မုတ္သုံေလအား အလြန္ေကာင္းေနျခင္းေၾကာင့္ တိုင္းႏွင့္ ျပည္နယ္(၈)ခု၌ မိုးႀကီးႏိုင္၍ သတိထားၾကရန္ မိုး/ဇလၫႊန္ခ်ဳပ္ ေျပာၿပီ

ယခုရက္ပိုင္းတြင္ မုတ္သုံေလအားအလြန္ေကာင္းေနျခင္းေၾကာင့္ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္း တစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါမိုးသက္ေလျပင္းမ်ားက်ေရာက္၍ လႈိင္းႀကီးႏိုင္ၿပီး မိုးသက္ေလျပင္း က်စဥ္ ေရျပင္။ေျမျပင္ေလ မွာ တစ္နာရီလွ်င္မိုင္ ၄၀အထိတိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ၉ေပမွ ၁၂ေပခန္႔ရွိႏိုင္ကာ ရခိုင္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္ လယ္ျပင္တို႔တြင္ ၅ေပမွ ၈ေပခန္႔အထိရွိႏိုင္ၿပီး က်န္ ျမန္မာ့ပင္လယ္ျပင္တြင္လႈိင္းအသင့္အတင့္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

ခန္႔မွန္းထားတာထက္ကိုျမန္ေနတဲ့ အေနအထားမွာရွိတယ္ ဒီ ၂ရက္ေန႔(ၾသဂုတ္ ၂)ေလာက္ကေနစၿပီး မိုးႀကီး ႏိုင္တဲ့အေနအထားမ်ိဳး ရွိ တယ္။ သုံး၊ေလးရက္ဆက္တိုက္မိုးႀကီးမယ္ဆို ျမစ္၊ ေခ်ာင္းအေသးေလးေတြ ေရျပည့္ေရလွ်ံမႈေတြျဖစ္ႏိုင္တယ္။ ေတာင္ကုန္း၊ ေတာင္တန္း ရွိတဲ့ေဒသေတြမွာ ေျမၿပိဳမႈေဘးအႏၲရာယ္ကို သတိျပဳဖို႔လိုတယ္” ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦး က ေျပာၾကားသည္။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလား ပင္လယ္ေအာ္ေတာင္ပိုင္း တို႔တြင္ မုတ္သုံေလအားအလြန္ ေကာင္းေသာ အဆင့္သို႔ ေရာက္ရွိေနသျဖင့္ ၾသဂုတ္လ ပထမအပတ္တြင္ တိုင္းႏွင့္ ျပည္နယ္ ၈ ခုတို႔၌ မိုးႀကီးႏိုင္ေၾကာင္း ေျပာၾကား သည္။

လက္ရွိအခ်ိန္တြင္ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလအားေကာင္းရာမွ အားအလြန္ေကာင္း ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္အားအသင့္တင့္ရွိေနကာ တုံကင္ပင္လယ္ေကြ႕၌ျဖစ္ေပၚေနေသာ ဗီယက္နမ္ႏိုင္ငံအထက္ ပိုင္းသို႔ဝင္ေရာက္ႏိုင္ရန္ခန္႔မွန္းထားသည့္။အပူပိုင္း မုန္တိုင္း စင္လကု၏ အႂကြင္းအက်န္တိမ္တိုက္မ်ားေၾကာင့္ ေနရာကြက္မိုးႀကီးႏိုင္ျခင္း၊ ေဒသအလိုက္ မိုးႀကီးႏိုင္ျခင္းမ်ား ျဖစ္ ေပၚႏိုင္ေၾကာင္း ခန႔္မွန္းထားသည္ ဆိုသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ထုတ္ျပန္ခ်က္အရ ၾသဂုတ္လ ၃ ရက္မွ ၈ ရက္အထိ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီ တိုင္း၊ တနသၤာရီတိုင္း ၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ စသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၈ခု တို႔၌ ေန ရာစိပ္စိပ္မွ ေနရာအႏွံအျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနရာကြက္မိုးႀကီးျခင္း၊ ေဒသအလိုက္မိုးႀကီးျခင္း မ်ားျဖစ္ေပၚႏိုင္သည္။

REF: THE VOICE

UNICODE

ယခုရက်ပိုင်းတွင် မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်။မြေပြင်လေ မှာ တစ်နာရီလျှင်မိုင် ၄၀အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ပေမှ ၁၂ပေခန့်ရှိနိုင်ကာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ၅ပေမှ ၈ပေခန့်အထိရှိနိုင်ပြီး ကျန် မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ခန့်မှန်းထားတာထက်ကိုမြန်နေတဲ့ အနေအထားမှာရှိတယ် ဒီ ၂ရက်နေ့(သြဂုတ် ၂)လောက်ကနေစပြီး မိုးကြီး နိုင်တဲ့အနေအထားမျိုး ရှိ တယ်။ သုံး၊လေးရက်ဆက်တိုက်မိုးကြီးမယ်ဆို မြစ်၊ ချောင်းအသေးလေးတွေ ရေပြည့်ရေလျှံမှုတွေဖြစ်နိုင်တယ်။ တောင်ကုန်း၊ တောင်တန်း ရှိတဲ့ဒေသတွေမှာ မြေပြိုမှုဘေးအန္တရာယ်ကို သတိပြုဖို့လိုတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြောကြားသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေအားအလွန် ကောင်းသော အဆင့်သို့ ရောက်ရှိနေသဖြင့် သြဂုတ်လ ပထမအပတ်တွင် တိုင်းနှင့် ပြည်နယ် ၈ ခုတို့၌ မိုးကြီးနိုင်ကြောင်း ပြောကြား သည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်အားအသင့်တင့်ရှိနေကာ တုံကင်ပင်လယ်ကွေ့၌ဖြစ်ပေါ်နေသော ဗီယက်နမ်နိုင်ငံအထက် ပိုင်းသို့ဝင်ရောက်နိုင်ရန်ခန့်မှန်းထားသည့်။အပူပိုင်း မုန်တိုင်း စင်လကု၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် နေရာကွက်မိုးကြီးနိုင်ခြင်း၊ ဒေသအလိုက် မိုးကြီးနိုင်ခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည် ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သြဂုတ်လ ၃ ရက်မှ ၈ ရက်အထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ခု တို့၌ နေ ရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်မိုးကြီးခြင်း၊ ဒေသအလိုက်မိုးကြီးခြင်း များဖြစ်ပေါ်နိုင်သည်။

REF:   THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *