လူငယ်ဆန်ဆန် ဆယ်ကျော်သက်မလေး တစ်ယောက်လို ချစ်စရာကောင်းလွန်းနေတဲ့ မအေးသောင်း
UNICODE
မအေးသောင်းဟာ အသက်သုံးဆယ်ကျော်လို့ ထင်ရက်စရာမရှိလောက်ရအောင် သူမရဲ့အလှအပတွေဟာ အမြဲတမ်းနုပျိုနေပြီး ဆွဲဆောင် မှုတွေပြည့်နှက်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေကြောင့်လည်း ပုရိသတွေဝန်းရံလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မအေးသောင်းဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေအတွက် အမြဲလိုလို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ ” မြတ်နိုးခွင့်လေးတော့ပေးပါ” ဆိုပြီး သူမ ရဲ့ အလှ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ မအေးသောင်းကတော့ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ ဆယ်ကျော်သက် မလေးလို့ ထင်မှတ်မှားရလောက်အောင် နုပျို လှပနေတာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေ ကြည့်ရှုနိုင်အောင် မအေးသောင်း ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ မအေး သောင်းလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီး ချောလေးအေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန် အဝတ်အစားလေး တွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကိုဖမ်းစားထားသူ တစ်ယောက် လည်း ဖြစ်ပါတယ်။
မအေးသောင်းဟာ အနုပညာမျိုးရိုးကနေဆင်းသက်လာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ညီအစ်မတွေဟာလည်း တစ်ချိန်က အနုပညာ လုပ်ငန်းတွေ အတူတူလုပ်ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Source and Photo Crd- Aye Wutyi Thaung’s Facebook Page