တ႐ုတ္ ကေတာ့ ကမာၻ႔အင္အားႀကီး (၂)ႏိုင္ငံရဲ႕ ျဖစ္လာႏိုင္ တဲ့ စစ္ပြဲမွာ အဆိုး ဆုံး ျဖစ္ႏိုင္ေျခထိ ျပန္လည္တိုက္ခိုက္ရန္ ျပင္ထားၿပီ

တ႐ုတ္ ႏိုင္ငံေတာ္ လုံၿခဳံေရးဝန္ႀကီးဌာန ကိုလည္း မွတ္ခ်က္ေပးဖို႔ ဆက္သြယ္မရေသးပါ။ႏိုင္ငံေတာ္လုံၿခဳံေရးဝန္ႀကီးဌာနအတြင္းမွာ ၁၉၈၀ တိုင္ေအာင္ ဩဇာေညာင္းတဲ့ ပညာရွင္အဖြဲ႕ျဖစ္တဲ့ CICIR ဟာ ႏိုင္ငံျခားေရးနဲ႔ လုံၿခဳံေရးေပၚလစီေတြအတြက္ တ႐ုတ္အစိုးရကို အ ႀကံေပးေနတဲ့ အဖြဲ႕ျဖစ္ၿပီး မွတ္ခ်က္ျပဳ ထင္ျမင္ခ်က္ေပးဖို႔ ေတာင္းဆိုတာကို တုံ႔ျပန္ခဲ့တာ မရွိပါ။ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမွာ တ ႐ုတ္ႏိုင္ငံ ဟာ ရန္လိုမႈေတြနဲ႔ တိုးျမင့္ရင္ဆိုင္ ေနရတာေၾကာင့္ အေမရိကန္နဲ႔ ထိပ္တိုက္ေတြ႕လာႏိုင္တယ္လို႔ အတြင္းစည္း အစီရင္ခံစာ တစ္ရပ္မွာ သတိေပးထားေၾကာင္း နီးစပ္တဲ့ လူေတြက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ကမာၻလုံးဆိုင္ရာ တ႐ုတ္ ဆန႔္က်င္ေရး သေဘာထားေတြဟာ ၁၉၈၉ တ်န္အန္မင္ရင္ျပင္ၿဖိဳခြင္းမႈအၿပီး အျမင့္ဆုံးကို ေရာက္ရွိေနတယ္လို႔ ႏိုင္ငံေတာ္လုံၿခဳံေရးဝန္ႀကီးဌာနက သမၼတ ရွီက်င့္ဖ်င္အပါအဝင္ ထိပ္တန္းေခါင္းေဆာင္ေတြဆီ တင္ျပတဲ့ အဲဒီ အစီရင္ခံစာမွာ ေကာက္ ခ်က္ခ်ထားတယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။ရလဒ္အေန နဲ႔ တ႐ုတ္ႏိုင္ငံဟာ ကပ္ေဘး ေနာက္ဆက္တြဲ အေမရိကန္ ဦး ေဆာင္တဲ့ တ႐ုတ္ဆန႔္က်င္ေရးသေဘာထားေတြနဲ႔ ရင္ဆိုင္ေနရၿပီး ကမာၻ႔အင္အားႀကီး ႏွစ္ႏိုင္ငံၾကားမွာ လက္နက္ခ်င္း ထိပ္တိုက္ေတြ႕မႈ အဆိုးဆုံး အနာဂတ္ျဖစ္ႏိုင္ေျခအတြက္ ျပင္ဆင္ထားဖို႔ လိုတယ္လို႔လည္း နီးစပ္တဲ့ သူေတြက အမည္မေဖာ္ဘဲ ေျပာပါတယ္။

အဲဒီ အစီရင္ခံစာကို တ႐ုတ္ ထိပ္တန္းေထာက္ လွမ္းေရးအဖြဲ႕ျဖစ္တဲ့ ႏိုင္ငံေတာ္လုံၿခဳံေရးဝန္ႀကီးဌာန လက္ေအာက္ခံ ပညာရွင္အဖြဲ႕ တ ႐ုတ္ မ်က္ေမွာက္ႏိုင္ငံတကာဆက္ဆံေရးအဖြဲ႕ CICIR က ေရးသားတာ ျဖစ္ပါတယ္။႐ိုက္တာအေနနဲ႔ အစီရင္ခံစာကို မျမင္ခဲ့ရေပမယ့္ ဒီ အစီရင္ခံစာ အေၾကာင္းအရာကို တိုက္႐ိုက္သိရွိသူေတြကို ကိုးကားေဖာ္ျပတာလို႔ ဆိုပါတယ္။ဒီ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ႐ိုက္ တာက ဆက္သြယ္ေမးျမန္းရာမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ႐ုံးက “ကြၽန္ေတာ္ ဒါမ်ိဳးသတင္း မၾကားသိပါ။”လို႔ တုံ႔ျပန္ေျဖဆို ခဲ့ပါတယ္။

REF: L.K.T

UNICODE

တရုတ် နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန ကိုလည်း မှတ်ချက်ပေးဖို့ ဆက်သွယ်မရသေးပါ။နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအတွင်းမှာ ၁၉၈၀ တိုင်အောင် ဩဇာညောင်းတဲ့ ပညာရှင်အဖွဲ့ဖြစ်တဲ့ CICIR ဟာ နိုင်ငံခြားရေးနဲ့ လုံခြုံရေးပေါ်လစီတွေအတွက် တရုတ်အစိုးရကို အ ကြံပေးနေတဲ့ အဖွဲ့ဖြစ်ပြီး မှတ်ချက်ပြု ထင်မြင်ချက်ပေးဖို့ တောင်းဆိုတာကို တုံ့ပြန်ခဲ့တာ မရှိပါ။ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှာ တ ရုတ်နိုင်ငံ ဟာ ရန်လိုမှုတွေနဲ့ တိုးမြင့်ရင်ဆိုင် နေရတာကြောင့် အမေရိကန်နဲ့ ထိပ်တိုက်တွေ့လာနိုင်တယ်လို့ အတွင်းစည်း အစီရင်ခံစာ တစ်ရပ်မှာ သတိပေးထားကြောင်း နီးစပ်တဲ့ လူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တရုတ် ဆန့်ကျင်ရေး သဘောထားတွေဟာ ၁၉၈၉ တျန်အန်မင်ရင်ပြင်ဖြိုခွင်းမှုအပြီး အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေဆီ တင်ပြတဲ့ အဲဒီ အစီရင်ခံစာမှာ ကောက် ချက်ချထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ရလဒ်အနေ နဲ့ တရုတ်နိုင်ငံဟာ ကပ်ဘေး နောက်ဆက်တွဲ အမေရိကန် ဦး ဆောင်တဲ့ တရုတ်ဆန့်ကျင်ရေးသဘောထားတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ လက်နက်ချင်း ထိပ်တိုက်တွေ့မှု အဆိုးဆုံး အနာဂတ်ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း နီးစပ်တဲ့ သူတွေက အမည်မဖော်ဘဲ ပြောပါတယ်။

အဲဒီ အစီရင်ခံစာကို တရုတ် ထိပ်တန်းထောက် လှမ်းရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ပညာရှင်အဖွဲ့ တ ရုတ် မျက်မှောက်နိုင်ငံတကာဆက်ဆံရေးအဖွဲ့ CICIR က ရေးသားတာ ဖြစ်ပါတယ်။ရိုက်တာအနေနဲ့ အစီရင်ခံစာကို မမြင်ခဲ့ရပေမယ့် ဒီ အစီရင်ခံစာ အကြောင်းအရာကို တိုက်ရိုက်သိရှိသူတွေကို ကိုးကားဖော်ပြတာလို့ ဆိုပါတယ်။ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရိုက် တာက ဆက်သွယ်မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရုံးက “ကျွန်တော် ဒါမျိုးသတင်း မကြားသိပါ။”လို့ တုံ့ပြန်ဖြေဆို ခဲ့ပါတယ်။

REF:   L.K.T

Add a Comment

Your email address will not be published. Required fields are marked *