဗိုင်းရပ်စ်သည် လူ့ ဦးခေါင်း နားအတွ င်းရှိ “ အလည်နား “ နှင့် နားစည်ရှေ့ပိုင်း “ မတ်စ်တွိုက် “ ခေါ် ဧရိယာတွင် ကောင်းစွာရှင် သန်နိုင်ကြောင်း၊ မတ်စ်တွိုက်ဧရိယာ သည် ခေါင်းပေါက်ငယ်လေး များစွာပါဝင်ပြီး “ အလည်နား “ နှင့် အတွင်းနား တို့ကို ထိခိုက်ဒါဏ်ရာရခြင်းမှ ကူရှင်သဖွယ် ခုခံပေးသည့် နေရာဖြစ်ကြောင်း ၊ မသေဆုံးမီ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာပြသသူ လူနာ ၃-ဦး ကို နား နှာခေါင်း လည်ချောင်းနှင့် ရောဂါဗေဒပညာရှင်များ ပါဝင်သော သုတေသနအဖွဲ့က ခွဲစိတ်စစ်ဆေးရာ မှ တွေ့ရှိသည်ဆို၏။

ထိုတွေ့ရှိ ချက်ကြောင့် နား နှာခေါင်း လည်ချောင်း ကု ဆရာဝန်များအနေဖြင့် လူနာစစ်ဆေးစဉ် ဗိုင်းရပ်စ်ကူးစက်ရန်တိုက်ရိုက်အန္တရာယ်ရှိသည်ဟု စိတ်အနှောက်အယှက်ဖြစ်တန်ရာသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်သည် အဆိုပါ ခွဲစိတ်လေ့လာမှု ကို ၆-လကြာ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင် ၂၃-ရက်နေ့ ၌ သတင်းထုတ်ပြ န်ခဲ့သည်။

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ် ရန် နှာခေါင်းနှင့် ပါးစပ် ကို ဖုံးကာနေ ယုံနှင့် မလုံလောက် ၊ မျက်လုံးများပါ ကာကွယ် မှ ပြည့်စုံမည်ဟု ဒေါက်တာ ဖောက်ချီ ပြောဆို ။ ကိုရိုနာဗိုင်းရပ်စ် ပုန်းခိုနိုင်သော နေရာ မှာ မည်သူမျှ ထင်မှတ် ထားခြင်း မရှိခဲ့သော လူ၏ နားအတွင်းဖြစ်ကြောင်း အသစ်တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ သားတို့သည် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကို ကိုယ်တိုင် အပြည့်အ၀ ကာကွယ်ကြခြင်း မရှိကြောင်း၊ နှာခေါင်းနှင့် ပါးစပ် ကို Mask အသုံးပြု၍ ဖုံးကာရမည့်အပြင် Goggles လေကာမျက်မှန်ကဲ့သို့ အကာအကွယ်မျိုးကို အသုံးြ ပု၍ မျက်လုံးများ ကိုလည်း ဖုံးကာရမည်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဆေးပညာရှင် ရောဂါပြီးဗေဒ ပါရဂူ ဒေါက်တာအန်သိုနီဖောက်ချီ က ပြောဆိုသည် ဟု Russia Today က ယနေ့ရေးသားသည်။

ABC News နှင့် တွေ့ဆုံ မေးမြန်းခန်း ၌ ဆေးဘက်ဆိုင်ရာသတင်းထောက် ဒေါက်တာ ဂျင်နီဖာအက်ရှ်တန်၏ “ မျက်နှာဖုံးများ ကို မဖြစ်မနေဝတ်ဆင်ရမည် ဟု ပြဋ္ဌာန်းချက်၌ မျက်စိများ ပါ-မပါ “ ဟူသော မေးခွန်း ကို ဒေါက်တာ ဖောက်ချီက ပြန်လည်ဖြေကြားသည်။ ဗိုင်းရပ်စ်အား“ ပြီးပြည့်စုံသည့် ကာကွယ်မှု ” ရရှိနိုင်မည့် တစ်ခုတည်းေ သာ နည်းလမ်းမှာ ပါးစပ်နှင့်နှာခေါင်းတို့သာမက မျက်လုံးများ ကိုပါ ကာကွယ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

Goggles “ လေကာမျက်မှန် “ သို့မဟုတ် eye shield “ မျက်စိအကာ “ တို့ကို အသုံးပြုသင့်ကြောင်း၊ သို့သော် နေရာတိုင်းအတွက် အကြွင်းမဲ့ဟု ဆိုလိုခြင်းမဟုတ်ပဲ အမှန်တကယ် ပြည့်စုံလိုသည် ဆိုလျှင် အသုံးပြု သင့်ကြောင်း ဖောက်ချီက ဆက်လက်ပြောဆိုသည်။

REF:  Oung Marine

Add a Comment

Your email address will not be published. Required fields are marked *