မိန္းကေလးေတြ ကိုယ္ ခ်စ္ လည္း မရွာ နဲ႔ သူခ်စ္ လည္း မရွာနဲ႔ လူစိတ္ ရွိတဲ့ လူ ကိုပဲ ရွာၾကပါဆိုတဲ့ အေၾကာင္းရင္း” (ျဖစ္ရပ္မွန္)

ေနာက္ဆုံး ကိုယ္ဝန္ ၇ လ နဲ႔ ကြၽန္မသူငယ္ခ်င္း ေလာကႀကီးကထြက္သြားခဲ့ရၿပီ စိတ္ေရာဂါေၾကာင့္ကြၽန္မဘယ္သူမွ အျပစ္မတင္ဘာဘူး မိန္းကေလးေတြနဲ႔ သတိေပးခ်င္လို႔. ကိုယ့္ခ်စ္လဲမရွာ သူ႔အခ်စ္လဲမရွာနဲ႔ လူစိတ္ရွိတဲ့လူကိုပဲရွာပါ။ကြၽန္မသူငယ္ခ်င္း က ႏွလုံးေရာဂါ ရွိ တယ္ ကေလး ယူမရဘူး လို႔ ဆရာဝန္မွာ ထားတယ္ သူ႔ေယာက္က်ားက ကေလးလိုခ်င္တယ္ ကေလးယူေပးလို႔ ခနခနေျပာတယ္။ (4. 12.2019) သူကိုယ္ဝန္ရွိေနၿပီး ကြၽန္မနဲ႔ေျပာျပလာတယ္ ကြၽန္မကမယုံဘူးမယုံဘူး နင္ငါေရွ႕မာဆီးစစ္ျပဆိုၿပီး သူကစစ္ျပေပးတယ္။

ကြၽန္မကေပ်ာ္ေလေပ်ာ္တယ္ စိတ္ေလပူတယ္ သူက က်န္းမာေရးမေကာင္းဘူး။ ဆရာဝန္ေလကေလးယူရင္ အသက္အႏၲရာယ္ရွိတယ္လို႔ မွာထားတယ္ ။ကြၽန္မစိတ္ပူေနမိတယ္ ကိုယ္ဝန္ရွိေနတဲ့အေၾကာင္းသူေယာက်ာ္းနဲ႔ သူေျပာျပတယ္။ သူေယာက်ာ္း ေပ်ာ္မယ္လို႔ထင္ထား တယ္ ဘယ္ဟုတ္မလဲ ဖ်က္ ခ်ဖို႔ေျပာလာတယ္။ နင္ပဲလိုခ်င္တယ္ ငါရေတာ့မွ ဖ်က္ခ်ဖို႔ဆိုတာ မလုပ္ေပးႏိုင္ဘူးတဲ့ ကိုယ္ဝန္ရၿပီးတယ္ ေနာက္ပိုင္း သူေယာက်ာ္း သူ႔ကိုနည္းနည္းေလး မွ ဂ႐ုမစိုက္ေတာ့ဘူး အိမ္မွာမေနဘူး။

သူကႏွလုံးေရာဂါရွိတယ္ေလ စိတ္ဓာတ္က်တယ္ စားမဝင္အိပ္မေပ်ာ္ေတာ့ဘူး။ကြၽန္မက အားေပးစကားေျပာတယ္။ သူ႔နဲ႔အေဖာ္ေနေပး တယ္ ေနာက္တစ္ေန႔မွာ သူေယာက်ာ္း အေမအိမ္ျပန္သြားတယ္ သူကဆံပင္ေဖ်ာင့္ခ်င္တယ္ လမ္းမေလွ်ာက္တေလွ်ာက္ႏိုင္တဲ့ ကြၽန္မ အိမ္ကိုေရာက္လာတယ္။အဲဒီေန႔က ကြၽန္မနားအရမ္းနာေနတယ္ေနာက္ေန႔မွသြားလို႔မရဘူးလား သူကဒီေန႔ပဲေဖ်ာင့္ခ်င္တယ္ ကြၽန္မက သူအမိန႔္အတိုင္းပဲ ေခၚဇာၿမိဳ႕မွာ ဆံပင္သြားေဖ်ာင့္တယ္။

ဆံပင္ေဖ်ာင့္ေနတဲ့အခ်ိန္က သူ႔ေယာက္က်ား ဖုန္းဝင္လာတယ္။ကြၽန္မပဲ ကိုင္တယ္ သူဆံပင္ေဖ်ာင့္ေနတယ္လို႔ခနေနၿပီးေတာ့မယ္ သူ႔ ေယာက္က်ားက ေဒါသထြက္ေနတဲ့အသံ သူ႔ကိုဖုန္းေပးေျပာလို႔ ကြၽန္မကဖုန္းေပးလိုက္တယ္။သူတို႔ႏွစ္ေယာက္ဘာေတြေျပာေနလဲ ကြၽန္မ မသိဘူး ေသခ်ာတာတစ္ခုက ရန္ျဖစ္ေနတယ္ သူ႔ေယာက္က်ားက ကြၽန္မနဲ႔လိုက္တာမႀကိဳက္ဘူး။ကြၽန္မမသိေအာင္ သူဖုံးကြယ္ ထားတယ္ ကြၽန္မစိတ္ဆိုးသြားမွာကို သူေၾကာက္တယ္။သူ႔ေယာက္က်ားက အခုခ်က္ခ်င္းျပန္လာခဲ့လို႔ ေျပာလာတယ္။

ဆံပင္ေဖ်ာင့္တာမၿပီးေသးဘူးၿပီးရင္ျပန္လာမယ္ သူ႔ေယာက္က်ားကမရဘူးအခုခ်က္ခ်င္းျပန္လာတဲ့သူေယာက္က်ားလိုက္လာတယ္။ လမ္း မွာဆုံတယ္ အရွိန္းနဲ႔ေမာင္းလာတယ္ ကြၽန္မဆိုင္ကယ္အေရွ႕မွာ ပိတ္ရပ္တယ္ ႏွလုံးေရာဂါ မရွိတဲ့ ကြၽန္မေတာင္ ေတာ္ေတာ္လန႔္သြား တယ္။ကြၽန္မသူငယ္ခ်င္း ဘယ္ေလာက္ေတာင္လန႔္သြားလဲမသိဘူး ဆိုင္ကယ္ ရပ္ၿပီး လမ္းမွာပဲ သူ႔ေယာက္က်ား သူ႔ကိုလည္ပင္ညႇစ္တယ္ သူကေလးတစ္ေယာက္လိုေအာ္ငိုတယ္။ကြၽန္မကသူ႔ေယာက္က်ာ္းကို ေတာင္းပန္တယ္။

သူ႔ကိုဒီလိုမ႐ိုက္ပါနဲ႔ သူေရာဂါ ရွိတယ္ ထပ္ခါထပ္ခါေတာင္းပန္လဲ သူ႔ေယာက္က်ားသူ႔ကိုလည္ပင္ညႇစ္ထားတုန္းပဲ လမ္းသြားလာလူေတြ လဲတစ္ေယာက္မွမကူညီၾကဘူး ဘယ္သူမွေလ ဝင္မကူညီရဲဘူး။ကြၽန္မဘာမွ မတတ္ႏိုင္ေတာ့ ကြၽန္မေလ မ်က္ရည္က်တယ္ ဟိုဘက္ ၾကည့္လိုက္ ဒီဘက္ၾကည့္လိုက္ ကြၽန္မ ၿခံေစာင့္သမားဦးေလးတစ္ေယာက္ေတြ႕သြားတယ္ အဲဒီဦးေလးကို ကြၽန္မအကူညီေတာင္းတယ္။ ဦးေလးက ေျခေထာက္မေကာင္းဘူး လမ္းေလွ်ာက္ထြက္လာတယ္။

ဦးေလးကဝင္ကူညီေပးတယ္ ကြၽန္မတို႔ အိမ္ျပန္သြားတယ္ တစ္လမ္းလုံး သူငိုလာတယ္ သူ႔ေယာက္က်ားေလ ကြၽန္မ ဆိုင္ကယ္ေနာက္ လိုက္လာတယ္ သူအိမ္အထိ ကြၽန္မလိုက္ပို႔တယ္ သူအိမ္ေရာက္ၿပီးဆိုေတာ့ ကြၽန္မေလ သူမ်ားလင္မယားကိစၥ ဝင္မပါဘူးဆိုၿပီး အိမ္ျပန္ သြားတယ္။အဲဒီညက သူ႔ေယာက္က်ား အခန္းတံခါးပိတ္ၿပီး သူ႔ကို ႐ိုက္တယ္လို႔ ရပ္ကြက္ကလူေတြ ကြၽန္မနဲ႔လာေျပာျပတယ္ ကြၽန္မအရမ္း ေဒါသထြက္တယ္။ ကြၽန္မသူငယ္ခ်င္း ေန႔တိုင္းစိတ္ဆင္းရဲေနတယ္။ကြၽန္မနဲ႔လိုက္လို႔ သူ႐ိုက္တာတဲ့ သူအေမေျပာျပတယ္။

ကြၽန္မစိတ္ဆိုးသြားတယ္ သူအိမ္မသြားေတာ့ဘူး သူကမေနႏိုင္ဘူး။ ကြၽန္မအိမ္မ လာရင္ ကြၽန္မဆီလာတယ္ စဥ္းစားၾကည့္စမ္းကြၽန္မတို႔ ငယ္ေပါင္းေတြေလ မေတြ႕ပဲေနႏိုင္မလား ကိုယ္ဝန္ကေလ တစ္ျဖည္းျဖည္းႀကီး လာၿပီးက်န္းမာေရးေလးမေကာင္းဘူးဆိုေတာ့ အလုပ္လုပ္ ဖို႔ေျပာလာတယ္။ပိုက္ဆံစုဖို႔ေျပာတယ္ သူ႔ေယာက်ာ္းက နင္အဲေလာက္ထိ ပိုက္ဆံလိုေနရင္ ဖာသည္မ သြားလုပ္လိုက္ပါလားတဲ့။ စဥ္းစား ၾကည့္စမ္း ကိုယ့္ကို အဲလိုေျပာရင္ စိတ္မတိုဘူးလား တိုမွာေပါ့ေနာ္။အဲအခ်ိန္သူေလျပန္ေျပာလာတယ္။

နင္ညီမေလး သုံးေယာက္ရွိတယ္ ေပးလုပ္လိုက္ပါလား အဲလိုေျပာေတာ့ သူ႔ေယာက်ားပါး႐ိုက္တယ္ (10 PM) ေက်ာ္ေနၿပီး ကြၽန္မသူငယ္ ခ်င္းအေမ အိပ္ေပ်ာ္ေနၿပီး သူေယာက္က်ားသူ႔ကို ပါး႐ိုက္တာ ဘယ္ေလာက္နာလဲေတာ့ မသိဘူး ကြၽန္မသူငယ္ခ်င္းအေမႏိုးလာတယ္ အိမ္ ေပၚေမာင္းထုတ္တယ္။သူ႔ေယာက္က်ားျပန္သြားတယ္။ေနာက္သုံးေလ ရက္ၾကာေတာ့ သူတို႔ႏွစ္ေယာက္ကြာရွင္းတယ္ ၿပီးေတာ့ ကြၽန္မ ဆီေရာက္လာတယ္ သုံးေလးရက္ေတာင္ၾကာတယ္။ သူ႔မ်က္ႏွာေရာေျခ လက္ေတြေရာမဲေနေသးတယ္။

ကြာရွင္းၿပီးေနာက္ပိုင္း သူ႔ေယာက္က်ား ရည္းစား ရသြားၿပီးေလ သူကိုယ္ဝန္ေလ ၄ လေက်ာ္သြားတယ္ ေန႔တိုင္းစိတ္ဆင္းရဲေနတယ္။ က်န္းမာေရး ကလဲမေကာင္းရဲ႕သားနဲ႔ သူေယာက္က်ား ရည္းစားရသြားၿပီး ပိုၿပီးခံစားရတယ္ သူကေဆးခန္းမၾကာမၾကာသြားျပရတယ္ သူ႔ေယာက္က်ားေလ်ာ္ေၾကးမေပးဘူး။ ေဆးခန္းတစ္ခါျပရင္ တစ္ခါလာရွင္းေပးမယ္ ေဆးခန္းျပဘယ္ေလာက္ကုန္လဲ ေဆးခပဲ ေပးတယ္ ကားခ ဘာညာဘာမေပးဘူး အခ်ိဳရည္တစ္ဘူးေတာင္ မေသာက္ရဘူး ။

ဘယ္ေလာက္ဝမ္းနည္းဖို႔ေကာင္းလဲ စဥ္းစားၾကည့္စမ္း ဆရာဝန္ေတြက သူ႔ကိုဂ႐ုစိုက္ေပးဖို႔္မွာတယ္။မေကာင္းတဲ့စကားေတြ သူ႔အေရွ႕ မွာ မေျပာပါနဲ႔ တစ္ခုခုျဖစ္ရင္ေဆးခန္းလာျပပါ။ ဒါေပမဲ့ သူက ေန႔တိုင္းစိတ္ဆင္းရဲေနတယ္ ကိုယ္ဝန္က ႀကီးလာေလ လူက အသက္ရႉမရ လာေလပဲ အုန္းရည္ေသာက္ခ်င္တယ္ ကိုယ္ေယာက္က်ားမရွိေတာ့ ဝယ္ေသာက္ရတယ္။မိန္းကေလးေတြ ကိုယ္ ခ်စ္ လည္း မရွာ နဲ႔ သူခ်စ္ လည္း မရွာနဲ႔ လူစိတ္ ရွိတဲ့ လူ ကိုပဲ ရွာၾကပါဆိုတဲ့ အေၾကာင္းရင္း”ကို ေျပာျပျခင္း ျဖစ္ပါတယ္။

Credit to Mi Nge Nge Oo

UNICODE

နောက်ဆုံး ကိုယ်ဝန် ၇ လ နဲ့ ကျွန်မသူငယ်ချင်း လောကကြီးကထွက်သွားခဲ့ရပြီ စိတ်ရောဂါကြောင့်ကျွန်မဘယ်သူမှ အပြစ်မတင်ဘာဘူး မိန်းကလေးတွေနဲ့ သတိပေးချင်လို့. ကိုယ့်ချစ်လဲမရှာ သူ့အချစ်လဲမရှာနဲ့ လူစိတ်ရှိတဲ့လူကိုပဲရှာပါ။ကျွန်မသူငယ်ချင်း က နှလုံးရောဂါ ရှိ တယ် ကလေး ယူမရဘူး လို့ ဆရာဝန်မှာ ထားတယ် သူ့ယောက်ကျားက ကလေးလိုချင်တယ် ကလေးယူပေးလို့ ခနခနပြောတယ်။ (4. 12.2019) သူကိုယ်ဝန်ရှိနေပြီး ကျွန်မနဲ့ပြောပြလာတယ် ကျွန်မကမယုံဘူးမယုံဘူး နင်ငါရှေ့မာဆီးစစ်ပြဆိုပြီး သူကစစ်ပြပေးတယ်။

ကျွန်မကပျော်လေပျော်တယ် စိတ်လေပူတယ် သူက ကျန်းမာရေးမကောင်းဘူး။ ဆရာဝန်လေကလေးယူရင် အသက်အန္တရာယ်ရှိတယ်လို့ မှာထားတယ် ။ကျွန်မစိတ်ပူနေမိတယ် ကိုယ်ဝန်ရှိနေတဲ့အကြောင်းသူယောကျာ်းနဲ့ သူပြောပြတယ်။ သူယောကျာ်း ပျော်မယ်လို့ထင်ထား တယ် ဘယ်ဟုတ်မလဲ ဖျက် ချဖို့ပြောလာတယ်။ နင်ပဲလိုချင်တယ် ငါရတော့မှ ဖျက်ချဖို့ဆိုတာ မလုပ်ပေးနိုင်ဘူးတဲ့ ကိုယ်ဝန်ရပြီးတယ် နောက်ပိုင်း သူယောကျာ်း သူ့ကိုနည်းနည်းလေး မှ ဂရုမစိုက်တော့ဘူး အိမ်မှာမနေဘူး။

သူကနှလုံးရောဂါရှိတယ်လေ စိတ်ဓာတ်ကျတယ် စားမဝင်အိပ်မပျော်တော့ဘူး။ကျွန်မက အားပေးစကားပြောတယ်။ သူ့နဲ့အဖော်နေပေး တယ် နောက်တစ်နေ့မှာ သူယောကျာ်း အမေအိမ်ပြန်သွားတယ် သူကဆံပင်ဖျောင့်ချင်တယ် လမ်းမလျှောက်တလျှောက်နိုင်တဲ့ ကျွန်မ အိမ်ကိုရောက်လာတယ်။အဲဒီနေ့က ကျွန်မနားအရမ်းနာနေတယ်နောက်နေ့မှသွားလို့မရဘူးလား သူကဒီနေ့ပဲဖျောင့်ချင်တယ် ကျွန်မက သူအမိန့်အတိုင်းပဲ ခေါ်ဇာမြို့မှာ ဆံပင်သွားဖျောင့်တယ်။

ဆံပင်ဖျောင့်နေတဲ့အချိန်က သူ့ယောက်ကျား ဖုန်းဝင်လာတယ်။ကျွန်မပဲ ကိုင်တယ် သူဆံပင်ဖျောင့်နေတယ်လို့ခနနေပြီးတော့မယ် သူ့ ယောက်ကျားက ဒေါသထွက်နေတဲ့အသံ သူ့ကိုဖုန်းပေးပြောလို့ ကျွန်မကဖုန်းပေးလိုက်တယ်။သူတို့နှစ်ယောက်ဘာတွေပြောနေလဲ ကျွန်မ မသိဘူး သေချာတာတစ်ခုက ရန်ဖြစ်နေတယ် သူ့ယောက်ကျားက ကျွန်မနဲ့လိုက်တာမကြိုက်ဘူး။ကျွန်မမသိအောင် သူဖုံးကွယ် ထားတယ် ကျွန်မစိတ်ဆိုးသွားမှာကို သူကြောက်တယ်။သူ့ယောက်ကျားက အခုချက်ချင်းပြန်လာခဲ့လို့ ပြောလာတယ်။

ဆံပင်ဖျောင့်တာမပြီးသေးဘူးပြီးရင်ပြန်လာမယ် သူ့ယောက်ကျားကမရဘူးအခုချက်ချင်းပြန်လာတဲ့သူယောက်ကျားလိုက်လာတယ်။ လမ်း မှာဆုံတယ် အရှိန်းနဲ့မောင်းလာတယ် ကျွန်မဆိုင်ကယ်အရှေ့မှာ ပိတ်ရပ်တယ် နှလုံးရောဂါ  မရှိတဲ့ ကျွန်မတောင် တော်တော်လန့်သွား တယ်။ကျွန်မသူငယ်ချင်း ဘယ်လောက်တောင်လန့်သွားလဲမသိဘူး ဆိုင်ကယ် ရပ်ပြီး လမ်းမှာပဲ သူ့ယောက်ကျား သူ့ကိုလည်ပင်ညှစ်တယ် သူကလေးတစ်ယောက်လိုအော်ငိုတယ်။ကျွန်မကသူ့ယောက်ကျာ်းကို တောင်းပန်တယ်။

သူ့ကိုဒီလိုမရိုက်ပါနဲ့ သူရောဂါ ရှိတယ် ထပ်ခါထပ်ခါတောင်းပန်လဲ သူ့ယောက်ကျားသူ့ကိုလည်ပင်ညှစ်ထားတုန်းပဲ လမ်းသွားလာလူတွေ လဲတစ်ယောက်မှမကူညီကြဘူး ဘယ်သူမှလေ ဝင်မကူညီရဲဘူး။ကျွန်မဘာမှ မတတ်နိုင်တော့ ကျွန်မလေ မျက်ရည်ကျတယ် ဟိုဘက် ကြည့်လိုက် ဒီဘက်ကြည့်လိုက် ကျွန်မ ခြံစောင့်သမားဦးလေးတစ်ယောက်တွေ့သွားတယ် အဲဒီဦးလေးကို ကျွန်မအကူညီတောင်းတယ်။ ဦးလေးက ခြေထောက်မကောင်းဘူး လမ်းလျှောက်ထွက်လာတယ်။

ဦးလေးကဝင်ကူညီပေးတယ် ကျွန်မတို့ အိမ်ပြန်သွားတယ် တစ်လမ်းလုံး သူငိုလာတယ် သူ့ယောက်ကျားလေ ကျွန်မ ဆိုင်ကယ်နောက် လိုက်လာတယ် သူအိမ်အထိ ကျွန်မလိုက်ပို့တယ် သူအိမ်ရောက်ပြီးဆိုတော့ ကျွန်မလေ သူများလင်မယားကိစ္စ ဝင်မပါဘူးဆိုပြီး အိမ်ပြန် သွားတယ်။အဲဒီညက သူ့ယောက်ကျား အခန်းတံခါးပိတ်ပြီး သူ့ကို ရိုက်တယ်လို့ ရပ်ကွက်ကလူတွေ ကျွန်မနဲ့လာပြောပြတယ် ကျွန်မအရမ်း ဒေါသထွက်တယ်။ ကျွန်မသူငယ်ချင်း နေ့တိုင်းစိတ်ဆင်းရဲနေတယ်။ကျွန်မနဲ့လိုက်လို့ သူရိုက်တာတဲ့ သူအမေပြောပြတယ်။

ကျွန်မစိတ်ဆိုးသွားတယ် သူအိမ်မသွားတော့ဘူး သူကမနေနိုင်ဘူး။ ကျွန်မအိမ်မ လာရင် ကျွန်မဆီလာတယ် စဉ်းစားကြည့်စမ်းကျွန်မတို့ ငယ်ပေါင်းတွေလေ မတွေ့ပဲနေနိုင်မလား ကိုယ်ဝန်ကလေ တစ်ဖြည်းဖြည်းကြီး လာပြီးကျန်းမာရေးလေးမကောင်းဘူးဆိုတော့ အလုပ်လုပ် ဖို့ပြောလာတယ်။ပိုက်ဆံစုဖို့ပြောတယ် သူ့ယောကျာ်းက နင်အဲလောက်ထိ ပိုက်ဆံလိုနေရင် ဖာသည်မ သွားလုပ်လိုက်ပါလားတဲ့။ စဉ်းစား ကြည့်စမ်း ကိုယ့်ကို အဲလိုပြောရင် စိတ်မတိုဘူးလား တိုမှာပေါ့နော်။အဲအချိန်သူလေပြန်ပြောလာတယ်။

နင်ညီမလေး သုံးယောက်ရှိတယ် ပေးလုပ်လိုက်ပါလား အဲလိုပြောတော့ သူ့ယောကျားပါးရိုက်တယ် (10 PM) ကျော်နေပြီး ကျွန်မသူငယ် ချင်းအမေ အိပ်ပျော်နေပြီး သူယောက်ကျားသူ့ကို ပါးရိုက်တာ ဘယ်လောက်နာလဲတော့ မသိဘူး ကျွန်မသူငယ်ချင်းအမေနိုးလာတယ် အိမ် ပေါ်မောင်းထုတ်တယ်။သူ့ယောက်ကျားပြန်သွားတယ်။နောက်သုံးလေ ရက်ကြာတော့ သူတို့နှစ်ယောက်ကွာရှင်းတယ် ပြီးတော့ ကျွန်မ ဆီရောက်လာတယ် သုံးလေးရက်တောင်ကြာတယ်။ သူ့မျက်နှာရောခြေ လက်တွေရောမဲနေသေးတယ်။

ကွာရှင်းပြီးနောက်ပိုင်း သူ့ယောက်ကျား ရည်းစား ရသွားပြီးလေ သူကိုယ်ဝန်လေ ၄ လကျော်သွားတယ် နေ့တိုင်းစိတ်ဆင်းရဲနေတယ်။ ကျန်းမာရေး ကလဲမကောင်းရဲ့သားနဲ့ သူယောက်ကျား ရည်းစားရသွားပြီး ပိုပြီးခံစားရတယ် သူကဆေးခန်းမကြာမကြာသွားပြရတယ် သူ့ယောက်ကျားလျော်ကြေးမပေးဘူး။ ဆေးခန်းတစ်ခါပြရင် တစ်ခါလာရှင်းပေးမယ် ဆေးခန်းပြဘယ်လောက်ကုန်လဲ ဆေးခပဲ ပေးတယ် ကားခ ဘာညာဘာမပေးဘူး အချိုရည်တစ်ဘူးတောင် မသောက်ရဘူး ။

ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ စဉ်းစားကြည့်စမ်း ဆရာဝန်တွေက သူ့ကိုဂရုစိုက်ပေးဖို့်မှာတယ်။မကောင်းတဲ့စကားတွေ သူ့အရှေ့ မှာ မပြောပါနဲ့ တစ်ခုခုဖြစ်ရင်ဆေးခန်းလာပြပါ။ ဒါပေမဲ့ သူက နေ့တိုင်းစိတ်ဆင်းရဲနေတယ် ကိုယ်ဝန်က ကြီးလာလေ လူက အသက်ရှူမရ လာလေပဲ အုန်းရည်သောက်ချင်တယ် ကိုယ်ယောက်ကျားမရှိတော့ ဝယ်သောက်ရတယ်။မိန်းကလေးတွေ ကိုယ် ချစ် လည်း မရှာ နဲ့ သူချစ် လည်း မရှာနဲ့ လူစိတ် ရှိတဲ့ လူ ကိုပဲ ရှာကြပါဆိုတဲ့ အကြောင်းရင်း”ကို ပြောပြခြင်း ဖြစ်ပါတယ်။

Credit to Mi Nge Nge Oo

Add a Comment

Your email address will not be published.