ဆေးရုံက ဆရာ ဆရာမတွေ ရဲ့ ကိုယ်ချင်းစာ တရားမရှိမှု ကြောင့် ဆုံးပါး သွားရသည့်လူနာတစ်ယောက်၏ အဖြစ်

ကျမလည်း ကျန်းမာရေးဝန်ထမ်း(သူနာပြု)ဖြစ်လာတော့မယ့် သူတစ်ယောက် မေမေဖြစ်နေတာနဲ့ပက်သက်ပီး သူတို့လောက်မသိပေမဲ့ ကျွန်မ လည်းသိသင့်သလောက်သိတယ် ကျွန်မမေမေ မသေသင့်ပဲ သေခဲ့ရတယ် အဲ့အတွက် ဘယ်သူတာဝန်ရှိလဲ မေးချင်တယ် (ကျွန်မ မေမေက လေပြွန်ရောင် အဆုတ်ပွပီး ဆုံးသွားရတာပါ Covid,TV ဘာရောဂါမှမရှိပဲ လက်မခံနိုင်စရာ ရောဂါနဲ့ 29.7.2020 မှာဆုံးပါး သွားခဲ့ရတယ်)oxygen ကို ဘယ်လောက်ပေးရမလဲ မသိလို့ မေးမိတာကို “oxygen ကိစ္စလောက်နဲ့ လာမနှိုးနဲ့။






Source: Aye Myat Thwe

UNICODE

ကျမလည်း ကျန်းမာရေးဝန်ထမ်း(သူနာပြု)ဖြစ်လာတော့မယ့် သူတစ်ယောက် မေမေဖြစ်နေတာနဲ့ပက်သက်ပီး သူတိူ့လောက်မသိပေမဲ့ ကျွန်မ လည်းသိသင့်သလောက်သိတယ် ကျွန်မမေမေ မသေသင့်ပဲ သေခဲ့ရတယ် အဲ့အတွက် ဘယ်သူတာဝန်ရှိလဲ မေးချင်တယ် (ကျွန်မ မေမေက လေပြွန်ရောင် အဆုတ်ပွပီး ဆုံးသွားရတာပါ Covid,TV ဘာရောဂါမှမရှိပဲ လက်မခံနိုင်စရာ ရောဂါနဲ့ 29.7.2020 မှာဆုံးပါး သွားခဲ့ရတယ်)oxygen ကို ဘယ်လောက်ပေးရမလဲ မသိလို့ မေးမိတာကို “oxygen ကိစ္စလောက်နဲ့ လာမနှိုးနဲ့။

အိပ်ရေးပျက်တယ်” ဆိုတဲ့ ဆရာဝန်ရယ် ကျွန်မ မေမေဆုံးလို့ ငိုနေကြ တဲ့ ကျွန်မတို့ကို “တခြားလူနာတွေလည်းရှိသေးတယ် အသံ လျှော့ပီးငို” လို့ပြောတဲ့ သူနာပြုရယ် တစ်သက်လုံးမမေ့ပါဘူးရှင်ရှင်တို့လည်းဒီလို အပူမျိုးနဲ့ဝဋ်မလည်ကြပါစေနဲ့လို့ မေတ္တာပို့ပါတယ်။ လုံးဝ(လုံးဝ)မှ မကျေနပ်နိုင်ပါဘူးရှင် ကျွန်မ မေမေ ဆီးချိုရောဂါကလွဲပီး ဘာရောဂါ အခံမှမရှိပဲ ဆုံးပါးသွားရတာ အခုထက်ထိ မယုံနိုင် သေးသလို လက်ခံနိုင်စွမ်းလည်း လုံးဝ မရှိပါဘူး…။

26.7.2020 ညပိုင်း 8နာရီလောက်မှာ မောလို့ဆိုပီး ဆေးရုံလိုက်ပို့ခိုင်းတယ် မေမေက Covid-19 ရဲ့ လက္ခဏါတွေနဲ့ ညီနေတော့ ဘယ် ဆေးရုံကမှ လက်မခံပဲ မန္တလေးဆေးရုံကြီး (MGH) ကိုပဲ သွားခိုင်း ပါတယ် မေမေကလည်း ကျန်းမာရေး ဝန်ထမ်းဆိုတော့ MGH ရောက်ရင် အစအဆုံး အကုန်စစ်မယ်ဆိုတာ သိထားတော့ သူလုံးဝမသွားချင်ခဲ့ဘူး ဒါပေမဲ့ အရမ်းမောနေတော့ မတတ်နိုင်တဲ့အဆုံး MGH ကိုပဲရောက်သွားခဲ့တယ်…။ည10နာရီထိုးတော့ Covid သံသယလူနာဆိုပီး Covid Isolation မှာ ထားတယ်။

ဟုတ်ကဲ့ oxygen ရှုနေရင် မေမေကလူကောင်းအတိုင်းပါပဲ အဲ့နေ့က ကျွန်မတို့သားအမိ တစ်ယောက်နဲ့တစ်ယောက်အားပေးရင်း မေမေ ကလည်း ရယ်ရယ်မောမောအိမ်သားတွေနဲ့တောင် vc ပြောပါသေးတယ် တစ်အောင့်ကြာတော့ RBC ဖောက်တယ် အဖြေက (437) တဲ့ ဆိုတော့ ဒီနေရာမှာပြောချင်တာက လူနာတစ်ယောက်ကို History ယူတဲ့အခါ သေချာ ယူစေချင်တယ်…ဒါကသူ့ရဲ့ normal လားဆိုတာ တောင် မမေးပဲ ဆီးချိုအရမ်းတက်နေလို့ဆိုပီး ဆေးတွေ နဲ့ ဆီးချိုချတော့ (37) အထိကိုထိုးကျသွားပါတယ် ။

မေမေကအဲ့အချိန် Glucose တအားနည်းပီး သူငယ်အိမ်မကစားတော့ပဲ အကြောဆွဲတဲ့အထိ ဖြစ် လာတယ် တာဝန်ကျ သူနာပြုကို သွား ခေါ်တော့ ချက်ချင်းရောက်မလာခဲ့ပါဘူး ရောက်လာတော့လည်း Glucose ချက်ချင်းသွင်းပီး ဆီးချိုကိုတက်အောင်လုပ်တယ်…။သူတို့ ပဲတက်အောင်လုပ်ပီး ပီးတော့ပြန်ချတယ် တက်လိုက်ချလိုက်နဲ့ သူ တို့အမေ မဟုတ်တိုင်း ကိုယ်ချင်းမစာနာ လုပ်ရက်လိုက်ကြတာ covid အဖြေကလည်း Negative ဆိုတော့ ဖျားနာဆောင်ကိုပဲပြောင်းပေးတယ်(wardထည့်မရေးတော့ပါ)။

မေမေကနဂိုကတည်းက ကိုယ်ခံအားနည်းတော့ အဲ့ဒဏ်ကိုလုံးဝမှ မခံနိုင်တော့ပဲ နောက်ဆုံး ကွယ်လွန်တဲ့အထိ ကိုဖြစ်လာခဲ့ရတယ်…။

Source: Aye Myat Thwe

Add a Comment

Your email address will not be published. Required fields are marked *