လုံၿခဳံေရး အားနည္းတဲ့ေဒသေတြမွာ ေက်ာင္းေတြ ကို ကိုဗစ္စည္းကမ္းနဲ႔ ညီ/မညီ မစစ္ေဆးႏိုင္ေတာ့ဟု ဆို

တစ္ႏိုင္ငံလုံးမွာ ပုဂၢလိကကိုယ္ပိုင္ အထက္တန္းေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ အထက္တန္းေက်ာင္းနဲ႔ အေျခခံပညာအထက္တန္းေက်ာင္း စုစုေပါင္း (၇,၃၇၁) ေက်ာင္းရွိၿပီးဇူလိုင္ ၂၁ ရက္ကစတင္ကာ ကိုဗစ္-၁၉ ကာကြယ္ေရး ဆန္းစစ္ခ်က္ျပည့္မီမႈ (A) အဆင့္ရထားတဲ့ေက်ာင္း ေပါင္း (၃,၉၉၉) ေက်ာင္းဖြင့္လွစ္ခြင့္ရထားတာျဖစ္ပါတယ္။ဒါေၾကာင့္ ဖြင့္လွစ္ဖို႔ က်န္ရွိတဲ့ ေက်ာင္းေတြထဲက ေက်ာင္းေပါင္း ၂၀၀၀ ေက်ာ္ ဟာ လက္ရွိအခ်ိန္မွာေတာ့ ကိုဗစ္ကာကြယ္ေရးဆန္းစစ္ခ်က္ျပည့္မီမႈ (A) အဆင့္ရထားၿပီး လာမယ့္ ၾသဂုတ္လ ၄ ရက္မွာ ျပန္လည္ဖြင့္ လွစ္သြားေတာ့မယ္လို႔လည္း အေျခခံပညာဦးစီးဌာနက သိရပါတယ္။

ဒါ့အျပင္ ဆန္းစစ္ခ်က္ျပည့္မီမႈ (B) နဲ႔ (C) အဆင့္ရထားတဲ့ အေျခခံပညာေက်ာင္းေပါင္း ၁၀၀၀ ေက်ာ္ကိုလည္း (A) အဆင့္ရဖို႔ အတြက္ ျပန္လည္ျပင္ဆင္မႈေတြ လုပ္ေနၿပီး ၾသဂုတ္လထဲမွာပဲ အၿပီးသတ္ ဖြင့္လွစ္သြားမယ္လို႔ ဆိုပါတယ္။အဲဒီေက်ာင္းေတြကို ကိုဗစ္စည္းကမ္းနဲ႔ မညီလည္း ဖြင့္ခြင့္ရဖို႔ ေတာင္းဆိုထားတာပါ။ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အေျခခံပညာေက်ာင္းတခ်ိဳ႕၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕က အေျခခံပညာေက်ာင္းတစ္ခ်ိဳ႕နဲ႔ ကခ်င္ျပည္နယ္အတြင္းက သြားလာရခက္ခဲၿပီး ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြက အေျခခံပညာေက်ာင္း တစ္ခ်ိဳ႕ေက်ာင္းေပါင္း ၁၀၀ ေက်ာ္ကို ကိုဗစ္ စည္းကမ္းခ်က္နဲ႔ ညီ၊မညီ မစစ္ေဆးႏိုင္ေတာ့ဘဲ ဖြင့္လွစ္သြားေတာ့မယ္လို႔ သိရပါတယ္။

အဆိုပါ ေက်ာင္းေပါင္း ၁၀၀ ေက်ာ္ဟာ လုံၿခဳံေရးအားနည္းၿပီး ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြမွာ ရွိေနတာျဖစ္လို႔ သြားေရာက္စစ္ေဆးဖို႔ အခက္အခဲေတြရွိေနတာေၾကာင့္ ကိုဗစ္စည္းကမ္းခ်က္ေတြကို ကင္းလြတ္ခြင့္ေပပးဖို႔ ကိုဗစ္-၁၉ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီကို တင္ျပ မယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိ ယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။ရခိုင္၊ ခ်င္း၊ ကခ်င္နဲ႔ ရွမ္းေျမာက္ ေဒသေတြ က ေက်ာင္းေတြကို ကိုဗစ္စည္းကမ္းခ်က္ေတြ ကင္းလြတ္ေပးၿပီး ဖြင့္ခြင့္ရဖို႔ ေတာင္းထားတယ္။ ဒီေနရာေတြ က လမ္းပန္းဆက္ သြယ္ေရးအရ၊ နယ္ေျမလုံၿခဳံေရးအရေရာ သြားစစ္ေဆးဖို႔ မျဖစ္ႏိုင္ဘူး။

အဲဒီလိုေနရာေတြကလည္း ကိုဗစ္က မရွိသေလာက္ပါ။ ဒါေပမယ့္ ဘဂၤလားေဒရွ႕္နဲ႔နီးတဲ့ ရခိုင္ေျမာက္ပိုင္းေတာ့စိုးရိမ္ရတယ္။ အဲဒီေနရာ ေတြက ေတာ့ မလြယ္ေလာက္ဘူး ။ လုံၿခဳံေရးအရလည္း ေက်ာင္းဖြင့္ဖို႔ မလြယ္ေလာက္ဘူး “ လို႔ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

REF: LET PAN

UNICODE

တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းနဲ့ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၇,၃၇၁) ကျောင်းရှိပြီးဇူလိုင် ၂၁ ရက်ကစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားတဲ့ကျောင်း ပေါင်း (၃,၉၉၉) ကျောင်းဖွင့်လှစ်ခွင့်ရထားတာဖြစ်ပါတယ်။ဒါကြောင့် ဖွင့်လှစ်ဖို့ ကျန်ရှိတဲ့ ကျောင်းတွေထဲက ကျောင်းပေါင်း ၂၀၀၀ ကျော် ဟာ လက်ရှိအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု (A) အဆင့်ရထားပြီး လာမယ့် သြဂုတ်လ ၄ ရက်မှာ ပြန်လည်ဖွင့် လှစ်သွားတော့မယ်လို့လည်း အခြေခံပညာဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် ဆန်းစစ်ချက်ပြည့်မီမှု (B) နဲ့ (C) အဆင့်ရထားတဲ့ အခြေခံပညာကျောင်းပေါင်း ၁၀၀၀ ကျော်ကိုလည်း (A) အဆင့်ရဖို့ အတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး သြဂုတ်လထဲမှာပဲ အပြီးသတ် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။အဲဒီကျောင်းတွေကို ကိုဗစ်စည်းကမ်းနဲ့ မညီလည်း ဖွင့်ခွင့်ရဖို့ တောင်းဆိုထားတာပါ။ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာကျောင်းတချို့၊ ချင်းပြည်နယ် ပလက်ဝမြို့က အခြေခံပညာကျောင်းတစ်ချို့နဲ့ ကချင်ပြည်နယ်အတွင်းက သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အခြေခံပညာကျောင်း တစ်ချို့ကျောင်းပေါင်း ၁၀၀ ကျော်ကို ကိုဗစ် စည်းကမ်းချက်နဲ့ ညီ၊မညီ မစစ်ဆေးနိုင်တော့ဘဲ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းပေါင်း ၁၀၀ ကျော်ဟာ လုံခြုံရေးအားနည်းပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ရှိနေတာဖြစ်လို့ သွားရောက်စစ်ဆေးဖို့ အခက်အခဲတွေရှိနေတာကြောင့် ကိုဗစ်စည်းကမ်းချက်တွေကို ကင်းလွတ်ခွင့်ပေပးဖို့ ကိုဗစ်-၁၉ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြ မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိ ယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းမြောက် ဒေသတွေ က ကျောင်းတွေကို ကိုဗစ်စည်းကမ်းချက်တွေ ကင်းလွတ်ပေးပြီး ဖွင့်ခွင့်ရဖို့ တောင်းထားတယ်။ ဒီနေရာတွေ က လမ်းပန်းဆက် သွယ်ရေးအရ၊ နယ်မြေလုံခြုံရေးအရရော သွားစစ်ဆေးဖို့ မဖြစ်နိုင်ဘူး။

အဲဒီလိုနေရာတွေကလည်း ကိုဗစ်က မရှိသလောက်ပါ။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်နဲ့နီးတဲ့ ရခိုင်မြောက်ပိုင်းတော့စိုးရိမ်ရတယ်။ အဲဒီနေရာ တွေက တော့ မလွယ်လောက်ဘူး ။ လုံခြုံရေးအရလည်း ကျောင်းဖွင့်ဖို့ မလွယ်လောက်ဘူး “ လို့ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *