႐ုရွား နဲ႔ တ႐ုတ္ တို႔ ထုတ္လုပ္ တဲ့ ကိုဗစ္ကာကြယ္ေဆးကို ယုံၾကည္စရာ အေၾကာင္းမရွိဘူးလို႔ အေမရိကန္ ထိပ္တန္းပညာရွင္ ေျပာၿပီ

အေမရိကန္ အစိုးရရဲ႕ ထိပ္တန္း က်န္းမာေရး အရာရွိ ေဒါက္တာ အန္သိုနီ ေဖာ္စီက တ႐ုတ္နဲ႔ ႐ုရွားတို႔မွာ ေဖာ္စပ္တဲ့ ကာကြယ္ေဆးေတြကို လုံေလာက္တဲ့ စံခ်ိန္စံၫႊန္းေတြနဲ႔အမီ စစ္ေဆး စမ္းသပ္ထားမယ္လို႔ မယုံၾကည္ေၾကာင္း ေဝဖန္ထားပါတယ္။ အဓိပၸါယ္ကေတာ့ ဒီေဆးေတြ ရဲ႕ အာနိသင္နဲ႔ ေဘးကင္းလုံၿခဳံမႈ အပိုင္းေတြမွာ ဟာကြက္ေတြ ရွိေနႏိုင္တယ္ဆိုတဲ့ သေဘာပါ။ ႐ုရွား သတင္းဌာနေတြကေတာ့ ေမာ္စကို အေျခစိုက္ ေဆးသုေတသန ဌာန တစ္ခုျဖစ္တဲ့ Gamaleyaဟာ ကာကြယ္ေဆးကို လက္ေတြ႕ စမ္းသပ္မႈေတြ ၿပီးေျမာက္လို႔။

မူပိုင္ခြင့္ မွတ္ပုံတင္ဖို႔ေတာင္ စီစဥ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။ကိုဗစ္ကာကြယ္ေဆးကို ေအာက္တိုဘာ လကစၿပီး အလုံးအရင္း စတင္ ထိုးႏွံေပးသြားဖို႔ ႐ုရွား က်န္းမာေရး ဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း သိရပါတယ္။က်န္းမာေရး ဝန္ႀကီး မစ္ေခးလ္ မူရက္ရွ္ကိုက ျပည္တြင္း ျဖစ္ စမ္းသပ္ တီထြင္ထားတဲ့ ကာကြယ္ေဆးကို ေက်ာင္းဆရာ ဆရာမေတြနဲ႔ ဆရာဝန္ေတြ၊ က်န္းမာေရး ဝန္ထမ္းေတြအတြက္ ဦးစားေပး အဆင့္ ထိုးေပးသြားမယ္လို႔ ျပည္တြင္း သတင္းဌာန တစ္ခုကို ေျပာၾကားခဲ့ ပါတယ္။

အမည္ေဖာ္မျပတဲ့ က်န္းမာေရးဌာန အရာရွိ တစ္ဦးက စမ္းသပ္အဆင့္ ကာကြယ္ေဆးဟာ အခုလထဲမွာ အစိုးရဆီက တရားဝင္ ခြင့္ျပဳမိန႔္ ရရွိလာႏိုင္ေၾကာင္း မွတ္ခ်က္ ေပးထားပါတယ္။ ႐ုရွားဟာ Covid-19 ကာကြယ္ေဆးကို ပထမဆုံး ထုတ္လုပ္ႏိုင္တဲ့ ကမာၻ႔ႏိုင္ငံ ျဖစ္လာေစ မယ္လို႔ ေႂကြးေၾကာ္ထားပါတယ္။ဒါေပမဲ့ ႏိုင္ငံတကာ က်န္းမာေရး သုေတသီေတြကေတာ့ ႐ုရွားရဲ႕ ခပ္ျမန္ျမန္ စမ္းသပ္ၿပီး အလုံးအရင္း ထုတ္လုပ္မယ့္ ကာကြယ္ေဆး မဟာဗ်ဴဟာအေပၚ သံသယနဲ႔ ေမးခြန္းထုတ္တာမ်ိဳးေတြ ရွိေနပါတယ္။

REF: SHWE WIKI

UNICODE

အမေရိကန် အစိုးရရဲ့ ထိပ်တန်း ကျန်းမာရေး အရာရှိ ဒေါက်တာ အန်သိုနီ ဖော်စီက တရုတ်နဲ့ ရုရှားတို့မှာ ဖော်စပ်တဲ့ ကာကွယ်ဆေးတွေကို လုံလောက်တဲ့ စံချိန်စံညွှန်းတွေနဲ့အမီ စစ်ဆေး စမ်းသပ်ထားမယ်လို့ မယုံကြည်ကြောင်း ဝေဖန်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ဒီဆေးတွေ ရဲ့ အာနိသင်နဲ့ ဘေးကင်းလုံခြုံမှု အပိုင်းတွေမှာ ဟာကွက်တွေ ရှိနေနိုင်တယ်ဆိုတဲ့ သဘောပါ။ ရုရှား သတင်းဌာနတွေကတော့ မော်စကို အခြေစိုက် ဆေးသုတေသန ဌာန တစ်ခုဖြစ်တဲ့ Gamaleyaဟာ ကာကွယ်ဆေးကို လက်တွေ့ စမ်းသပ်မှုတွေ ပြီးမြောက်လို့။

မူပိုင်ခွင့် မှတ်ပုံတင်ဖို့တောင် စီစဉ်နေကြောင်း ဖော်ပြထားပါတယ်။ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာ လကစပြီး အလုံးအရင်း စတင် ထိုးနှံပေးသွားဖို့ ရုရှား ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရပါတယ်။ကျန်းမာရေး ဝန်ကြီး မစ်ခေးလ် မူရက်ရှ်ကိုက ပြည်တွင်း ဖြစ် စမ်းသပ် တီထွင်ထားတဲ့ ကာကွယ်ဆေးကို ကျောင်းဆရာ ဆရာမတွေနဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဦးစားပေး အဆင့် ထိုးပေးသွားမယ်လို့ ပြည်တွင်း သတင်းဌာန တစ်ခုကို ပြောကြားခဲ့ ပါတယ်။

အမည်ဖော်မပြတဲ့ ကျန်းမာရေးဌာန အရာရှိ တစ်ဦးက စမ်းသပ်အဆင့် ကာကွယ်ဆေးဟာ အခုလထဲမှာ အစိုးရဆီက တရားဝင် ခွင့်ပြုမိန့် ရရှိလာနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။ ရုရှားဟာ Covid-19 ကာကွယ်ဆေးကို ပထမဆုံး ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့နိုင်ငံ ဖြစ်လာစေ မယ်လို့ ကြွေးကြော်ထားပါတယ်။ဒါပေမဲ့ နိုင်ငံတကာ ကျန်းမာရေး သုတေသီတွေကတော့ ရုရှားရဲ့ ခပ်မြန်မြန် စမ်းသပ်ပြီး အလုံးအရင်း ထုတ်လုပ်မယ့် ကာကွယ်ဆေး မဟာဗျူဟာအပေါ် သံသယနဲ့ မေးခွန်းထုတ်တာမျိုးတွေ ရှိနေပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *