(NLD)ကိုယ်စားလှယ်လောင်း (၁၂)ဦးအား အပြောင်းအလဲပြုလုပ်ကြောင်း ပါတီဗဟိုမှ ဒေါက်တာမျိုးညွှန့်ပြောဆို
REF: The Ladies News
UNICODE
လက်ရှိ အာဏာရပါတီ NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ် ၁,၁၃၁ ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ” တစ်နိုင်ငံလုံးအနေနဲ့ ၁၂ဦး ေပြောင်းလဲလိုက်ပါတယ်။အသေးစိတ်တော့ကျွန်တော် မပြောပါဘူး။ တချို့ပဲပြောပါ့မယ်။
ရန်ကုန်တိုင်းမှာ ၂ ဦး။ ကျွန်တော်တို့ ဧရာဝတီတိုင်း ၁ ဦးပါ”ဟုဆိုသည်။ကျန်ရှိနေသည့်တိုင်းအလိုက်ကို ထုတ်ဖေါ်မပြောခြင်းမှာ ကိုယ်စား လောင်းများ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ရန်ကုန်တိုင်းမှ ၂ဦး၊ ဧရာဝတီတိုင်းမှ ၁ဦး အ ပါအဝင် NLD ကိုယ်စားလှယ်လောင်း ၁၂ ဦးအား အပြောင်းအလဲပြုလုပ်ကြောင်းဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
ဝေဖန်မှုများရှိနေသည့် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းနေရာကိုမှု အပြောင်းအလဲပြုလုပ်မည် မ ဟုတ်ကြောင်းလည်း သိရသည်။ချောင်းဆုံမြို့နယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းမှာ လတ်တလောတွင် အမှုရင်ဆိုင်နေရသူ
ဖြစ်ပြီး အမှုကို NLD ပါတီ၏ ဥပဒေအကြံပေးများက စစ်ဆေးနေသည်ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
အမှုသွားအမှုအလာအရ နိုင်,နိုင်တဲ့ အထောက်အထား အခြေအနေတွေ့တယ်လို့ မှတ်ချက်ပေးတဲ့ အတွက် သူ့ကို တစ်စုံတရာ ပြောင်းလဲ ခြင်း မရှိပါဘူး” ဟု ဆိုသည်။
REF:  The Ladies News
Add a Comment
Your email address will not be published. Required fields are marked *