ရှုတင် မှာပဲ အိပ်ပျော် နေကြတဲ့ စိုးမိုးကြည်နဲ့ သင်ဇာဝင့်ကျော် တို့ကို ဆေးထိုး စနောက် ခဲ့တဲ့ သိန်းလင်းစိုး




REF: SHWE WIKI

UNICODE

ဆေးကြီးကြီးထိုးထားပါတယ်။ သိန်းလင်းစိုးက “ဒီနေ့ အောင်ဘာလေထီရော ယိုးဒယားထီရော တစ်စုမှ မပေါက်လို့ စိတ်ရောလူရော အ ရမ်း ပင်ပန်းနေပြီ ။ အားလုံးပဲ Goodnight နော်” ဆိုပြီး အိပ်ပျော်နေကြတဲ့ သင်ဇာဝင့်ကျော်၊ စိုးမိုးကြည်နဲ့ စိုင်းဝဏ္ဏအောင်တို့ရဲ့ ဓာတ်ပုံ တွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာ ဖြစ်ပါတယ်။ သိန်းလင်းစိုးကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ သူ့ရဲ့ အနု ပညာအသိုင်းအဝိုင်းကသူတွေကိုလည်း အမြဲတမ်း စနောက်ကျီစယ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း သိန်းလင်းစိုးရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။သိန်းလင်းစိုး ကတော့ ပရိသတ်တွေ အ ကြိုက် သီချင်းကောင်း တွေကို သီဆိုရင်း အောင်မြင်လာခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးက နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်လက်ခံအားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

သိန်းလင်းစိုးကလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခြင်းမရှိအောင် အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သိန်းလင်းစိုးက သူ့ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံကို မျှဝေရင်း ရှုတင်မှာ အိပ်ပျော်နေကြတဲ့ သင်ဇာဝင့်ကျော်၊ စိုးမိုးကြည်နဲ့ စိုင်းဝဏ္ဏအောင်တို့ကို ဆေးထိုးလိုက်တာပါ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *