လူစီးေမာ္ေတာ္ယာဥ္မ်ားအေပၚ ေကာက္ခံသည့္ အေကာက္ခြန္ႏႈန္းထားမ်ား ေျဖေလွ်ာ့လိုက္ေၾကာင္း အစိုးရမွ ေၾကျငာခ်က္ထုတ္ျပန္

Covid-19 ​​ေၾကာင့္ျဖစ္ေပၚေနတဲ့ စီးပြားေရးက်ဆင္းမႈကို ကုစားတဲ့အေနနဲ႔ လူစီးေမာ္ေတာ္ယာဥ္ေတြအေပၚ ေကာက္ခံေနတဲ့ အေကာက္ ခြန္ႏႈန္းထားေတြကို ေျဖေလွ်ာ့ေပးတာပါ။ ေၾကညာခ်က္ အသစ္မထြက္မခ်င္း ေျဖေလွ်ာ့ေပးမွာပါ။ ေျဖေလွ်ာ့ေပးမယ့္ အထဲမွာလုပ္ငန္းသုံး ယာဥ္ေတြ မပါပါဘူး”ဟု အေကာက္ခြန္ဦးစီး႒ာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။ယခုလမွစၿပီး အေကာက္ခြန္ႏႈန္းထားမ်ားကို ေျဖ ေလွ်ာ့ေပးမည္ျဖစ္၍ အခြန္သက္သာမႈေၾကာင့္ ကားတန္ဖိုးမ်ား ေလ်ာ့နည္းသြားမည္ျဖစ္သည္။

သို႔ရာတြင္ ျပည္ပမွတင္သြင္းသည့္ Brand New ကားအမ်ိဳးအစားအခ်ိဳ႕ႏွင့္ SKD ကားမ်ားမွာ ယခင္ကတည္းက အာဆီယံေဒသတြင္း အခြန္ကင္းလြတ္ခြင့္မ်ားရထားၿပီးျဖစ္၍ ယခုအခြန္ေျဖေလွ်ာ့မႈေၾကာင့္ ကားေဈးႏႈန္းမ်ား သိသာစြာ က်ဆင္းႏိုင္ဖြယ္မရွိဘဲ CBU ျဖင့္ တင္သြင္းေနသည့္ CIF တန္ဖိုးမ်ားၿပီး အင္ဂ်င္ပါဝါႀကီးသည့္ကားမ်ားသာ အခြန္သက္သာခြင့္ေၾကာင့္ ကားေဈးအထိုက္အေလ်ာက္ က်ဆင္းႏိုင္ဖြယ္ရွိေၾကာင္း ကားလုပ္ငန္းရွင္မ်ား၏ သုံးသပ္ခ်က္မ်ားအရ သိရသည္။

Covid-19 ေၾကာင့္ စီးပြားေရးက်ဆင္းမႈကို ကုစားသည့္အေနျဖင့္ လူစီးေမာ္ေတာ္ယာဥ္မ်ားအေပၚတြင္ ေကာက္ခံေနသည့္ အေကာက္ခြန္ ႏႈန္းထားမ်ားကို ေျဖေလွ်ာ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာ အမွတ္ ၈၄ /၂၀၂၀အရ ၾသဂုတ္လမွစ၍ အခြန္ေကာက္ခံလ်က္ရွိသည့္ လူစီးေမာ္ေတာ္ယာဥ္မ်ားအတြက္ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္ေအာက္ ကို အ ေကာက္ခြန္ႏႈန္း ၃၀ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္း၊ အင္ဂ်င္ပါဝါ ၂၀၀၁ စီစီႏွင့္အထက္ကို အေကာက္ခြန္ႏႈန္း ၄၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္း၊

SKD စနစ္ႏွင့္တင္သြင္းေသာ ေမာ္ေတာ္ယာဥ္မ်ားအတြက္ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္ေအာက္ကို အေကာက္ခြန္ႏႈန္း ၁၀ ရာခိုင္ႏႈန္းမွ ၀ ရာခိုင္ႏႈန္းႏွင့္ အင္ဂ်င္ပါဝါ ၂၀၀၁ စီစီႏွင့္အထက္ကို အေကာက္ခြန္ႏႈန္း ၂၀ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

REF: AUTOMOBILE NEWS AGENCY

UNICODE

Covid-19 ​​ကြောင့်ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုကို ကုစားတဲ့အနေနဲ့ လူစီးမော်တော်ယာဉ်တွေအပေါ် ကောက်ခံနေတဲ့ အကောက် ခွန်နှုန်းထားတွေကို ဖြေလျှော့ပေးတာပါ။ ကြေညာချက် အသစ်မထွက်မချင်း ဖြေလျှော့ပေးမှာပါ။ ဖြေလျှော့ပေးမယ့် အထဲမှာလုပ်ငန်းသုံး ယာဉ်တွေ မပါပါဘူး”ဟု အကောက်ခွန်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ယခုလမှစပြီး အကောက်ခွန်နှုန်းထားများကို ဖြေ လျှော့ပေးမည်ဖြစ်၍ အခွန်သက်သာမှုကြောင့် ကားတန်ဖိုးများ လျော့နည်းသွားမည်ဖြစ်သည်။

သို့ရာတွင် ပြည်ပမှတင်သွင်းသည့် Brand New ကားအမျိုးအစားအချို့နှင့် SKD ကားများမှာ ယခင်ကတည်းက အာဆီယံဒေသတွင်း အခွန်ကင်းလွတ်ခွင့်များရထားပြီးဖြစ်၍ ယခုအခွန်ဖြေလျှော့မှုကြောင့် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းနိုင်ဖွယ်မရှိဘဲ CBU ဖြင့် တင်သွင်းနေသည့် CIF တန်ဖိုးများပြီး အင်ဂျင်ပါဝါကြီးသည့်ကားများသာ အခွန်သက်သာခွင့်ကြောင့် ကားဈေးအထိုက်အလျောက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။

Covid-19 ကြောင့် စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် လူစီးမော်တော်ယာဉ်များအပေါ်တွင် ကောက်ခံနေသည့် အကောက်ခွန် နှုန်းထားများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၈၄ /၂၀၂၀အရ သြဂုတ်လမှစ၍ အခွန်ကောက်ခံလျက်ရှိသည့် လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက် ကို အ ကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီနှင့်အထက်ကို အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း၊

SKD စနစ်နှင့်တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက်ကို အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းနှင့် အင်ဂျင်ပါဝါ ၂၀၀၁ စီစီနှင့်အထက်ကို အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

REF:   AUTOMOBILE  NEWS  AGENCY

Add a Comment

Your email address will not be published. Required fields are marked *