ဗုဒၶဘာသာဝင္မ်ား၏ ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔ႏွင့္ ပတ္သက္၍ သိေကာင္းစရာမ်ား

ဝါဆိုလျပည့္ေန႔ ေန႔ထူးေန႔ျမတ္၏ ထူးျခားခ်က္မ်ား

(၁) ပဋိသေႏၶတည္သည့္ေန႔

မဟာသကၠရာဇ္ – ၆၇၊ ဝါဆိုလျပည့္။ (ၾကာသပေတးေန႔)

(၂) ေတာထြက္သည့္ေန႔

မဟာသကၠရာဇ္ – ၉၇၊ ဝါဆိုလျပည့္။ (တနလၤာေန႔)

(၃) ဓမၼစၾကာတရားဦး မဟာသကၠရာဇ္ — ၁၀၃၊ ဝါဆိုလျပည့္။ (စေနေန႔)

(၄) ေသာတာပန္လူသား စေပၚသည့္ေန႔

မဟာသကၠရာဇ္ – ၁၀၃၊ ဝါဆိုလျပည့္။ (စေနေန႔)

ပုထုဇဥ္ခရီးမွ အရိယာခရီးသို႔ စတင္ကူးေျပာင္းခြင့္ႀကဳံေသာေန႔။

(၅) သံဃာရတနာ စေပၚသည့္ေန႔

မဟာသကၠရာဇ္ – ၁၀၃၊ ဝါဆိုလျပည့္။

(၆) “ဧဟိ ဘိကၡဳ ” ဟူေသာ စကားကို စတင္ ၾကားရေသာေန႔။

(၇) ေရမီး အစုံစုံတို႔ျဖင့္ တန္ခိုးျပာဋိဟာကို ျပေတာ္မူေသာေန႔ (၇ ဝါေျမာက္တြင္)

ေျပာင္လွ်ံထိန္ညီး၊ ေရမီးေထြေထြ၊အံ့ဖြယ္ဖန္ဆင္း၊ ဘက္ကင္းသေရ။ အမ်ိဳးမ်ိဳးပ၊ တန္ခိုးသေခ်ၤ၊ ဝါဆိုလ ပုဏၰ ဒိဝေသ။

လယ္တီဆရာေတာ္ႀကီး၏ ကဗ်ာမ်ား

သေႏၶယူေတာ္မူေသာေန႔ (ၾကာသာပေတးေန႔)

သုံးလူ႔ရွင္ပင္၊ ကြၽန္းထိပ္တင္ ေသာင္းခြင္စၾကာဝဠာ၊ နတ္ျဗဟၼာတို႔ညီညာ႐ုံးစု၊ ေတာင္းပန္မူေၾကာင့္ ရတုနဂိုရ္၊ ႐ႊန္း႐ႊန္းစိုသည္ ဝါဆိုလ ျပည့္ ႂကြက္မင္းေန႔ဝယ္၊ ခ်မ္းေျမ့ၾကည္ျဖဴ သေႏၶယူသည္ နတ္, လူ ၿငိမ္းဖို႔ ကိန္းပါကို ….။

ေတာထြက္ေတာ္မူေသာေန႔ (တနလၤာေန႔)

ဖြားျမင္ေျမာက္ေသာ္၊ ဆယ္ေျခာက္ႏွစ္႐ြယ္ ပ်ိဳျမစ္ႏုနယ္၌၊ သုံးသြယ္ေ႐ႊနန္း သိမ္းျမန္းၿပိးလစ္ ဆယ္သုံးႏွစ္လွ်င္၊ ဘုန္းသစ္လွ်ံလူ၊ စံေတာ္ မူ၍ ႐ြယ္မူႏုၿဖိဳး၊ ႏွစ္ဆယ္ကိုးဝယ္” ေလးမ်ိဳးနိမိတ္ နတ္ျပဟိတ္ေၾကာင့္၊ ေ႐ႊစိတ္ျငင္ၿငိဳ၊ သံေဝပိုကာ ဝါဆိုလျပည့္ က်ားမင္းေန႔ဝယ္၊ ခ်မ္း ေျမ့ရဂုံ ေတာ္ရပ္လွႈံသည္” စုံၿမိဳင္ပင္ရိပ္ ခမ္းမွာကို ။

ဓမၼစၾကာေဟာေတာ္မူေသာေန႔ (စေနေန႔)

ဘုရားျဖစ္ကာ၊ မိဂဒါသို႔၊ စၾကာေ႐ႊဖဝါးျဖန႔္ခ်ီ သြား၍၊ ငါးပါးဝဂၢီစုံအညီႏွင့္ မဟီတစ္ေသာင္း တိုက္အေပါင္းမွ၊ ခေညာင္းကပ္လာ၊ နတ္ျဗ ဟၼာအား“ ဝါဆိုလျပည့္၊ စေနေန႔ဝယ္ ေႂကြ႕ေႂကြ႕လွ်ံတက္၊ ဓမၼစက္ကို” မိန႔္ႁမြတ္ေထြျပား၊ ေဟာေဖာ္ၾကားသည္ တရားနတ္စည္ ႐ႊမ္းတယ္ ကို။

ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔ႏွင့္ ထူးျခားခ်က္မ်ား …

သေႏၶ ေတာထြက္၊ ဓမၼစက္၊ တစ္ခ်က္ ျပာဋိဟာ။ ဝါဆိုလျပည့္၊ ထူးျခားေန႔ ေအာက္ေမ့ ဤေလးျဖာ။

ဓမၼစၾကာေဟာၾကားျခင္း

သေႏၶ, ေတာထြက္, ဓမၼစက္, မိန္ႁမြက္ဝါဆို ဟူေသာစကားႏွင့္ အညီ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးသည္ တုသိတာနတ္ျပည္မွ နတ္သားအေပါင္းတို႔၏ “ဘုရားျဖစ္ရန္ အခ်ိန္တန္ပါၿပီ” ဟု လာေရာက္ကာ ေတာင္းပန္ၾကေသာေၾကာင့္ ေသတေကတု နတ္သားအျဖစ္မွ စုေတၿပီးေနာက္…မယ္ေတာ္မာယာ၏ ဝမ္းတြင္ဝယ္ ဝါဆိုလျပည့္ေန႔တြင္ ပဋိသေႏၶေနေတာ္မူပါသည္။

ဖြားျမင္ေျမာက္ေသာအခါ ..သိဒၶတၳေဂါတမ အမည္ရေလ၏။ ဆယ့္ေျခာက္ႏွစ္ဝယ္ ယေသာ္ဓရာႏွင့္ ထိန္းျမား လက္ထပ္ေလ၏။ ရာဟုလာ အမည္ရေသာ .. သားေတာ္တစ္ပါး ေမြးဖြားေလ၏။

ထိုေနာက္ သူအို, သူနာ, သူေသ, ရဟန္း, ဟူေသာ နိမိတ္ႀကီးေလးပါးကို ျမင္ေတာ္မူကာ အိုျခင္းသေဘာ နာျခင္းသေဘာ ေသျခင္းသေဘာ တရားတို႔ကို ေၾကာက္လန႔္ကာ အိုျခင္းကင္းရာ နာျခင္းကင္းရာ ေသျခင္းကင္းရာ ရဟန္းတစ္ပါး၏ ခ်မ္းသာတရားကို ေတြးသိကာ ေတာထြက္ရန္ ႀကံစည္ေတာ္မူၿပီး

ဝါဆိုလျပည့္ေန႔ ညသန္းေခါင္ယံ အခ်ိန္တြင္ ဖြားဖက္ေတာ္ဆႏၵအမတ္ က႑ကျမင္းတို႔ ႏွင့္ ဥ႐ုေဝလေတာသို႔ ကိေလသာကုန္ခန္းၿပီး ဉာဏ္ အလင္းေရာင္ေတြကို ရွာေဖြရန္ ေတာထြက္ေတာ္မူပါသည္ ။

မဂဓတိုင္း ဂယာၿမိဳ႕အနီး ဥ႐ုေဝလေတာဝယ္ (၆)ႏွစ္တာ ကာလပတ္လုံး ေရွးေဟာင္း အိႏၵိယ ေယာဂီ ပရိဗိုဇ္တို႔၏ အတၱကိလမထ -(ပင္ ပန္းစြာခႏၶာကိုယ္ ညင္းဆဲေၾကာင္း) အက်င့္တို႔ကို႔ ထိုေတာဝယ္(၆) ႏွစ္တိုင္တိုင္ ပင္ပန္းစြာ က်င့္ႀကံေသာ္လည္း တရားထူးကိုမရရွိေပ။

(၆)ႏွစ္မွ် က်င့္ခဲ့ရေသာ.. ေရွးေဟာင္းအိႏၵိယ ေယာဂီပရီဗိုဇ္တို႔၏ အက်င့္မ်ားသည္ ..ခႏၶာကိုယ္ပင္ပန္းဆင္းရဲေၾကာင္း အက်င့္မ်ားသာ ျဖစ္ သည္ဟု သိရေသာအခါ – မိမိ၏ ကိုယ္ပိုင္နည္းစနစ္ျဖစ္ေသာ မဂၢင္(၈)ပါး နည္းလမ္းသစ္ျဖင့္ ၁၀၃ ခု၊ ကဆုန္လျပည့္၊ ဗုဒၶဟူးေန႔တြင္ သဗၺ ညဳတဉာဏ္ေတာ္ကိုရရွိကာ ဘုရားအျဖစ္သို႔ ေရာက္ရွိေတာ္မူပါသည္။

ဘုရားအျဖစ္သို႔ ေရာက္ရွိၿပီးေနာက္ အားထုတ္ခဲ့ေသာတရားမ်ားႏွင့္ ေလာကကို ဆင္ျခင္ၾကည့္ေသာ္ မိမိရရွိ က်င့္ႀကံထားေသာ တရားတို႔ သည္ အလြန္သိမ္ေမြ႕ နက္နဲခက္ခဲလြန္းေန၏။

ေလာကလူသားတို႔၏ အသိဉာဏ္ကား ကိေလသာအေမွာင္တို႔ျဖင့္သာ ထာဝစဥ္ပိတ္ဖုံးေန၏။ ပုထုဇဥ္တို႔ အား ေဟာၾကားရန္ မတန္တဆ ခက္ခဲပင္ပန္းလိမ့္မည္ဟု ဆင္ျခင္ေနစဥ္ သဟမၸတိျဗဟၼာမင္း၏ ေလွ်ာက္ထားေတာင္းပန္ခ်က္အရ အဘယ္သူ႔ကို တရားဦး ေဟာၾကားအံ့ နည္းဟု ဆင္ျခင္ေတာ္မူ၏ ။

အရင္က မိမိ တပည့္ေတာ္ခဲ့ဘူးေသာ ဗာရာဏသီၿမိဳ႕အနီး မိဂဒါဝုန္ေတာဝယ္႐ြိေသာ ပၪၥဝဂၢီငါးဦး – (ပၪၥ- ငါးခု ငါးေယာက္၊ ဝဂၢ-အစု အဖြဲ႕)တို႔ကို တရားဦးေဟာၾကားရန္ ႂကြေတာ္မူေလသည္။အခ်ိန္ကား – ေနမင္းႀကီး ဝင္လုဝင္ဆဲအခ်ိန္၊ လမင္းႀကီးမွာ ျပဴလစ္စ အခါသမ ယ ျဖစ္၏။ ဆည္းဆာ ညခ်မ္း ျဖစ္သည္။ သူေတာ္ျမတ္ဓာတ္ေၾကာင့္ သာယာဖြယ္ေကာင္းလွေပ၏။ မိဂဒါဝုန္ေတာကား ႐ႊင္ပ်ေအးျမေန ၏။ ဆိတ္ၿငိမ္မႈျဖင့္ ၿပီးလ်က္ရွိ၏ ။

ထိုအခိုက္တြင္ ျမတ္စြာဘုရားရွင္သည္ ပ ၪၥဝဂၢီတို႔၏ ေရွ႕တြင္ ထက္ဝယ္ဖြဲ႕ေခြ ေနေတာ္မူသည္။ ထို႔ေနာက္ “ရဟန္းတို႔” ဟု ေခၚေဝၚကာ ႏႈတ္ခြန္းဆက္ေတာ္မူလိုက္၏။ ဤကား .. တရားဦးေဟာရန္ ဖိတ္ေခၚသံအစတည္း။ပၪၥဝဂၢီတို႔သည္ သီလစင္ၾကယ္ၿပီးသူ်မား ျဖစ္ၾက သည္။ ထို႔ ျပင္ .. သဒၶါ၊ ဆႏၵ၊ ဝီရိယစိတ္ထား ျပည့္စုံေနၿပီးသူ်မား ျဖစ္ၾကေလရာ … ျမတ္စြာဘုရား၏ စကားအစသည္ သူတို႔၏ ႏြလုံး သားဝယ္ တရား တည္၍တည္၍ လာေလသည္။

ထိုအခ်ိန္တြင္ ျမတ္စြာဘုရားက မိမိဘုရား ျဖစ္ေတာ္မူေၾကာင္း မိန႔္ၾကား၏။ တရားနာယူၾကရန္လည္း တစ္ဆက္တည္း တိုက္တြန္း၏ …။ သို႔ေသာ္ မယုံၾကည္ႏိုင္ၾကသျဖင့္ သုံးႀကိမ္သုံးခါ ျငင္းဆန္ကာ ေနၾက၏။ျမတ္စြာဘုရားသည္ ထိုျငင္းဆန္မႈကို ဘုရားျဖစ္ေၾကာင္း ထပ္မံ သိေစျပန္၏။ ၿပီးမွ “တရားဦး” ေခၚ ဓမၼစကၠ ပဝတၱန သုတၱ ကို ေဟာၾကားေတာ္မူေလသည္။

ထိုတရားေတာ္၏ အဆုံးဝယ္ အရွင္ေကာ႑ညသည္ လူသားမ်ား အနက္ ပထမဦးဆုံး ေသာတာပတၱိဖိုလ္၌ တည္ေလ၏။ ထိုေန႔သည္ ဝါဆိုလျပည့္ေန႔ျဖစ္၏။ ထို႔ေနာက္တဖန္ … ေဒသနာကိုေဟာျပေတာ္မူရာ ဝါဆိုလျပည့္ေက်ာ္ (၁) ရက္ေန႔၌ အရွင္ဝပၸ၊ (၂) ရက္ေန႔၌ အရွင္ဘဒၵိယ၊ (၃) ရက္ေန႔၌ အရွင္မဟာနာမ္၊ (၄) ရက္ေန႔၌ အရွင္အႆဇိ တို႔သည္ အသီးသီး ေသာတာပန္ တည္ၾကေလကုန္၏။

ပ ၪၥဝဂၢီအားလုံးပင္ “ဧဟိဘိကၡဳ” ရဟန္း အျဖစ္ ေရာက္ၾကေလသည္။ ဝါဆိုလျပည့္ေက်ာ္ (၅)ရက္ေန႔တြင္ ျမတ္စြာဘုရားသည္ “အနတၱ လကၡဏသုတၱ” ကို ေဟာၾကားေတာ္မူခဲ့သည္။ဤတြင္ ငါးဦးလုံး ရဟႏၲာ ျဖစ္ေတာ္မူၾကေလသည္။ ထိုေန႔ကိုလည္း “ရဟႏၲာေန႔” ဟု ဗုဒၶ ဘာသာဝင္တို႔ သတ္မွတ္ယူၾကကုန္သည္။

ဝါဆိုလျပည့္ေန႔ကိုမူ တရားဦးဓမၼစၾကာ ေဟာၾကားေသာေန႔ ျဖစ္၍ “ဓမၼစၾကာေန႔” ဟု… ယေန႔အထိ ဗုဒၶဘာသာဝင္တို႔ အေလးအျမတ္ ျပဳခဲ့ၾကေပသည္။

REF: အရွင္ဉာဏဝရ ၫႊန္း – မာဂဓိ(သာစည္)၏ အခါေတာ္ေန႔မ်ား

UNICODE

ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်၏ ထူးခြားချက်များ

(၁) ပဋိသန္ဓေတည်သည့်နေ့

မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။ (ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့

မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။ (တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး မဟာသက္ကရာဇ် — ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့

မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့)

ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့။

(၅) သံဃာရတနာ စပေါ်သည့်နေ့

မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။

(၆) “ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့။

(၇) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ (၇ ဝါမြောက်တွင်)

ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။ အမျိုးမျိုးပ၊ တန်ခိုးသချေင်္၊ ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

လယ်တီဆရာတော်ကြီး၏ ကဗျာများ

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင် သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့ညီညာရုံးစု၊ တောင်းပန်မူကြောင့် ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည် ဝါဆိုလ ပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်, လူ ငြိမ်းဖို့ ကိန်းပါကို ….။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)

ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ် ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ် ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော် မူ၍ ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်း မြေ့ရဂုံ တော်ရပ်လှှုံသည်” စုံမြိုင်ပင်ရိပ် ခမ်းမှာကို ။

ဓမ္မစကြာဟောတော်မူသောနေ့ (စနေနေ့)

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖဝါးဖြန့်ချီ သွား၍၊ ငါးပါးဝဂ္ဂီစုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြ ဟ္မာအား“ ဝါဆိုလပြည့်၊ စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည် တရားနတ်စည် ရွှမ်းတယ် ကို။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် ထူးခြားချက်များ …

သန္ဓေ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ။ ဝါဆိုလပြည့်၊ ထူးခြားနေ့ အောက်မေ့ ဤလေးဖြာ။

ဓမ္မစကြာဟောကြားခြင်း

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့် အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့၏ “ဘုရားဖြစ်ရန် အချိန်တန်ပါပြီ” ဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်…မယ်တော်မာယာ၏ ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။

ဖွားမြင်မြောက်သောအခါ ..သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏။ ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြား လက်ထပ်လေ၏။ ရာဟုလာ အမည်ရသော .. သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး

ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော်ဆန္ဒအမတ် ကဏ္ဍကမြင်းတို့ နှင့် ဥရုဝေလတောသို့ ကိလေသာကုန်ခန်းပြီး ဉာဏ် အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည် ။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တာ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့၏ အတ္တကိလမထ -(ပင် ပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်ပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိပေ။

(၆)နှစ်မျှ ကျင့်ခဲ့ရသော.. ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့၏ အကျင့်များသည် ..ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာ ဖြစ် သည်ဟု သိရသောအခါ – မိမိ၏ ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သဗ္ဗ ညုတဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့ သည် အလွန်သိမ်မွေ့ နက်နဲခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဉာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေ၏။ ပုထုဇဉ်တို့ အား ဟောကြားရန် မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု ဆင်ခြင်နေစဉ် သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကို တရားဦး ဟောကြားအံ့ နည်းဟု ဆင်ခြင်တော်မူ၏ ။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရွိသော ပဉ္စဝဂ္ဂီငါးဦး – (ပဉ္စ- ငါးခု ငါးယောက်၊ ဝဂ္ဂ-အစု အဖွဲ့)တို့ကို တရားဦးဟောကြားရန် ကြွတော်မူလေသည်။အချိန်ကား – နေမင်းကြီး ဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမ ယ ဖြစ်၏။ ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏ ။

ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပ ဥ္စဝဂ္ဂီတို့၏ ရှေ့တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။ ထို့နောက် “ရဟန်းတို့” ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား .. တရားဦးဟောရန် ဖိတ်ခေါ်သံအစတည်း။ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူျမား ဖြစ်ကြ သည်။ ထို့ ပြင် .. သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား ပြည့်စုံနေပြီးသူျမား ဖြစ်ကြလေရာ … မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နွလုံး သားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန်လည်း တစ်ဆက်တည်း တိုက်တွန်း၏ …။ သို့သော် မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံ သိစေပြန်၏။ ပြီးမှ “တရားဦး” ခေါ် ဓမ္မစက္က ပဝတ္တန သုတ္တ ကို ဟောကြားတော်မူလေသည်။

ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်၏။ ထို့နောက်တဖန် … ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ၊ (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ (၃) ရက်နေ့၌ အရှင်မဟာနာမ်၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပ ဥ္စဝဂ္ဂီအားလုံးပင် “ဧဟိဘိက္ခု” ရဟန်း အဖြစ် ရောက်ကြလေသည်။ ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် “အနတ္တ လက္ခဏသုတ္တ” ကို ဟောကြားတော်မူခဲ့သည်။ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကိုလည်း “ရဟန္တာနေ့” ဟု ဗုဒ္ဓ ဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦးဓမ္မစကြာ ဟောကြားသောနေ့ ဖြစ်၍ “ဓမ္မစကြာနေ့” ဟု… ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ် ပြုခဲ့ကြပေသည်။

REF:  အရှင်ဉာဏဝရ ညွှန်း – မာဂဓိ(သာစည်)၏ အခါတော်နေ့များ

Add a Comment

Your email address will not be published. Required fields are marked *