သူမရဲ့ MVသီချင်းလေးကို ပရိသတ်တွေအတွက် ပထမဆုံး အကြိမ်ချပြလာတဲ့ သရုပ်ဆောင်ဖွေးဖွေး





Source: Phway Phway’s fb


UNICODE

ထိပ်တန်းမင်းသမီး တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ဖွေးဖွေးရဲ့ ငယ်ဘ ဝအိပ်မက်ကတော့ အဆိုတော် တစ်ယောက်ဖြစ်လာ ဖို့ပဲ ဖြစ်ပါ တယ်။ ဖွေးဖွေးက သူမဆယ်ကျော်သက်အရွယ်က Art Of Depression အဖွဲ့နဲ့ သီချင်းတွေသီဆိုခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါ တယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက် ကို ပိုမိုလုပ်ကိုင်ဖြစ်ပြီး အခုဆိုရင် တစ်နိုင်ငံလုံးက ချစ်ရတဲ့ အကယ်ဒမီဖွေးဖွေးရယ် ဖြစ်နေပါပြီ။

ဖွေးဖွေးရဲ့ ငယ်ဘဝအိပ်မက်လေး ကတော့က သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို Music Video အဖြစ် ရိုက်ကူးပြီး ပရိသတ် တွေဆီ ချပြချင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော်လုပ်ဆောင်ရင်း Music Video လေးတစ်ပုဒ်ကို ချပြလာပါတယ်။

ဖွေးဖွေးက ထွန်းနောင်ဆင့် ရေးပေးပြီး သူမကိုယ်တိုင်သီဆိုထားတဲ့ “ငါကမ္ဘာထဲ” သီချင်းလေးကို အခုလိုပဲ ပရိသတ်တွေဆီ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ဖွေးဖွေးရဲ့ သီချင်းလေးကတော့ တစ်ယောက်တည်း ရှိနေချိန်တွေမှာ နားထောင်ရင်း ဆွေးလို့ကောင်းမယ့် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ သီချင်း MV လေးကို ကြည့်ရှုခံစားရင်း ခံစားချက်တစ်စုံတစ်ရာရရှိစေမှာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Phway Phway’s fb

Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *