ျပည္ပ ေမာ္ေတာ္ယာဥ္တင္ သြင္းရာတြင္ Customအခြန္ ေလွ်ာ့ လိုက္၍ အျမင့္ ကားမ်ားသာမက ျပည္တြင္းထုတ္SKDကားမ်ားပါ ေစ်းက်ဆင္း ႏိုင္

ေမာ္ေတာ္ယာဥ္ႏွင့္ ပတ္သက္ၿပီး အခြန္မ်ား ေလွ်ာ့ေပးရာတြင္ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္ ေအာက္ကို လက္ရွိ အေကာက္ခြန္ႏႈန္း ၃၀ ရာခိုင္ ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္အထက္ကို လက္ရွိ အေကာက္ခြန္ႏႈန္း ၄၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းသို႔ လည္းေကာင္း၊ ျပည္တြင္းတြင္တပ္ဆင္ထုတ္လုပ္ေနသည့္ SKD စနစ္ျဖင့္တင္သြင္းလာေသာ ၂၀၀၀ စီစီႏွင့္ေအာက္ ေမာ္ေတာ္ယာဥ္ မ်ား အတြက္ လက္ရွိ အေကာက္ခြန္ႏႈန္း၁၀ ရာခိုင္ႏႈန္းမွ ၀ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ SKD စနစ္ျဖင့္တင္သြင္းလာ ၂၀၀၁ စီစီႏွင့္အထက္ ေမာ္ ေတာ္ယာဥ္မ်ားအတြက္ လက္ရွိ အေကာက္ခြန္ႏႈန္း ၂၀ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔လည္းေကာင္း ၾသဂုတ္လ ၁ရက္မွစ၍ ေျဖေလွ်ာ့ေပး သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာ ထားသည္။

ျပည္ပမွတင္ သြင္းလာသည့္လူ စီးယာဥ္ မ်ားကို ၾသဂုတ္ ၁ ရက္မွစ၍ အင္ဂ်င္ပါဝါ အလိုက္ အခြန္မ်ား ေျဖေလွ်ာ့ေပးလိုက္ရာ အျမင့္ကား ေဈးမ်ား က်ပ္သိန္း ၂၀ မွ ၁၀၀အထိ ေဈးႏႉန္း က်ဆင္း လာႏိုင္ေၾကာင္း ကားေဈးကြက္ကြၽမ္းက်င္ သူမ်ားက ယေန႔ၾသဂုတ္ ၂ ရက္တြင္ သုံးသပ္ေျပာၾကားသည္။ ျပည္ပမွတင္သြင္းၿပီး အခြန္ေကာက္ခံလ်က္ ရွိသည့္ လူစီးယာဥ္မ်ားကို အခြန္ေျဖေလွ်ာ့ေပး၍ ဥေရာပႏိုင္ငံမွ တင္ သြင္းထားသည့္ က်ပ္သိန္း ၅၀၀ အထက္ကားမ်ားႏွင့္ ျပည္တြင္းတြင္ေရာင္းခ်လ်က္ရွိသည့္ တန္ဖိုးႀကီး အျမင့္ကားေဈးႏႈန္းမ်ား က်ဆင္း လာႏိုင္ကာ ျပည္တြင္းထုတ္ SKD ကားမ်ားလည္း ေဈးႏႈန္းလိုက္ပါ က်ဆင္းလာႏိုင္ေၾကာင္း သိရသည္။

“ၾသဂုတ္လ ၁ရက္ေန႔ ကေန ျပည္ပ ကတင္ သြင္းတဲ့ကားေတြကို Custom Duty ၁၀ ရာခိုင္ႏႉန္း အထိ ေလွ်ာ့ခ်ေပးလိုက္ေတာ့ ကားေတြ အားလုံးေဈးေတြ အထိုက္အေလွ်ာက္ က်လာမွာေသခ်ာတယ္။ ကားေဈးေတြက ၅ ရာခိုင္ႏႈန္းေလာက္က်လာႏိုင္တယ္။ အရင္က သိန္း ၅၀၀ က်မယ့္ကားေတြက အခုအခြန္ ေလွ်ာ့ေပးလိုက္ေတာ့ သိန္း ၄၇၀ ေလာက္ျဖစ္သြားမယ္။ CIF အရမ္းမ်ားတယ္ အင္ဂ်င္ပါဝါ ႀကီးတဲ့ ကားေတြကေတာ့ သိန္း ၅၀ ကေန ၁၀၀ ေလာက္အထိပိုထိႏိုင္တယ္။တန္ဖိုးႀကီး အျမင့္ကားေတြ သိန္း ၂၀ ကေန သိန္း ၁၀၀ အထိ ေဈးက် လာႏိုင္တယ္။ အျမင့္ကားေတြေဈးက်လာရင္ ေအာက္ကားေဈးကေတာ့ အနည္းငယ္ လိုက္က်ႏိုင္တာေပါ့။

SKD ကားေတြလည္း ကားေဈး အားလုံးက်ရင္ တင္းခံၿပီးေရာင္းဖို႔ဆိုတာ မလြယ္ေလာက္ဘူး။ အလိုက္ အထိုက္ ေဈးေတြခ်ေပးရတယ္။ ဒါကေဈးကြက္သေဘာပဲေလ “ဟုျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်ေနသူ ကိုေက်ာ္စြာက ျမန္မာတိုင္းမ္သို႔ ေျပာသည္။ အခြန္ ေလွ်ာ့လိုက္လို႔ ကားေဈးေတြ က်ဆင္းသြားမွာက အေသအခ်ာဘဲ။ တန္ဖိုးႀကီးတဲ့ကားက ေဈးပိုက်ႏိုင္တယ္။ အခုမွ ျပည္ပကမွာယူေနတဲ့ ကားေတြက အခြန္ေလွ်ာ့တဲ့အထဲ ပါမယ္။ဆိပ္ကမ္းေရာက္ၿပီးသား Custom Duty ေဆာင္ၿပီးသားကားေတြကေတာ့ အခြန္ေလွ်ာ့တာ မပါ ႏိုင္ဘူး။ SKD ကားေတြကလည္း ဒီအတိုင္းပဲ ၾသဂုတ္လေနာက္ပိုင္းမွ ေရာက္မယ့္ ကားေတြက ေဈးတစ္ခုအထိ ေလွ်ာ့လာႏိုင္တယ္။

အရင္အခြန္မေလွ်ာ့တဲ့အခြန္နဲ႔ SKD ကားေတြႀကိဳမွာထားတဲ့သူေတြ ဆို ျပသာနာျဖစ္ႏိုင္တယ္။ SKD က အခြန္ ၀ ရာခိုင္ႏႈန္းျဖစ္တဲ့ကားဆို ျပႆနာမရွိဘူး။ ၁၀ ရာခိုင္ႏႈန္း ေဆာင္ေနတဲ့ကားဆို ကားဝယ္တဲ့သူနဲ႔ စကားေျပာစရာေတြျဖစ္လာမယ္။ အမွန္က အခြန္ ဘယ္ေလာက္ ေလွ်ာ့မယ္ဆိုတာ ႀကိဳတင္ေၾကညာေပးသင့္ပါတယ္။ အခုက ျဗဳန္းစားႀကီး ဆိုေတာ့ အဆင္မေျပဘူးေပါ့။”ဟု ျပည္တြင္းထုတ္ SKD စနစ္ ျဖင့္ Dealer ယူေရာင္းခ်ေနသူ ဦးစိုင္းက ၾသဂုတ္ ၂ ရက္တြင္ ျမန္မာတိုင္းမ္သို႔ ေျပာသည္။

REF; ျမန္မာတိုင္းမ္

UNICODE

မော်တော်ယာဉ်နှင့် ပတ်သက်ပြီး အခွန်များ လျှော့ပေးရာတွင် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်နေသည့် SKD စနစ်ဖြင့်တင်သွင်းလာသော ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ် များ အတွက် လက်ရှိ အကောက်ခွန်နှုန်း၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ SKD စနစ်ဖြင့်တင်သွင်းလာ ၂၀၀၁ စီစီနှင့်အထက် မော် တော်ယာဉ်များအတွက် လက်ရှိ အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း သြဂုတ်လ ၁ရက်မှစ၍ ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

ပြည်ပမှတင် သွင်းလာသည့်လူ စီးယာဉ် များကို သြဂုတ် ၁ ရက်မှစ၍ အင်ဂျင်ပါဝါ အလိုက် အခွန်များ ဖြေလျှော့ပေးလိုက်ရာ အမြင့်ကား ဈေးများ ကျပ်သိန်း ၂၀ မှ ၁၀၀အထိ ဈေးနှူန်း ကျဆင်း လာနိုင်ကြောင်း ကားဈေးကွက်ကျွမ်းကျင် သူများက ယနေ့သြဂုတ် ၂ ရက်တွင် သုံးသပ်ပြောကြားသည်။ ပြည်ပမှတင်သွင်းပြီး အခွန်ကောက်ခံလျက် ရှိသည့် လူစီးယာဉ်များကို အခွန်ဖြေလျှော့ပေး၍ ဥရောပနိုင်ငံမှ တင် သွင်းထားသည့် ကျပ်သိန်း ၅၀၀ အထက်ကားများနှင့် ပြည်တွင်းတွင်ရောင်းချလျက်ရှိသည့် တန်ဖိုးကြီး အမြင့်ကားဈေးနှုန်းများ ကျဆင်း လာနိုင်ကာ ပြည်တွင်းထုတ် SKD ကားများလည်း ဈေးနှုန်းလိုက်ပါ ကျဆင်းလာနိုင်ကြောင်း သိရသည်။

“သြဂုတ်လ ၁ရက်နေ့ ကနေ ပြည်ပ ကတင် သွင်းတဲ့ကားတွေကို Custom Duty ၁၀ ရာခိုင်နှူန်း အထိ လျှော့ချပေးလိုက်တော့ ကားတွေ အားလုံးဈေးတွေ အထိုက်အလျှောက် ကျလာမှာသေချာတယ်။ ကားဈေးတွေက ၅ ရာခိုင်နှုန်းလောက်ကျလာနိုင်တယ်။ အရင်က သိန်း ၅၀၀ ကျမယ့်ကားတွေက အခုအခွန် လျှော့ပေးလိုက်တော့ သိန်း ၄၇၀ လောက်ဖြစ်သွားမယ်။ CIF အရမ်းများတယ် အင်ဂျင်ပါဝါ ကြီးတဲ့ ကားတွေကတော့ သိန်း ၅၀ ကနေ ၁၀၀ လောက်အထိပိုထိနိုင်တယ်။တန်ဖိုးကြီး အမြင့်ကားတွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ ဈေးကျ လာနိုင်တယ်။ အမြင့်ကားတွေဈေးကျလာရင် အောက်ကားဈေးကတော့ အနည်းငယ် လိုက်ကျနိုင်တာပေါ့။

SKD ကားတွေလည်း ကားဈေး အားလုံးကျရင် တင်းခံပြီးရောင်းဖို့ဆိုတာ မလွယ်လောက်ဘူး။ အလိုက် အထိုက် ဈေးတွေချပေးရတယ်။ ဒါကဈေးကွက်သဘောပဲလေ “ဟုပြည်ပမှ မော်တော်ယာဉ်တင်သွင်းရောင်းချနေသူ ကိုကျော်စွာက မြန်မာတိုင်းမ်သို့ ပြောသည်။ အခွန် လျှော့လိုက်လို့ ကားဈေးတွေ ကျဆင်းသွားမှာက အသေအချာဘဲ။ တန်ဖိုးကြီးတဲ့ကားက ဈေးပိုကျနိုင်တယ်။ အခုမှ ပြည်ပကမှာယူနေတဲ့ ကားတွေက အခွန်လျှော့တဲ့အထဲ ပါမယ်။ဆိပ်ကမ်းရောက်ပြီးသား Custom Duty ဆောင်ပြီးသားကားတွေကတော့ အခွန်လျှော့တာ မပါ နိုင်ဘူး။ SKD ကားတွေကလည်း ဒီအတိုင်းပဲ သြဂုတ်လနောက်ပိုင်းမှ ရောက်မယ့် ကားတွေက ဈေးတစ်ခုအထိ လျှော့လာနိုင်တယ်။

အရင်အခွန်မလျှော့တဲ့အခွန်နဲ့ SKD ကားတွေကြိုမှာထားတဲ့သူတွေ ဆို ပြသာနာဖြစ်နိုင်တယ်။ SKD က အခွန် ၀ ရာခိုင်နှုန်းဖြစ်တဲ့ကားဆို ပြဿနာမရှိဘူး။ ၁၀ ရာခိုင်နှုန်း ဆောင်နေတဲ့ကားဆို ကားဝယ်တဲ့သူနဲ့ စကားပြောစရာတွေဖြစ်လာမယ်။ အမှန်က အခွန် ဘယ်လောက် လျှော့မယ်ဆိုတာ ကြိုတင်ကြေညာပေးသင့်ပါတယ်။ အခုက ဗြုန်းစားကြီး ဆိုတော့ အဆင်မပြေဘူးပေါ့။”ဟု ပြည်တွင်းထုတ် SKD စနစ် ဖြင့် Dealer ယူရောင်းချနေသူ ဦးစိုင်းက သြဂုတ် ၂ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောသည်။

REF;  မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *