အေရွ႕အာ ရွ ပင္လယ္ျပင္အ တြင္း တ႐ုတ္ေရယာဥ္ မ်ား က်ဴးေက်ာ္လာပါက ရင္ဆိုင္ ရန္ ဂ်ပန္ကို အေမရိကန္ ကူမည္ဟု ေျပာၿပီ

မေန႔က ထြက္ေပၚ လာေသာ သတင္းမ်ား အရတ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ ၏ ေတာင္ပိုင္း တိုင္း စစ္ဌာနခ်ဳပ္ လက္ ေအာက္ခံ ေရတပ္သည္ ေတာင္တ႐ုတ္ ပင္လယ္ အတြင္းတြင္ ၎တို႔၏ အသစ္စက္စက္ ဒုံးက်ည္တင္ ေလယာဥ္ႀကီးမ်ားႏွင့္ H-6G ႏွင့္ H-6J ေရေၾကာင္းတိုက္ခိုက္ေရး တိုက္ေလယာဥ္ မ်ားျဖင့္ ေန႔ေရာညပါ အျပင္းအထန္ ေလ့က်င့္ေနၾက သည္ဟု သိရ သည္။အေမရိကန္ သည္လည္း P-8A ပြိဳက္ဆီဒုံကင္းေထာက္ေလယာဥ္ သည္ ‌တိုင္ဝမ္ေတာင္ပိုင္း ရွိ ေတာင္တ႐ုတ္ ပင္လယ္ အတြင္း ဝင္ေရာက္ လာခဲ့သည္။

မိမိအျမင္ရ ေျပာရလွ်င္ တ႐ုတ္ အေနျဖင့္ အေမရိကန္ႏွင့္ စစ္ပြဲအသြင္ ကူးေျပာင္းသြားမည္ ဆိုက စီးပြားေရးအရ မည္သို႔မွ် ျပန္လည္ နာလန္ ထူလာႏိုင္ေတာ့ မည္ မဟုတ္သည့္ျပင္။ ကမာၻႀကီးအား cheque book diplomacy ျဖင့္ လႊမ္းမိုးႏိုင္ေရး ဆိုသည့္ အိမ္မက္ႀကီး လည္း တပါတည္း ပ်က္ျပယ္သြားမည္ျဖစ္သည္။ ႏိုင္ငံေရးဖက္တြင္ လည္း ဝါးအစည္းေျပသကဲ့ သို႔ ျဖစ္ကာ ျပည္တြင္းပုန္ကန္မႈမ်ားျဖင့္ ကြန္ျမဴနစ္ ပါတီ သည္ အခ်ိန္အနည္းငယ္ အတြင္း မွာပင္ နိဂုံးခ်ဳပ္သြားႏိုင္ေပ သည္။

သို႔ေသာ္ ရွီက်င့္ဖ်င္ သည္ ၎ေလထြားခဲ့ေသာ ျပည္တြင္း ရွိ ဝံသာႏုစိတ္ လြန္ကဲသူမ်ား အၾကား တြင္ အေမရိကန္ကို အေလ်ာ့မေပးဟု ဆို ကာ ဟန႔္ကိုဖို႔ လုပ္ေနရသလို တဖက္ကလည္း ထရန႔္ကို မည္သို႔မွ် ခန႔္မွန္းႏိုင္စြမ္း မရွိမႈ အၾကားတြင္ ဗ်ာမ်ားေနၿပီ ျဖစ္ေပသည္ ။ဂ်ပန္ ရွိ အေမရိကန္ ၾကည္းေရးေလ တပ္ေပါင္းစု အႀကီးအကဲ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ကယ္ဗင္ ရွႏိုက္ဒါ သည္ အေရွ႕ တ႐ုတ္ ပင္လယ္ျပင္ အတြင္း တ႐ုတ္ ေရယာဥ္မ်ား က်ဳးေက်ာ္လာမႈ ကို ရင္ဆိုင္ရန္ မဟာမိတ္ ဂ်ပန္ ကို ကူညီသြားမည္ ဟု ႀကဳံးဝါး လိုက္ၿပီ ျဖစ္သည္ ။

တဆက္တည္း မွာပင္ ဘီဂ်င္းသည္ေဒသတြင္း ရွိ ႏိုင္ငံမ်ားအား ေရေၾကာင္း မွၿခိမ္းေျခာက္ ရန္လုပ္သည့္ ကမ္ပိန္း တခု ဆင္ႏြဲေနေၾကာင္း လည္း စြပ္စြဲ လိုက္ သည္ ။ဩဂုတ္လ လယ္တြင္ တ႐ုတ္ ၏ ပိတ္ပင္ ထားေသာ ရာသီခ်ိန္ ငါးဖမ္းလုပ္ငန္း ျပန္လည္စတင္လာသည့္အခါ ဖိအားေပးမႈမ်ား ပိုမိုျမင့္တက္လာဖြယ္ ရွိေနသည္၊ ငါးဖမ္း ထေရာ္လာမ်ားႏွင့္အတူ တ႐ုတ္ ကမ္းေျခေစာင့္ တပ္မ်ားႏွင့္ ေရတပ္ သေဘၤာ မ်ား အတူလိုက္ ပါလာဖို႔ရွိေ န၍ ျဖစ္သည္ ။

အေမရိကန္ အေနႏွင့္ ဂ်ပန္ ၏ ရွင္ကာကူး ကြၽန္းတန္းမ်ား ကို တရာ ရာႏႈန္း ျပည့္ မဆုပ္မနစ္ ကာကြယ္ေပးသြား မည္ ဟု ဗိုလ္ခ်ဳပ္ႀကီး ရွႏိုက္ဒါက ေျပာခဲ့ သည္ ။ ၎ က တႏွစ္ ၃၆၅ ရက္၊ တေန႔ ၂၄ နာရီ၊ တပတ္ ၇ ရက္ ကာကြယ္ေပး သြားမည္ ဟု ဆိုလိုေၾကာင္း ထပ္မံ ရွင္းလင္း ခဲ့ျပန္သည္။မၾကာမီ အခ်ိန္ အတြင္း က ဩစေတးလ်သည္ ေတာင္တ႐ုတ္ ပင္လယ္ အတြင္းရွိ သယံဇာတေပါႂကြယ္ဝေသာ ကြၽန္း တန္းမ်ား ကို တ႐ုတ္ မွ ပိုင္ဆိုင္ေၾကာင္း ‌ေျပာဆိုထားမႈအား လက္မခံႏိုင္ဟု ေျပာဆိုထားခဲ့ၿပီး ။

ဩစေတးလွ် ေရတပ္မွ အေမရိကန္နဲ႔ လာေရာက္ ပူးေပါင္းရန္ အေနအထားမ်ား ထြက္ေပၚလာၿပီး ေနာက္ ယခုလို ဗိုလ္ခ်ဳပ္ႀကီး ရွႏိုက္ဒါက ေျပာဆိုလိုက္ျခင္း ျဖစ္သည္ ။တ႐ုတ္ သည္ ၎တို႔ ၏ ေၾကျငာခ်က္အား ပို၍ေလးနက္ေစ ရန္ ကြၽန္းစုမ်ား၊ သႏၲာေက်ာက္တန္းမ်ား ႏွင့္ ေက်ာက္ေဆာင္မ်ား ေပၚထြန္းေနသည့္ ေနရာမ်ားတြင္ အေျခစိုက္စခန္းမ်ား၊ ကင္းစခန္းမ်ား တည္ေဆာက္လ်က္ရွိေနသည္၊ မိမိတို႔ လုပ္ ပိုင္ခြင့္အတိုင္း ေဆာင္႐ြက္ေနျခင္း ျဖစ္ၿပီး အေမရိကန္တို႔မွ ျပႆနာ ကို တမင္ သက္သက္ ရွာေနျခင္းသာ ျဖစ္သည္ဟု စြပ္စြဲလာ ခဲ့သည္။

ဂ်ပန္အနီးရွိ တ႐ုတ္အေခၚ ဒိုင္အိုယူ ကြၽန္းတန္း မ်ား သည္လည္း ေရွးပေဝသဏီ ကတည္း ကပင္ တ႐ုတ္ပိုင္ ျဖစ္ ၍ မိမိတို႔ ကင္းလွည့္ ေရယာဥ္မ်ား မွ ကာကြယ္ ေစာင့္ေရွာက္ခြင့္ ရွိေနေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာခြင့္ရ ဝမ္ ဝင္းဘင္က ဗုဒၶဟူးေန႔က ေျပာ ၾကား ခဲ့သည္။အဆိုပါ အျငင္းပြားေန သည့္ ေရပိုင္နက္ သည္ငါးမ်ား လြန္စြာေပါမ်ားလွ သျဖင့္ တ႐ုတ္ ငါးဖမ္းသေဘၤာမ်ား ဝင္ေရာက္ကာ စိမ္ေျပနေျပ ငါးဖမ္းေနမႈမ်ားကို ဂ်ပန္ အစိုးရ မွ ကန႔္ကြက္ေျပာ ဆိုခဲ့ၿပီး လည္း ျဖစ္သည္။

ဂ်ပန္တို႔ မွေဟာင္ေကာင္ အေပၚ တ႐ုတ္ ၏ ျပဳမူမႈမ်ားအား ေဝဖန္ ေျပာဆိုလာၿပီးေနာက္ ပိုတိုးၿပီး ျပဳလုပ္လာ ခဲ့ၾကသည္။လြန္ခဲ့သည့္ လ အတြင္း အေရွ႕တ႐ုတ္ ပင္လယ္အတြင္း တ႐ုတ္၏ H-6K မဟာဗ်ဳဟာေျမာက္ ဗုံးႀကဲေလယာဥ္ တစီးအား ဂ်ပန္စစ္ေလယာဥ္ တစီးက ၾကားျဖတ္ဟန႔္တားခဲ့ရသည္ ။အေမရိကန္မွ အဆိုပါ ေဒသကိုေထာက္လွမ္းေစာင့္ၾကည့္ၿပီး ဂ်ပန္အစိုးရမွအေျခအေနကို သုံးသပ္ႏိုင္ရန္ သတင္းအခ်က္မ်ား ေပးပို႔သြားမည္ဟု ဗိုလ္ခ်ဳပ္ႀကီးစႏိုက္ဒါက ေျပာၾကားခဲ့ျပန္ သည္။

ေတာင္တ႐ုတ္ ပင္လယ္ အတြင္း လြတ္လပ္စြာေရေၾကာင္းသြားလာခြင့္ ရရွိေရး သည္ ဂ်ပန္လုံၿခဳံေရး အတြက္ လြန္စြာ အေရးပါေသာ အေန အထား တြင္ ရွိေနသည္။ေလာေလာဆယ္ ဂ်ပန္တြင္ အေမရိကန္ စစ္မႈထမ္း ၅၄,၀၀၀ ခန႔္ တပ္စြဲထားလ်က္ ရွိေနသည္။ ဒုတိယ ကမာၻစစ္ ႀကီး အၿပီး ဆန္ဖရန္စစၥ ကိုၿငိမ္းခ်မ္းေရး စာခ်ဳပ္ျဖင့္ ရွင္ကာကူ ကြၽန္းတန္းအား အိုကီနာဝါကြၽန္း ၏ တစိတ္တပိုင္း အျဖစ္ သတ္မွတ္ ကာ အေမရိကန္ ၏ အုပ္ခ်ဳပ္မႈ ေအာက္ သြတ္သြင္းေပးခဲ့ျခင္း ျဖစ္သည္ ။ ၁၉၇၀ ခုႏွစ္မ်ား အတြင္းတြင္ ေရနံ ရွာေဖြေတြ႕ရွိႏိုင္ သည့္ အလားအ လာ မ်ားေၾကာင့္ တ႐ုတ္ တို႔ မ်က္စိက်လာခဲ့ျခင္း ျဖစ္သည္။

Hla Soewai

UNICODE

မနေ့က ထွက်ပေါ် လာသော သတင်းများ အရတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ၏ တောင်ပိုင်း တိုင်း စစ်ဌာနချုပ် လက် အောက်ခံ ရေတပ်သည် တောင်တရုတ် ပင်လယ် အတွင်းတွင် ၎င်းတို့၏ အသစ်စက်စက် ဒုံးကျည်တင် လေယာဉ်ကြီးများနှင့် H-6G နှင့် H-6J ရေကြောင်းတိုက်ခိုက်ရေး တိုက်လေယာဉ် များဖြင့် နေ့ရောညပါ အပြင်းအထန် လေ့ကျင့်နေကြ သည်ဟု သိရ သည်။အမေရိကန် သည်လည်း P-8A ပွိုက်ဆီဒုံကင်းထောက်လေယာဉ် သည် ‌တိုင်ဝမ်တောင်ပိုင်း ရှိ တောင်တရုတ် ပင်လယ် အတွင်း ဝင်ရောက် လာခဲ့သည်။

မိမိအမြင်ရ ပြောရလျှင် တရုတ် အနေဖြင့် အမေရိကန်နှင့် စစ်ပွဲအသွင် ကူးပြောင်းသွားမည် ဆိုက စီးပွားရေးအရ မည်သို့မျှ ပြန်လည် နာလန် ထူလာနိုင်တော့ မည် မဟုတ်သည့်ပြင်။ ကမ္ဘာကြီးအား cheque book diplomacy ဖြင့် လွှမ်းမိုးနိုင်ရေး ဆိုသည့် အိမ်မက်ကြီး လည်း တပါတည်း ပျက်ပြယ်သွားမည်ဖြစ်သည်။ နိုင်ငံရေးဖက်တွင် လည်း ဝါးအစည်းပြေသကဲ့ သို့ ဖြစ်ကာ ပြည်တွင်းပုန်ကန်မှုများဖြင့် ကွန်မြူနစ် ပါတီ သည် အချိန်အနည်းငယ် အတွင်း မှာပင် နိဂုံးချုပ်သွားနိုင်ပေ သည်။

သို့သော် ရှီကျင့်ဖျင် သည် ၎င်းလေထွားခဲ့သော ပြည်တွင်း ရှိ ဝံသာနုစိတ် လွန်ကဲသူများ အကြား တွင် အမေရိကန်ကို အလျော့မပေးဟု ဆို ကာ ဟန့်ကိုဖို့ လုပ်နေရသလို တဖက်ကလည်း ထရန့်ကို မည်သို့မျှ ခန့်မှန်းနိုင်စွမ်း မရှိမှု အကြားတွင် ဗျာများနေပြီ ဖြစ်ပေသည် ။ဂျပန် ရှိ အမေရိကန် ကြည်းရေးလေ တပ်ပေါင်းစု အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ကယ်ဗင် ရှနိုက်ဒါ သည် အရှေ့ တရုတ် ပင်လယ်ပြင် အတွင်း တရုတ် ရေယာဉ်များ ကျုးကျော်လာမှု ကို ရင်ဆိုင်ရန် မဟာမိတ် ဂျပန် ကို ကူညီသွားမည် ဟု ကြုံးဝါး လိုက်ပြီ ဖြစ်သည် ။

တဆက်တည်း မှာပင် ဘီဂျင်းသည်ဒေသတွင်း ရှိ နိုင်ငံများအား ရေကြောင်း မှခြိမ်းခြောက် ရန်လုပ်သည့် ကမ်ပိန်း တခု ဆင်နွဲနေကြောင်း လည်း စွပ်စွဲ လိုက် သည် ။ဩဂုတ်လ လယ်တွင် တရုတ် ၏ ပိတ်ပင် ထားသော ရာသီချိန် ငါးဖမ်းလုပ်ငန်း ပြန်လည်စတင်လာသည့်အခါ ဖိအားပေးမှုများ ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်၊ ငါးဖမ်း ထရော်လာများနှင့်အတူ တရုတ် ကမ်းခြေစောင့် တပ်များနှင့် ရေတပ် သင်္ဘော များ အတူလိုက် ပါလာဖို့ရှိေ န၍ ဖြစ်သည် ။

အမေရိကန် အနေနှင့် ဂျပန် ၏ ရှင်ကာကူး ကျွန်းတန်းများ ကို တရာ ရာနှုန်း ပြည့် မဆုပ်မနစ် ကာကွယ်ပေးသွား မည် ဟု ဗိုလ်ချုပ်ကြီး ရှနိုက်ဒါက ပြောခဲ့ သည် ။ ၎င်း က တနှစ် ၃၆၅ ရက်၊ တနေ့ ၂၄ နာရီ၊ တပတ် ၇ ရက် ကာကွယ်ပေး သွားမည် ဟု ဆိုလိုကြောင်း ထပ်မံ ရှင်းလင်း ခဲ့ပြန်သည်။မကြာမီ အချိန် အတွင်း က ဩစတေးလျသည် တောင်တရုတ် ပင်လယ် အတွင်းရှိ သယံဇာတပေါကြွယ်ဝသော ကျွန်း တန်းများ ကို တရုတ် မှ ပိုင်ဆိုင်ကြောင်း ‌ပြောဆိုထားမှုအား လက်မခံနိုင်ဟု ပြောဆိုထားခဲ့ပြီး ။

ဩစတေးလျှ ရေတပ်မှ အမေရိကန်နဲ့ လာရောက် ပူးပေါင်းရန် အနေအထားများ ထွက်ပေါ်လာပြီး နောက် ယခုလို ဗိုလ်ချုပ်ကြီး ရှနိုက်ဒါက ပြောဆိုလိုက်ခြင်း ဖြစ်သည် ။တရုတ် သည် ၎င်းတို့ ၏ ကြေငြာချက်အား ပို၍လေးနက်စေ ရန် ကျွန်းစုများ၊ သန္တာကျောက်တန်းများ နှင့် ကျောက်ဆောင်များ ပေါ်ထွန်းနေသည့် နေရာများတွင် အခြေစိုက်စခန်းများ၊ ကင်းစခန်းများ တည်ဆောက်လျက်ရှိနေသည်၊ မိမိတို့ လုပ် ပိုင်ခွင့်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး အမေရိကန်တို့မှ ပြဿနာ ကို တမင် သက်သက် ရှာနေခြင်းသာ ဖြစ်သည်ဟု စွပ်စွဲလာ ခဲ့သည်။

ဂျပန်အနီးရှိ တရုတ်အခေါ် ဒိုင်အိုယူ ကျွန်းတန်း များ သည်လည်း ရှေးပဝေသဏီ ကတည်း ကပင် တရုတ်ပိုင် ဖြစ် ၍ မိမိတို့ ကင်းလှည့် ရေယာဉ်များ မှ ကာကွယ် စောင့်ရှောက်ခွင့် ရှိနေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝမ် ဝင်းဘင်က ဗုဒ္ဓဟူးနေ့က ပြော ကြား ခဲ့သည်။အဆိုပါ အငြင်းပွားနေ သည့် ရေပိုင်နက် သည်ငါးများ လွန်စွာပေါများလှ သဖြင့် တရုတ် ငါးဖမ်းသင်္ဘောများ ဝင်ရောက်ကာ စိမ်ပြေနပြေ ငါးဖမ်းနေမှုများကို ဂျပန် အစိုးရ မှ ကန့်ကွက်ပြော ဆိုခဲ့ပြီး လည်း ဖြစ်သည်။

ဂျပန်တို့ မှဟောင်ကောင် အပေါ် တရုတ် ၏ ပြုမူမှုများအား ဝေဖန် ပြောဆိုလာပြီးနောက် ပိုတိုးပြီး ပြုလုပ်လာ ခဲ့ကြသည်။လွန်ခဲ့သည့် လ အတွင်း အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်၏ H-6K မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ် တစီးအား ဂျပန်စစ်လေယာဉ် တစီးက ကြားဖြတ်ဟန့်တားခဲ့ရသည် ။အမေရိကန်မှ အဆိုပါ ဒေသကိုထောက်လှမ်းစောင့်ကြည့်ပြီး ဂျပန်အစိုးရမှအခြေအနေကို သုံးသပ်နိုင်ရန် သတင်းအချက်များ ပေးပို့သွားမည်ဟု ဗိုလ်ချုပ်ကြီးစနိုက်ဒါက ပြောကြားခဲ့ပြန် သည်။

တောင်တရုတ် ပင်လယ် အတွင်း လွတ်လပ်စွာရေကြောင်းသွားလာခွင့် ရရှိရေး သည် ဂျပန်လုံခြုံရေး အတွက် လွန်စွာ အရေးပါသော အနေ အထား တွင် ရှိနေသည်။လောလောဆယ် ဂျပန်တွင် အမေရိကန် စစ်မှုထမ်း ၅၄,၀၀၀ ခန့် တပ်စွဲထားလျက် ရှိနေသည်။ ဒုတိယ ကမ္ဘာစစ် ကြီး အပြီး ဆန်ဖရန်စစ္စ ကိုငြိမ်းချမ်းရေး စာချုပ်ဖြင့် ရှင်ကာကူ ကျွန်းတန်းအား အိုကီနာဝါကျွန်း ၏ တစိတ်တပိုင်း အဖြစ် သတ်မှတ် ကာ အမေရိကန် ၏ အုပ်ချုပ်မှု အောက် သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သည် ။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ရေနံ ရှာဖွေတွေ့ရှိနိုင် သည့် အလားအ လာ များကြောင့် တရုတ် တို့ မျက်စိကျလာခဲ့ခြင်း ဖြစ်သည်။

Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *