(၁)နှစ်ကျော်ကြာ ပိတ်ထားခဲ့သော ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ရှိ အင်တာနက်လိုင်းများ ပြန်လည် ဖွင့်လှစ်ပေး
crd: dvb news
UNICODE
ရခိုင်ပြည်နယ် အတွင်း တပ်မတော် နဲ AA လက်နက်ကိုင် တို့ ၂၀၁၈ နိုဝင်ဘာ က စတင် ကာ တိုက် ပွဲ အပြင်း အ ထန်ဖြစ် ပွား ပြီးနောက် မောင်တော ၊ ဘူးသီးတောင် ၊ ကျောက်တော် ၊ ရသေ့တောင် ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ ၊ ပုဏ္ဏားကျွန်း နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ် တို့ကို ၂၀၁၉ ဇွန်က စတင်ပြီး အင်တာနက်ဖြတ်တောက်ခဲ့တာပါ။၂၀၂၀ ပြည့် နှစ် မေ (၃) ရက် မှာ မောင်တော မြို့နယ် တခုတည်း ကိုသာ အင်တာနက် ပြန်လည်သုံးစွဲခွင့်ပြုခဲ့ပြီးနောက်အခုကျန် ရှိနေတဲ့ ချင်ပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် အား အင်တာနက် အော်ပရေ တာတွေဖြစ်တဲ့ MPT ၊ Telenor ၊ Mytel နဲ့ Ooredoo အားလုံး ပြန်လည်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ် ။
ရခိုင် ပြည်နယ် မြို့ (၇)မြို့ နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့ တို့မှာ လက်ရှိဖြစ် ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေ ကို အကြောင်းပြု ပြီး (၁)နှစ် ကျော် ကြာ အသုံးပြုခွင့်် ရပ်တန့် ထား ခဲ့တဲ့ အင်တာနက် ကို သြဂုတ် (၁)ရက်နေ့ ညပိုင်း ကစပြီး ပြန်လည် အသုံးပြုခွင့်် ပေးလိုက် ပြီ လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က သိရှိရ ပါတယ်။မနေ့ က ည (၁၀)နာရီ ကတည်း က ဖွင့်ပေး လိုက် ပါပြီ။ အင်တာ နက် အသုံးပြုသူတွေ အားလုံး ထံ SMS message ပို့ပါ တယ်။ Setting ထဲ မှာ 2G Only မှာထားပြီး ပြန်ချိန်မှ ပွင့်မှာပါခင်ဗျ” လို့ MPT အော်ပရေတာမှ တာ ဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။
၂ဝ၁၉ သြဂုတ် (၃၁) ရက်နေ့က ရခိုင်ပြည်နယ် ထဲက မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ မြေပုံ စ တဲ့ မြို့နယ် (၄) ခုနဲ့ ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၂ဝ၂ဝ ဖေဖော်ဝါရီ မှာ ထပ်မံ ဖြတ်တောက် ထားတာပါ။အခု အခါ အဆို ပါ မြို့နယ် (၈)မြို့နယ် အား အင်တာ နက်ပြန်လည် အသုံးပြုခွင့် ဖွင့်ပေးလိုက် တာလည်း ဖြစ်ပါ တယ်။ရခိုင်ပြည်နယ် တာဝန်ခံ Mytel edite driector ဦးဇော်ထွန်းအောင်က တော့ “ကျနော်တို့ ကို သြဂုတ်(၁) ရက်နေ့ ည ၁၀ နာရီမှာ ပြန်လည် ဖွင့်ပေးဖို့ညွှန်ကြားချက် နဲ့ ဖွင့်ပေး လိုက် ပါပြီ။ Mytel တခု တည်း မဟုတ် ဘူးဗျ။ အားလုံး အော်ပရေ တာတွေဖွင့်တာပါလို့ ပြောပါတယ်။
crd: dvb news
Add a Comment
Your email address will not be published. Required fields are marked *