ကိုဗစ္-၁၉ ဟာ တ႐ုတ္ အစိုးရစစ္တပ္ ဓာတ္ခြဲခန္း က ထြက္ေပၚ လာတာ လို႔ ေဟာင္ေကာင္ေဆးပညာရွင္ ေဖာ္ထုတ္ၿပီ

ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္မေျပာခင္ ေဒါက္တာ Li Meng-Yan ဟာသူ႔ရဲ႕လုံၿခဳံေရးအတြက္ ၿပီးခဲ့တဲ့ဧၿပီလက ေဟာင္ေကာင္ က ေနအေမရိကန္ကို ထြက္ေျပးလာခဲ့တာပါ …။ ဒီလဆန္းပိုင္းက Fox News သတင္းဌာနနဲ႔ေတြ႕ဆုံတုန္းကေတာ့ တ႐ုတ္အစိုးရဟာ ကူးစက္ ေရာဂါနဲ႔ပတ္သက္လို႔ သတင္းမွန္ေပးသူေတြကို ဘယ္လိုႏွိပ္ကြပ္ေၾကာင္း သူသိေနသလို သူလြတ္ေျမာက္ လာတာဟာ ကမာၻႀကီးကို သ တင္းအမွန္ေပးဖို႔ျဖစ္တယ္ … လို႔လဲေျပာၾကားသြားပါတယ္ ။ေဒါက္တာ Li Meng-Yan က သူဟာကမာၻေပၚမွာ Coronavirus ကိုေလ့လာ တဲ့ပထမဆုံးသိပၸံပညာရွင္တဦး ပါလို႔လဲေျပာပါတယ္ ။

သူမဟာ WHO အသိအမွတ္ျပဳ တကၠသိုလ္ဓာတ္ခြဲခန္းမွာ ႀကီးၾကပ္ေရးမႉး ေဒါက္တာ Leo Poon ကို ၂၀၁၉၊ ဒီဇင္ဘာလအကုန္မွာ ဝူဟန္ မွာျဖစ္ပြားခဲ့တဲ့ SARS နဲ႔ပတ္သက္လို႔ ေလ့လာဖို႔တင္ျပခဲ့ပါတယ္ ။ ဒါေပမယ့္ ေဒါက္တာ Leo Poon ကတ႐ုတ္အစိုးရဟာ ႏိုင္ငံျခားသား ကြၽမ္းက်င္သူေတြကို တ႐ုတ္ႏိုင္ငံထဲမွာ သုေတသနလုပ္ခြင့္မေပးဘူး ။ အဲဒီအထဲမွာ ေဟာင္ေကာင္ကပညာရွင္ေတြလဲပါတယ္ … လို႔ေျပာ ျပခဲ့ပါတယ္။ ဒါေၾကာင့္ငါဟာ ငါ့ရဲ႕သူငယ္ခ်င္း၊ မိတ္ေဆြေတြရဲ႕ အားေပးမႈကိုပဲအားထားခဲ့ရတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ပထမဆုံး ေတြ႕ရွိ ခ်က္ေတြကို ႀကီးၾကပ္ေရးမႉးဆီတင္ျပတဲ့အခါ တိတ္တိတ္ေန၊ အေနအထိုင္ဂ႐ုစိုက္ … ဆိုတဲ့အေျဖပဲျပန္ရခဲ့ပါတယ္။

ေက်ာင္းကေျပာေရးဆိုခြင့္ရွိသူအေျပာအရေတာ့ အဲဒီအခ်ိန္က သူဟာေက်ာင္းမွာ လက္ရွိဝန္ထမ္းလဲမဟုတ္ေတာ့ပါဘူး …။ လက္ရွိနဲ႔ အရင္ဝန္ထမ္းေတြကို ေလးစားတဲ့အေနနဲ႔ သူနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို က်ေနာ္တို႔ထုတ္ေဖာ္ေျပာမွာ မဟုတ္ပါဘူး …။ ဒီ့အတြက္ သူနားလည္မယ္လို႔ ေမွ်ာ္လင့္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ျပည္မွ အေမရိကန္ႏိုင္ငံသို႔ ထြက္ေျပး လြတ္ေျမာက္လာ ေသာ ေဟာင္ေကာင္ျပည္သူ႔ က်န္းမာေရးေက်ာင္းမွ ဗိုင္းရပ္စ္ဆိုင္ရာအထူးကု သိပၸံပညာရွင္ အမ်ိဳးသမီး ေဒါက္တာ Li Meng-Yan က Covid-19 Virus ဟာတ႐ုတ္အစိုးရေျပာသလို သားစိမ္း၊ ငါးစိမ္းေဈးကစတင္ျဖစ္ေပၚလာတာမဟုတ္ပဲ ။

အစိုးရစစ္တပ္ဓာတ္ခြဲခန္းက စတင္ဖန္တီးလိုက္တာလို႔ ဒီေန႔ (၃-၈-၂၀၂၀)မွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္ …။ ဒါေပမယ့္ တ႐ုတ္အ စိုးရကေတာ့ မဟုတ္၊ မမွန္ပါဘူးလို႔ျငင္းဆိုလိုက္ပါတယ္။ထိုင္ဝမ္သတင္း ေအဂ်င္စီ Lude Press နဲ႔ တိုက္႐ိုက္ထုတ္လႊင့္တဲ့ အင္တာဗ်ဴးမွာ ေဒါက္တာ Li Meng-Yan က … အဲဒီအခ်ိန္ကတည္းက ဒါဟာစစ္တပ္ဓာတ္ခြဲခန္းကလာတာ ငါရွင္းရွင္းလင္းလင္းသိခဲ့တယ္။ သားစိမ္း၊ ငါးစိမ္းေဈးကလာတယ္ဆိုတာ သူတို႔ရဲ႕လွည့္စားမႈတခုပါပဲ ။ ဒါကိုအထက္အရာရွိကို တင္ျပေတာ့ အေလးအနက္မထား၊ လစ္လွ်ဴရႈျခင္းကို ခံခဲ့ရတယ္ ။ ကြန္ျမဴနစ္ပါတီတာဝန္ရွိသူ အဆင့္ဆင့္ကို တင္ျပဖို႔ကလဲ မလြယ္ပါဘူး လို႔ေျပာၾကားခဲ့ပါတယ္။

ဒါကို ငါထုတ္ေဖာ္ေျပာလိုက္ရင္ ငါဟာ ေဟာင္ေကာင္မွာ ဆႏၵျပေနသူေတြလိုပဲ အခ်ိန္မေ႐ြး ေပ်ာက္ကြယ္သြားႏိုင္တာကို ငါသိေနတယ္ …။ ငါ့နံမည္ေတာင္မွ ရွိေတာ့မွာမဟုတ္ဘူးေလ။ ဒါေပမယ့္ ငါေပ်ာက္ကြယ္မသြားခင္မွာ အမွန္တရားကိုရွာေဖြဖို႔တာဝန္ရွိတယ္လို႔ ငါခံယူခဲ့ တယ္ လို႔လဲထပ္ေလာင္းေျပာပါတယ္ ။သူဟာကြန္ျမဴနစ္ ပါတီအုပ္ခ်ဳပ္မႈေအာက္မွာ လူလားေျမာက္၊ ပညာေတြတတ္ခဲ့သူတဦးပါ …။ တ ႐ုတ္အစိုးရ ဘယ္လိုလုပ္တတ္၊ ကိုင္တတ္တယ္ဆိုတာကိုလဲ ေကာင္းေကာင္းသေဘာေပါက္ နားလည္ထားသူ တေယာက္လဲျဖစ္ပါတယ္။ ျပင္ပကမာၻကလူေတြအေနနဲ႔ တ႐ုတ္စစ္အစိုးရကို နားလည္ၿပီး တ႐ုတ္ျပည္သူေတြ အစိုးရကိုျဖဳတ္ခ်ဖို႔။

အကူအညီေတြေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေၾကာင့္ဒီကူးစက္ေရာဂါအေၾကာင္းကို အမွန္အတိုင္းေဖာ္ထုတ္ ေျပာၾကား သြားပါ့မယ္လို႔လဲ ထပ္ေလာင္းေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။

REF: SHWE WIKI

UNICODE

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ထုတ်ဖော်မပြောခင် ဒေါက်တာ Li Meng-Yan ဟာသူ့ရဲ့လုံခြုံရေးအတွက် ပြီးခဲ့တဲ့ဧပြီလက ဟောင်ကောင် က နေအမေရိကန်ကို ထွက်ပြေးလာခဲ့တာပါ …။ ဒီလဆန်းပိုင်းက Fox News သတင်းဌာနနဲ့တွေ့ဆုံတုန်းကတော့ တရုတ်အစိုးရဟာ ကူးစက် ရောဂါနဲ့ပတ်သက်လို့ သတင်းမှန်ပေးသူတွေကို ဘယ်လိုနှိပ်ကွပ်ကြောင်း သူသိနေသလို သူလွတ်မြောက် လာတာဟာ ကမ္ဘာကြီးကို သ တင်းအမှန်ပေးဖို့ဖြစ်တယ် … လို့လဲပြောကြားသွားပါတယ် ။ဒေါက်တာ Li Meng-Yan က သူဟာကမ္ဘာပေါ်မှာ Coronavirus ကိုလေ့လာ တဲ့ပထမဆုံးသိပ္ပံပညာရှင်တဦး ပါလို့လဲပြောပါတယ် ။

သူမဟာ WHO အသိအမှတ်ပြု တက္ကသိုလ်ဓာတ်ခွဲခန်းမှာ ကြီးကြပ်ရေးမှူး ဒေါက်တာ Leo Poon ကို ၂၀၁၉၊ ဒီဇင်ဘာလအကုန်မှာ ဝူဟန် မှာဖြစ်ပွားခဲ့တဲ့ SARS နဲ့ပတ်သက်လို့ လေ့လာဖို့တင်ပြခဲ့ပါတယ် ။ ဒါပေမယ့် ဒေါက်တာ Leo Poon ကတရုတ်အစိုးရဟာ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို တရုတ်နိုင်ငံထဲမှာ သုတေသနလုပ်ခွင့်မပေးဘူး ။ အဲဒီအထဲမှာ ဟောင်ကောင်ကပညာရှင်တွေလဲပါတယ် … လို့ပြော ပြခဲ့ပါတယ်။ ဒါကြောင့်ငါဟာ ငါ့ရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အားပေးမှုကိုပဲအားထားခဲ့ရတယ်လို့ ပြောပါတယ်။ သူ့ရဲ့ပထမဆုံး တွေ့ရှိ ချက်တွေကို ကြီးကြပ်ရေးမှူးဆီတင်ပြတဲ့အခါ တိတ်တိတ်နေ၊ အနေအထိုင်ဂရုစိုက် … ဆိုတဲ့အဖြေပဲပြန်ရခဲ့ပါတယ်။

ကျောင်းကပြောရေးဆိုခွင့်ရှိသူအပြောအရတော့ အဲဒီအချိန်က သူဟာကျောင်းမှာ လက်ရှိဝန်ထမ်းလဲမဟုတ်တော့ပါဘူး …။ လက်ရှိနဲ့ အရင်ဝန်ထမ်းတွေကို လေးစားတဲ့အနေနဲ့ သူနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ကျနော်တို့ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး …။ ဒီ့အတွက် သူနားလည်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။တရုတ်ပြည်မှ အမေရိကန်နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်လာ သော ဟောင်ကောင်ပြည်သူ့ ကျန်းမာရေးကျောင်းမှ ဗိုင်းရပ်စ်ဆိုင်ရာအထူးကု သိပ္ပံပညာရှင် အမျိုးသမီး ဒေါက်တာ Li Meng-Yan က Covid-19 Virus ဟာတရုတ်အစိုးရပြောသလို သားစိမ်း၊ ငါးစိမ်းဈေးကစတင်ဖြစ်ပေါ်လာတာမဟုတ်ပဲ ။

အစိုးရစစ်တပ်ဓာတ်ခွဲခန်းက စတင်ဖန်တီးလိုက်တာလို့ ဒီနေ့ (၃-၈-၂၀၂၀)မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ် …။ ဒါပေမယ့် တရုတ်အ စိုးရကတော့ မဟုတ်၊ မမှန်ပါဘူးလို့ငြင်းဆိုလိုက်ပါတယ်။ထိုင်ဝမ်သတင်း အေဂျင်စီ Lude Press နဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ဒေါက်တာ Li Meng-Yan က … အဲဒီအချိန်ကတည်းက ဒါဟာစစ်တပ်ဓာတ်ခွဲခန်းကလာတာ ငါရှင်းရှင်းလင်းလင်းသိခဲ့တယ်။ သားစိမ်း၊ ငါးစိမ်းဈေးကလာတယ်ဆိုတာ သူတို့ရဲ့လှည့်စားမှုတခုပါပဲ ။ ဒါကိုအထက်အရာရှိကို တင်ပြတော့ အလေးအနက်မထား၊ လစ်လျှူရှုခြင်းကို ခံခဲ့ရတယ် ။ ကွန်မြူနစ်ပါတီတာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြဖို့ကလဲ မလွယ်ပါဘူး လို့ပြောကြားခဲ့ပါတယ်။

ဒါကို ငါထုတ်ဖော်ပြောလိုက်ရင် ငါဟာ ဟောင်ကောင်မှာ ဆန္ဒပြနေသူတွေလိုပဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တာကို ငါသိနေတယ် …။ ငါ့နံမည်တောင်မှ ရှိတော့မှာမဟုတ်ဘူးလေ။ ဒါပေမယ့် ငါပျောက်ကွယ်မသွားခင်မှာ အမှန်တရားကိုရှာဖွေဖို့တာဝန်ရှိတယ်လို့ ငါခံယူခဲ့ တယ် လို့လဲထပ်လောင်းပြောပါတယ် ။သူဟာကွန်မြူနစ် ပါတီအုပ်ချုပ်မှုအောက်မှာ လူလားမြောက်၊ ပညာတွေတတ်ခဲ့သူတဦးပါ …။ တ ရုတ်အစိုးရ ဘယ်လိုလုပ်တတ်၊ ကိုင်တတ်တယ်ဆိုတာကိုလဲ ကောင်းကောင်းသဘောပေါက် နားလည်ထားသူ တယောက်လဲဖြစ်ပါတယ်။ ပြင်ပကမ္ဘာကလူတွေအနေနဲ့ တရုတ်စစ်အစိုးရကို နားလည်ပြီး တရုတ်ပြည်သူတွေ အစိုးရကိုဖြုတ်ချဖို့။

အကူအညီတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့်ဒီကူးစက်ရောဂါအကြောင်းကို အမှန်အတိုင်းဖော်ထုတ် ပြောကြား သွားပါ့မယ်လို့လဲ ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *