ေတာင္ တ႐ုတ္ပင္ လယ္စစ္ ပြဲအတြက္ ဂ်ပန္ရဲ႕နည္းပညာ ျပင္ဆင္မူႀကီးမွာ ေလယာဥ္ ကုမၸဏီႏွ င့္ ကားကုမၸဏီတို႔ပါ ပူးေပါင္းပါဝ င္လာ

လက္ရွိမွာ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးေလတပ္ (JASDF) အေနနဲ႔ မစ္ဆီဘီရွီ အႀကီးစားစက္မႈလုပ္ငန္းရဲ႕ ၁၉၈၀ ကေန ၂၀၀၀ ခုႏွစ္မ်ား ဆီက လိုင္စင္နဲ႔ထုတ္လုပ္ထားတဲ့ (single- seat)တစ္ေယာက္ေမာင္း F-15J တိုက္ေလယာဥ္ ၁၅၆ စီးနဲ႔ ႏွစ္ေယာက္ေမာင္း (two-seat) အတန္းအစား F-15DJ တိုက္ေလယာဥ္ ၄၅ စင္းကို အသုံးျပဳလွ်က္ရွိပါတယ္။ယခင္ကလည္း Japanese Super lnterceptor (JSI) မ်ိဳး ကြဲအဆင့္ျဖစ္ေစရန္အတြက္ J-MSIP (Japan-Multi- Stage lmprovement Program) အစီအစဥ္နဲ႔ F-15J တိုက္ေလယာဥ္ ၉၈ စီးကို ပထမနဲ႔ဒုတိယအဆင့္အထိ အဆင့္ျမႇင့္ တင္မႈလုပ္ငန္းကို ေဆာင္႐ြက္ခဲ့ေသးေၾကာင္း သိရွိရပါတယ္။

၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၂၈ ရက္ေန႔မွာ ဘိုးရင္း-(Boeing) ေကာ္ပိုေရးရွင္းကေနၿပီး ဂ်ပန္ႏိုင္ငံရဲ႕စီပြားေရးလုပ္ငန္းစုႀကီးတစ္ခု ျဖစ္တဲ့ မစ္ ဆူဘီရွီအႀကီးစားစက္မႈလုပ္ငန္း (Mitsubishi Heavy lndustries-MHl) နဲ႔ သေဘာတူညီမႈစာခ်ဳပ္ တစ္ခုကို လက္မွတ္ေရးထိုးႏိုင္ ခဲ့ပါ တယ္။လက္မွတ္ေရးထိုးခဲ့တဲ့အေၾကာင္းအရာကေတာ့ အေမရိကန္ကေန တိုက္႐ိုက္ေကာ္မာရွယ္နဲ႔ ေရာင္းခ် (Direct Commercial Sale -DCS)ခဲ့ၿပီး ဂ်ပန္ေလေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႕မွာ သာလြန္ ၾကားျဖတ္တိုက္ေလယာဥ္ (Super interceptor) အျဖစ္ အသုံးျပဳေနတဲ့ ဘိုးရင္းကုမၸဏီထုတ္ F-15J ‘Eagle’ အမ်ိဳးအစား တိုက္ေလယာဥ္ ၉၈ စီးကို အဆင့္ျမႇင္တင္မႈမ်ား ျပဳလုပ္ရာမွာ။

မစ္ဆူဘီရွီေကာ္ပိုေရးရွင္းနဲ႔ အတူတကြပူးေပါင္း ေဆာင္႐ြက္သြားဖို႔အတြက္ပဲ ျဖစ္ပါတယ္။အဆိုပါစာခ်ဳပ္ဟာ အေမရိကန္အစိုးရက ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ေၾကညာခဲ့တဲ့ ေဒၚလာ ၄.၅ ဘီလီယံ တန္ေၾကးရွိ ေခတ္မီဆန္းသစ္ေရးအစီအစဥ္’Modernization program’ ရဲ႕ အစိတ္အပိုင္းတစ္ရပ္လည္း ျဖစ္ပါတယ္။အဆင့္ျမႇင့္တင္မႈအေနနဲ႔ တိုက္ပြဲဝင္အီလက္ထေရာနစ္ နည္းပညာနဲ႔ လက္နက္ တပ္ဆင္မႈ ပညာရပ္ကေန အစ’ျပဳပါမယ္။ၿပီးမွ ေလယာဥ္ေမာင္းခန္း(cockpit)ကို အဆင့္ျမင့္ နည္းပညာသစ္မ်ားအသုံးျပဳၿပီး အစိတ္ အပိုင္းအားလုံးကို အစားထိုး လဲလွယ္သြားမွာပါ။

ကမာၻ႔ စြမ္းေဆာင္ရည္ အျမင့္ဆုံးလို႔ဆိုရမဲ့ မစ္ရွင္းကြန္ျပဴတာကို အသုံးျပဳၿပီး ပိုင္းေလာ့မ်ားအေနနဲ႔ တိုးျမႇင့္ထားတဲ့ နည္းပညာေၾကာင့္ သက္ေတာင့္သက္သာရွိစြာပဲ ကိုင္တြယ္အသုံးျပဳရလြယ္ကူေစမယ္လို႔ ဆိုပါတယ္။သေဘာတူစာခ်ဳပ္မွာ ဘိုးရင္းကုမၸဏီကေနၿပီး မစ္ဆူ ဘီရွီနဲ႔အတူ ပထမဆုံး F-15J တိုက္ေလယာဥ္ ၂ စီးကို ေျမျပင္အေထာက္- အကူျပဳ စစ္လက္နက္အစိတ္အပိုင္းမ်ားနဲ႔ နည္းပ ညာပိုင္းေတြ မွာ အဆင့္ျမႇင့္တင္မႈျပဳၿပီး သာလြန္ၾကားျဖတ္တိုက္ေလယာဥ္တစ္စင္း ပုံသ႑န္ေပၚလြင္ေစဖို႔ စီစဥ္ေဆာင္႐ြက္ေပးရမွာ ျဖစ္ပါတယ္။ထို DCS စနစ္နဲ႔ေရာင္းခ်ခဲ့တဲ့ စာခ်ဳပ္မွာပါရွိတဲ့အတိုင္း Modernization progran ရဲ႕ အေျခခံေတြကို အစီအစဥ္ခ် ေဆာင္႐ြက္ေနပါတယ္။

MHI အေနနဲ႔ ဂ်က္ေလယာဥ္မ်ား အတြက္ ျပင္ဆင္မြမ္းမံမႈဆိုင္ရာ အေသးစိတ္ အခ်က္အအလက္ ေတြနဲ႔ လုပ္ငန္းခြင္အတြင္း လိုအပ္မဲ့ အေထာက္အကူျပဳပစၥည္း မ်ားကို ႀကိဳတင္ျပင္ဆင္လ်က္ရွိၿပီး တိုက္ေလယာဥ္ ၉၈ စီးစလုံး အဆင့္ျမႇင့္တင္မႈကိုေတာ့ ၂၀၂၂ ခုႏွစ္မွသာ အစ’ျပဳႏိုင္လိမ့္ မယ္လို႔ ခန႔္မွန္းထားပါတယ္။

KoPheon (M.W.O)

UNICODE

လက်ရှိမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ် (JASDF) အနေနဲ့ မစ်ဆီဘီရှီ အကြီးစားစက်မှုလုပ်ငန်းရဲ့ ၁၉၈၀ ကနေ ၂၀၀၀ ခုနှစ်များ ဆီက လိုင်စင်နဲ့ထုတ်လုပ်ထားတဲ့ (single- seat)တစ်ယောက်မောင်း F-15J တိုက်လေယာဉ် ၁၅၆ စီးနဲ့ နှစ်ယောက်မောင်း (two-seat) အတန်းအစား F-15DJ တိုက်လေယာဉ် ၄၅ စင်းကို အသုံးပြုလျှက်ရှိပါတယ်။ယခင်ကလည်း Japanese Super lnterceptor (JSI) မျိုး ကွဲအဆင့်ဖြစ်စေရန်အတွက် J-MSIP (Japan-Multi- Stage lmprovement Program) အစီအစဉ်နဲ့ F-15J တိုက်လေယာဉ် ၉၈ စီးကို ပထမနဲ့ဒုတိယအဆင့်အထိ အဆင့်မြှင့် တင်မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့သေးကြောင်း သိရှိရပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ ဘိုးရင်း-(Boeing) ကော်ပိုရေးရှင်းကနေပြီး ဂျပန်နိုင်ငံရဲ့စီပွားရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်တဲ့ မစ် ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်း (Mitsubishi Heavy lndustries-MHl) နဲ့ သဘောတူညီမှုစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးနိုင် ခဲ့ပါ တယ်။လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းအရာကတော့ အမေရိကန်ကနေ တိုက်ရိုက်ကော်မာရှယ်နဲ့ ရောင်းချ (Direct Commercial Sale -DCS)ခဲ့ပြီး ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှာ သာလွန် ကြားဖြတ်တိုက်လေယာဉ် (Super interceptor) အဖြစ် အသုံးပြုနေတဲ့ ဘိုးရင်းကုမ္ပဏီထုတ် F-15J ‘Eagle’ အမျိုးအစား တိုက်လေယာဉ် ၉၈ စီးကို အဆင့်မြှင်တင်မှုများ ပြုလုပ်ရာမှာ။

မစ်ဆူဘီရှီကော်ပိုရေးရှင်းနဲ့ အတူတကွပူးပေါင်း ဆောင်ရွက်သွားဖို့အတွက်ပဲ ဖြစ်ပါတယ်။အဆိုပါစာချုပ်ဟာ အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ကြေညာခဲ့တဲ့ ဒေါ်လာ ၄.၅ ဘီလီယံ တန်ကြေးရှိ ခေတ်မီဆန်းသစ်ရေးအစီအစဉ်’Modernization program’ ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။အဆင့်မြှင့်တင်မှုအနေနဲ့ တိုက်ပွဲဝင်အီလက်ထရောနစ် နည်းပညာနဲ့ လက်နက် တပ်ဆင်မှု ပညာရပ်ကနေ အစ’ပြုပါမယ်။ပြီးမှ လေယာဉ်မောင်းခန်း(cockpit)ကို အဆင့်မြင့် နည်းပညာသစ်များအသုံးပြုပြီး အစိတ် အပိုင်းအားလုံးကို အစားထိုး လဲလှယ်သွားမှာပါ။

ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံးလို့ဆိုရမဲ့ မစ်ရှင်းကွန်ပြူတာကို အသုံးပြုပြီး ပိုင်းလော့များအနေနဲ့ တိုးမြှင့်ထားတဲ့ နည်းပညာကြောင့် သက်တောင့်သက်သာရှိစွာပဲ ကိုင်တွယ်အသုံးပြုရလွယ်ကူစေမယ်လို့ ဆိုပါတယ်။သဘောတူစာချုပ်မှာ ဘိုးရင်းကုမ္ပဏီကနေပြီး မစ်ဆူ ဘီရှီနဲ့အတူ ပထမဆုံး F-15J တိုက်လေယာဉ် ၂ စီးကို မြေပြင်အထောက်- အကူပြု စစ်လက်နက်အစိတ်အပိုင်းများနဲ့ နည်းပ ညာပိုင်းတွေ မှာ အဆင့်မြှင့်တင်မှုပြုပြီး သာလွန်ကြားဖြတ်တိုက်လေယာဉ်တစ်စင်း ပုံသဏ္ဍန်ပေါ်လွင်စေဖို့ စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ထို DCS စနစ်နဲ့ရောင်းချခဲ့တဲ့ စာချုပ်မှာပါရှိတဲ့အတိုင်း Modernization progran ရဲ့ အခြေခံတွေကို အစီအစဉ်ချ ဆောင်ရွက်နေပါတယ်။

MHI အနေနဲ့ ဂျက်လေယာဉ်များ အတွက် ပြင်ဆင်မွမ်းမံမှုဆိုင်ရာ အသေးစိတ် အချက်အအလက် တွေနဲ့ လုပ်ငန်းခွင်အတွင်း လိုအပ်မဲ့ အထောက်အကူပြုပစ္စည်း များကို ကြိုတင်ပြင်ဆင်လျက်ရှိပြီး တိုက်လေယာဉ် ၉၈ စီးစလုံး အဆင့်မြှင့်တင်မှုကိုတော့ ၂၀၂၂ ခုနှစ်မှသာ အစ’ပြုနိုင်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။

KoPheon (M.W.O)

Add a Comment

Your email address will not be published. Required fields are marked *