တ႐ုတ္ႏိုင္ငံ ကို ပတ္ပတ္လည္ဝိုင္းရံထား တဲ့ ဒီမိုကေရစီ (၄) ႏိုင္ငံ မဟာ မိတ္ျပဳလိုက္ၿပီ

ဇူလိုင္ ၂၄ ရက္ေန႔က အေမရိကန္-အိႏၵိယစီးပြားေရးေကာင္စီ၏ India Ideas ထိပ္သီးအစည္းအေဝး၌ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေလးပြင့္ဆိုင္ မဟာမိတ္ အဖြဲ႕ ျပန္လည္ရွင္သန္လာေၾကာင္းႏွင့္ တိုးတက္ပြင့္လန္း လာေသာ အိႏၵိယႏိုင္ငံႏွင့္ မိတ္ဖက္ ျပဳမႈတြင္ သူ၏ ႏိုင္ငံက “ရည္မွန္းခ်က္ႀကီးမားေသာ ေခတ္သစ္တခု” ကို လိုလားေၾကာင္း ေၾကညာခဲ့သည္။က်ေနာ္တို႔က ႏိုင္ငံ ဆက္ဆံေရး အေျခခံေပၚမွာပဲ အျပန္အလွန္ဆက္ဆံတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ေတြဟာ ႀကီးက်ယ္တဲ့ ဒီမိုကေရစီႏိုင္ငံေတြ၊ ကမာၻ႔ အင္အားႀကီးႏိုင္ငံ ေတြ၊ တကယ္ကို ေကာင္းမြန္တဲ့ မိတ္ေဆြေတြ ဆိုတာကို က်ေနာ္တို႔ တဦးနဲ႔ တဦး အျပန္အလွန္ ျမင္ေတြ႕ေနရပါတယ္။

အိႏၵိယႏိုင္ငံဟာ ယုံၾကည္ စိတ္ခ် ရတဲ့၊ တိုက္ႀကီးမ်ားဆိုင္ရာ ျပႆနာေတြ အတြက္ အႀကံဉာဏ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ေတြ က်ေနာ္ ပုံ မွန္ေတာင္းဆိုရတဲ့ ေခါင္းေဆာင္ေတြနဲ႔ စိတ္တူသေဘာတူရွိတဲ့ ႏိုင္ငံ အနည္းငယ္ အနက္တခု အပါအဝင္ ျဖစ္ပါတယ္” ဟု Mike Pompeo က အြန္လိုင္း မွ တဆင့္ ျပဳလုပ္သည့္ အဆိုပါ အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။“က်ေနာ္တို႔ရဲ႕ ဆက္ဆံေရးက ပိုမိုၿပီးေတာ့ အားေကာင္း လာၿပီလို႔ က်ေနာ္ ယုံၾကည္ပါတယ္။ အရင္ကထက္ပိုၿပီး ခံႏိုင္ရည္ရွိစြာ၊ ဆန္းသစ္စြာနဲ႔ အခု လက္ရွိ စိန္ေခၚမႈကေန ေပၚထြက္လာၾကပါစို႔။ ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီ ၂ ခုၾကားက ပူးေပါင္းေဆာင္႐ြက္မႈ ပိုမို နက္ရႈိင္းေစဖို႔ အခိုက္အတန႔္ကို အမိအရ ယူၾကပါစို႔” ဟု ေျပာသည္။

ဟိမဝႏၲာတြင္ လူ အေသအေပ်ာက္ရွိေသာ ပဋိပကၡမ်ား ျဖစ္ပြားၿပီးေနာက္ အိႏၵိယတြင္ တ႐ုတ္ဆန႔္က်င္ေရးစိတ္ဓာတ္မ်ား တိုးပြားလာမႈကို အမိအရ အခြင့္ေကာင္းယူ၍ Mike Pompeo က တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္ေသာ၊ စီးပြားေရးအရ သီးျခား ျဖစ္ေသာ မဟာမိတ္အဖြဲ႕တခု ဖြဲ႕ စည္းရန္ ေတာင္းဆိုခဲ့သည္။ေတာင္ တ႐ုတ္ပင္လယ္မွ တ႐ုတ္ႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ အခြင့္အေရး ရွာေဖြေရး ဝါဒက ၎၏ အိမ္နီး ခ်င္း ႏိုင္ငံငယ္မ်ား ေသြးကြဲ ေစ႐ုံသာမက စိတ္တူသေဘာတူ အင္ဒိုပစိဖိတ္ အင္အားႀကီးႏိုင္ငံမ်ား၏ တ႐ုတ္ဆန႔္က်င္ေရး ေလးပြင့္ဆိုင္ မဟာမိတ္ဖြဲ႕စည္းမႈကိုလည္း ပိုမို လွ်င္ျမန္စြာ အားျဖည့္ေပးေနသည္။

ၿပီးခဲ့သည့္လတြင္ အေမရိကန္က ဒီမိုကရက္တစ္မဟာမိတ္မ်ား၊ မိတ္ဖက္မ်ားျဖစ္ ၾကေသာ ၾသစေၾတးလ်၊ ဂ်ပန္ႏွင့္ အိႏၵိယ တို႔ႏွင့္အတူ ပစိဖိတ္ႏွင့္ အိႏၵိယသမုဒၵရာတြင္ ေရတပ္စစ္ေရးေလ့က်င့္မႈမ်ား တၿပိဳင္နက္တည္း ျပဳလုပ္ခဲ့သည္။ အဆိုပါ ၄ ႏိုင္ငံသည္ အၿမဲတမ္း မဟုတ္ သည့္ “၄ ႏိုင္ငံ အျပန္အလွန္” ကာကြယ္ေရး အစီအစဥ္ကို ဖြဲ႕စည္းခဲ့ၾကသည္။ အာဏာရွင္ တ႐ုတ္ႏိုင္ငံ ပတ္ဝန္းက်င္တြင္ “အာရွ၏ ဒီမိုက ေရစီ စက္ဝန္းပိုင္း” တခုကို ထူေထာင္ရန္ ရည္႐ြယ္သည့္ သေဘာတရား ျဖစ္သည္။ၿပီးခဲ့သည့္ စစ္ေရးေလ့က်င့္မႈမ်ားသည္ ေတာင္တ႐ုတ္ ပင္လယ္ႏွင့္ ပတ္သက္၍ အေမရိကန္၏ အဓိက မူဝါဒ ထုတ္ျပန္ခ်က္ႏွင့္ တိုက္႐ိုက္ ပတ္သက္ေနေသာ ေနာက္ဆက္တြဲျဖစ္သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အျငင္းပြားေနေသာ ေရေၾကာင္းဧရိယာတြင္ တ႐ုတ္ႏိုင္ငံ၏ က်ယ္ျပန႔္ေသာ ေတာင္း ဆိုမႈမ်ားသည္ “တရားမဝင္” ဟု ေၾကညာခဲ့ၿပီး ထိုေနရာမ်ားအတြက္ ေတာင္းဆိုေနသည့္ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားကို အတိအလင္းပင္ ေက်ာေထာက္ေနာက္ခံေပးခဲ့သည္။ယခုအခါ အေမရိကန္က အိႏၵိယကို ေလးပြင့္ဆိုင္၏ ခိုင္မာေသာ ေထာက္တိုင္ တခု အျဖစ္ တက္ႂကြစြာ ဆြဲေဆာင္ေနသည္။ ပထမဆုံးအေနျဖင့္ အိႏၵိယႏိုင္ငံကို အေမရိကန္က လက္ခံက်င္းပေသာ G7 ထိပ္သီးအစည္းအေဝးတခုသို႔ တက္ ေရာက္ရန္ ဖိတ္ၾကားခံခဲ့ရသည္။

အစဥ္အလာအရဆိုလွ်င္ အေနာက္တိုင္းႏွင့္ ဂ်ပန္ ေခါင္းေဆာင္မ်ား စု႐ုံးၾကသည့္ အစည္းအေဝးျဖစ္သည္။ တ႐ုတ္ကို တန္ျပန္သည့္ လႈပ္ရွားမႈ တခုအေနျဖင့္ ႐ုရွား၊ ေတာင္ကိုရီးယားႏွင့္ ၾသစေၾတးလ်ႏိုင္ငံမ်ား အပါအဝင္ အဖြဲ႕ဝင္ ၁၁ ႏိုင္ငံ အထိ တိုးခ်ဲ႕ထားေသာ ထိပ္သီးအစည္းအေဝးတခုကို အိမ္ရွင္အျဖစ္ လက္ခံျပဳလုပ္ရန္ ရည္႐ြယ္ထားေၾကာင္း အေမရိကန္သမၼတ Donald Trump က ေၾကညာခဲ့သည္။ေႏြးေထြးလာေသာ အေမရိကန္-အိႏၵိယ မဟာဗ်ဴဟာေျမာက္ ဆက္ဆံမႈမ်ားက ဟိမဝႏၲာ ေဒသတြင္ တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံၾကား မၾကာေသးမီက ျဖစ္ပြားခဲ့ေသာ တိုက္ပြဲငယ္မ်ားႏွင့္ တိုက္ဆိုင္ေနသည္။

ဇြန္လ အတြင္းက ျဖစ္ပြားခဲ့သည့္ ျပင္းထန္ေသာ ထိေတြ႕မႈတခုတြင္ အိႏၵိယတပ္သား ၂၀ ခန႔္ ေသဆုံးခဲ့ရသည္။ သူတို႔ (အေမရိကန္ႏွင့္ အိႏၵိယ) သည္ အိႏၵိယႏွင့္ ပစိဖိတ္သမုဒၵရာ ၂ ခုလုံးတြင္ စာခ်ဳပ္မဟာမိတ္မ်ားျဖစ္ေသာ ဂ်ပန္၊ ၾသစေၾတးလ်တို႔ႏွင့္ ပထဝီ အေနအထား အရ က်ယ္ျပန႔္ေသာ ပူးတြဲေရတပ္လႈပ္ရွားမႈမ်ား မၾကာခဏ ျပဳလုပ္ျခင္းမ်ား တိုးလာျခင္းႏွင့္အတူ လက္တြဲထားၾကသည့္ အေနအထားသို႔ ေရာက္ရွိလာသည္။ဆယ္စုႏွစ္ တခုေက်ာ္အတြင္း ပထမဦးဆုံး အေနျဖင့္ ၾသစေၾတးလ်ႏိုင္ငံက အိႏၵိယ၏ ႏွစ္စဥ္ ျပဳလုပ္ေနက်ျဖစ္ေသာ Malabar ေရတပ္ေလ့က်င့္မႈသို႔ အေမရိကန္ႏွင့္ ဂ်ပန္ တို႔ႏွင့္အတူ ျပန္လည္ပါဝင္ရန္ ျဖစ္လာျခင္းက ။

တ႐ုတ္ႏိုင္ငံ၏ ဘက္ၿပိဳင္မႈမ်ားၾကားတြင္ စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ နက္ရႈိင္းလာျခင္း၏ ေနာက္ဆုံးနိမိတ္လကၡဏာ ျဖစ္သည္။ အင္ဒို ပစိဖိတ္ေဒသတြင္ “ဒီမိုကေရစီ လုံၿခဳံေရး စိန္ပြင့္” တခုကို ေတာင္းဆိုခဲ့သည့္ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Shinzo Abe သည္ စိတ္တူသေဘာတူ အင္ အားႀကီးႏိုင္ငံမ်ား၏ မဟာမိတ္ အဖြဲ႕သစ္တခု၏ အဓိက ဗိသုကာမ်ားထဲမွ တေယာက္ျဖစ္သည္။ ၂၀၀၀ ခုႏွစ္မ်ား အလယ္ပိုင္းမွစ၍ Shin zo Abe က အိႏၵိယႏွင့္ အေမရိကန္- ဂ်ပန္-ၾသစေၾတးလ် ၃ ႏိုင္ငံ မဟာမိတ္အၾကား ပိုမိုက်ယ္ျပန႔္သည့္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္း ေဆာင္႐ြက္မႈ အတြက္ တက္ႂကြစြာ တြန္းအားေပးေနခဲ့သည္။

၂၀၀၇ ခုႏွစ္တြင္ ေျပာဆိုေဆြးေႏြးမႈတခုအျဖစ္ ပထမဆုံးအႀကိမ္ အဆိုျပဳခဲ့သည့္ ၄ ပြင့္ဆိုင္သည္ အခက္အခဲမ်ားႏွင့္ ႏွစ္ေပါင္းမ်ားစြာ ႀကဳံ ေတြ႕ခဲ့ရသည္။ တ႐ုတ္ႏိုင္ငံႏွင့္ တည္ၿငိမ္ေသာ ဆက္ဆံေရးႏွင့္ အေရးႀကီးေသာ ကုန္သြယ္ေရးကို ထိန္းသိမ္းရန္ ရည္႐ြယ္ခ်က္ရွိေသာ အိႏၵိ ယ၊ ၾသစေၾတးလ်တို႔က တ႐ုတ္ဆန႔္က်င္ေရးမွန္းသိသာ သည့္ မဟာမိတ္အဖြဲ႕ တခုတြင္ ပါဝင္ရန္ ယခုအခ်ိန္အထိ တြန႔္ဆုတ္ေနခဲ့ၾကသည္ ။ အလားတူပင္ အေမရိကန္အစိုးရမ်ားကလည္း အေရွ႕အလယ္ပိုင္းႏွင့္ အာဖဂန္နစ္စတန္တြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးကို ပိုမိုအာ႐ုံ စိုက္ခဲ့ၾကၿပီး Barack Obama အစိုးရက အာရွမွ မဟာဗ်ဴဟာေျမာက္ အရင္းအျမစ္မ်ား၏ အဓိကက်မႈကို ေျပာဆိုခဲ့ၾကသည့္တိုင္။

တ႐ုတ္ ႏိုင္ငံႏွင့္ ထိေတြ႕ဆက္ဆံမႈ ျပဳလုပ္သည့္ မဟာဗ်ဴဟာကို အဓိကထား ေဆာင္႐ြက္ေနဆဲ ျဖစ္သည္။သို႔ေသာ္ အိႏၵိယ၊ ၾသစေၾတး လ်ႏွင့္ အေမရိကန္တို႔တြင္ ပိုမို၍ ေရွး႐ိုးစြဲဆန္သည့္ ေခါင္းေဆာင္မ်ား တက္လာျခင္းက မၾကာေသးမီလမ်ားအတြင္း တ႐ုတ္ႏွင့္ ပထဝီ ႏိုင္ငံေရး တင္းမာမႈမ်ား ပိုမိုနက္ရႈိင္းလာျခင္းႏွင့္ အတူ ၄ ႏိုင္ငံကို ပို၍ မဟာဗ်ဴဟာေျမာက္ အလားအလာရွိေသာ ဘဝသစ္ကို ေရာက္ရွိ ေစခဲ့သည္။ပို၍ သတိႀကီးစြာထားခဲ့ေသာ ယခင္အစိုးရမ်ားႏွင့္ မတူဘဲ Donald Trump အစိုးရက ၄ ပြင့္ဆိုင္ မဟာမိတ္အဖြဲ႕အား တ႐ုတ္ ကို ဆန႔္က်င္ေသာ ေျမကတုတ္အျဖစ္ အျပည့္အဝ လက္ခံခဲ့သည္။

မၾကာေသးမီက အေမရိကန္က ဒီမိုကေရစီႏွင့္ အာဏာရွင္မ်ားၾကား ျခားနားေပးမည့္ စစ္ေအး ေခတ္သစ္တခုႏွင့္ ပတ္သက္ေသာ အယူ အဆကို ေျပာဆိုခဲ့သည္။ ဒီမိုကေရစီ ဆိုသည္မွာ ၄ ပြင့္ဆိုင္ မဟာမိတ္ အဖြဲ႕အား ဆိုလိုျခင္း ျဖစ္ၿပီး အာဏာရွင္ဆိုသည္မွာ တ႐ုတ္ႏိုင္ငံကို ရည္႐ြယ္ျခင္း ျဖစ္သည္။

REF: SHWE WIKI

UNICODE

ဇူလိုင် ၂၄ ရက်နေ့က အမေရိကန်-အိန္ဒိယစီးပွားရေးကောင်စီ၏ India Ideas ထိပ်သီးအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က လေးပွင့်ဆိုင် မဟာမိတ် အဖွဲ့ ပြန်လည်ရှင်သန်လာကြောင်းနှင့် တိုးတက်ပွင့်လန်း လာသော အိန္ဒိယနိုင်ငံနှင့် မိတ်ဖက် ပြုမှုတွင် သူ၏ နိုင်ငံက “ရည်မှန်းချက်ကြီးမားသော ခေတ်သစ်တခု” ကို လိုလားကြောင်း ကြေညာခဲ့သည်။ကျနော်တို့က နိုင်ငံ ဆက်ဆံရေး အခြေခံပေါ်မှာပဲ အပြန်အလှန်ဆက်ဆံတာ မဟုတ်ပါဘူး။ ကျနော်တို့တွေဟာ ကြီးကျယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံ တွေ၊ တကယ်ကို ကောင်းမွန်တဲ့ မိတ်ဆွေတွေ ဆိုတာကို ကျနော်တို့ တဦးနဲ့ တဦး အပြန်အလှန် မြင်တွေ့နေရပါတယ်။

အိန္ဒိယနိုင်ငံဟာ ယုံကြည် စိတ်ချ ရတဲ့၊ တိုက်ကြီးများဆိုင်ရာ ပြဿနာတွေ အတွက် အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ကျနော် ပုံ မှန်တောင်းဆိုရတဲ့ ခေါင်းဆောင်တွေနဲ့ စိတ်တူသဘောတူရှိတဲ့ နိုင်ငံ အနည်းငယ် အနက်တခု အပါအဝင် ဖြစ်ပါတယ်” ဟု Mike Pompeo က အွန်လိုင်း မှ တဆင့် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။“ကျနော်တို့ရဲ့ ဆက်ဆံရေးက ပိုမိုပြီးတော့ အားကောင်း လာပြီလို့ ကျနော် ယုံကြည်ပါတယ်။ အရင်ကထက်ပိုပြီး ခံနိုင်ရည်ရှိစွာ၊ ဆန်းသစ်စွာနဲ့ အခု လက်ရှိ စိန်ခေါ်မှုကနေ ပေါ်ထွက်လာကြပါစို့။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ ၂ ခုကြားက ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေဖို့ အခိုက်အတန့်ကို အမိအရ ယူကြပါစို့” ဟု ပြောသည်။

ဟိမဝန္တာတွင် လူ အသေအပျောက်ရှိသော ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တိုးပွားလာမှုကို အမိအရ အခွင့်ကောင်းယူ၍ Mike Pompeo က တရုတ်နိုင်ငံကို ဆန့်ကျင်သော၊ စီးပွားရေးအရ သီးခြား ဖြစ်သော မဟာမိတ်အဖွဲ့တခု ဖွဲ့ စည်းရန် တောင်းဆိုခဲ့သည်။တောင် တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အခွင့်အရေး ရှာဖွေရေး ဝါဒက ၎င်း၏ အိမ်နီး ချင်း နိုင်ငံငယ်များ သွေးကွဲ စေရုံသာမက စိတ်တူသဘောတူ အင်ဒိုပစိဖိတ် အင်အားကြီးနိုင်ငံများ၏ တရုတ်ဆန့်ကျင်ရေး လေးပွင့်ဆိုင် မဟာမိတ်ဖွဲ့စည်းမှုကိုလည်း ပိုမို လျှင်မြန်စွာ အားဖြည့်ပေးနေသည်။

ပြီးခဲ့သည့်လတွင် အမေရိကန်က ဒီမိုကရက်တစ်မဟာမိတ်များ၊ မိတ်ဖက်များဖြစ် ကြသော သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယ တို့နှင့်အတူ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ တပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။ အဆိုပါ ၄ နိုင်ငံသည် အမြဲတမ်း မဟုတ် သည့် “၄ နိုင်ငံ အပြန်အလှန်” ကာကွယ်ရေး အစီအစဉ်ကို ဖွဲ့စည်းခဲ့ကြသည်။ အာဏာရှင် တရုတ်နိုင်ငံ ပတ်ဝန်းကျင်တွင် “အာရှ၏ ဒီမိုက ရေစီ စက်ဝန်းပိုင်း” တခုကို ထူထောင်ရန် ရည်ရွယ်သည့် သဘောတရား ဖြစ်သည်။ပြီးခဲ့သည့် စစ်ရေးလေ့ကျင့်မှုများသည် တောင်တရုတ် ပင်လယ်နှင့် ပတ်သက်၍ အမေရိကန်၏ အဓိက မူဝါဒ ထုတ်ပြန်ချက်နှင့် တိုက်ရိုက် ပတ်သက်နေသော နောက်ဆက်တွဲဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အငြင်းပွားနေသော ရေကြောင်းဧရိယာတွင် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော တောင်း ဆိုမှုများသည် “တရားမဝင်” ဟု ကြေညာခဲ့ပြီး ထိုနေရာများအတွက် တောင်းဆိုနေသည့် အရှေ့တောင် အာရှနိုင်ငံများကို အတိအလင်းပင် ကျောထောက်နောက်ခံပေးခဲ့သည်။ယခုအခါ အမေရိကန်က အိန္ဒိယကို လေးပွင့်ဆိုင်၏ ခိုင်မာသော ထောက်တိုင် တခု အဖြစ် တက်ကြွစွာ ဆွဲဆောင်နေသည်။ ပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံကို အမေရိကန်က လက်ခံကျင်းပသော G7 ထိပ်သီးအစည်းအဝေးတခုသို့ တက် ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

အစဉ်အလာအရဆိုလျှင် အနောက်တိုင်းနှင့် ဂျပန် ခေါင်းဆောင်များ စုရုံးကြသည့် အစည်းအဝေးဖြစ်သည်။ တရုတ်ကို တန်ပြန်သည့် လှုပ်ရှားမှု တခုအနေဖြင့် ရုရှား၊ တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံများ အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံ အထိ တိုးချဲ့ထားသော ထိပ်သီးအစည်းအဝေးတခုကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့သည်။နွေးထွေးလာသော အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံမှုများက ဟိမဝန္တာ ဒေသတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်များနှင့် တိုက်ဆိုင်နေသည်။

ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ထိတွေ့မှုတခုတွင် အိန္ဒိယတပ်သား ၂၀ ခန့် သေဆုံးခဲ့ရသည်။ သူတို့ (အမေရိကန်နှင့် အိန္ဒိယ) သည် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုလုံးတွင် စာချုပ်မဟာမိတ်များဖြစ်သော ဂျပန်၊ သြစတြေးလျတို့နှင့် ပထဝီ အနေအထား အရ ကျယ်ပြန့်သော ပူးတွဲရေတပ်လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်ခြင်းများ တိုးလာခြင်းနှင့်အတူ လက်တွဲထားကြသည့် အနေအထားသို့ ရောက်ရှိလာသည်။ဆယ်စုနှစ် တခုကျော်အတွင်း ပထမဦးဆုံး အနေဖြင့် သြစတြေးလျနိုင်ငံက အိန္ဒိယ၏ နှစ်စဉ် ပြုလုပ်နေကျဖြစ်သော Malabar ရေတပ်လေ့ကျင့်မှုသို့ အမေရိကန်နှင့် ဂျပန် တို့နှင့်အတူ ပြန်လည်ပါဝင်ရန် ဖြစ်လာခြင်းက ။

တရုတ်နိုင်ငံ၏ ဘက်ပြိုင်မှုများကြားတွင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်း၏ နောက်ဆုံးနိမိတ်လက္ခဏာ ဖြစ်သည်။  အင်ဒို ပစိဖိတ်ဒေသတွင် “ဒီမိုကရေစီ လုံခြုံရေး စိန်ပွင့်” တခုကို တောင်းဆိုခဲ့သည့် ဂျပန် ဝန်ကြီးချုပ် Shinzo Abe သည် စိတ်တူသဘောတူ အင် အားကြီးနိုင်ငံများ၏ မဟာမိတ် အဖွဲ့သစ်တခု၏ အဓိက ဗိသုကာများထဲမှ တယောက်ဖြစ်သည်။ ၂၀၀၀ ခုနှစ်များ အလယ်ပိုင်းမှစ၍ Shin zo Abe က အိန္ဒိယနှင့် အမေရိကန်- ဂျပန်-သြစတြေးလျ ၃ နိုင်ငံ မဟာမိတ်အကြား ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု အတွက် တက်ကြွစွာ တွန်းအားပေးနေခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ပြောဆိုဆွေးနွေးမှုတခုအဖြစ် ပထမဆုံးအကြိမ် အဆိုပြုခဲ့သည့် ၄ ပွင့်ဆိုင်သည် အခက်အခဲများနှင့် နှစ်ပေါင်းများစွာ ကြုံ တွေ့ခဲ့ရသည်။ တရုတ်နိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးနှင့် အရေးကြီးသော ကုန်သွယ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိသော အိန္ဒိ ယ၊ သြစတြေးလျတို့က တရုတ်ဆန့်ကျင်ရေးမှန်းသိသာ သည့် မဟာမိတ်အဖွဲ့ တခုတွင် ပါဝင်ရန် ယခုအချိန်အထိ တွန့်ဆုတ်နေခဲ့ကြသည် ။ အလားတူပင် အမေရိကန်အစိုးရများကလည်း အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ်စတန်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပိုမိုအာရုံ စိုက်ခဲ့ကြပြီး Barack Obama အစိုးရက အာရှမှ မဟာဗျူဟာမြောက် အရင်းအမြစ်များ၏ အဓိကကျမှုကို ပြောဆိုခဲ့ကြသည့်တိုင်။

တရုတ် နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်သည့် မဟာဗျူဟာကို အဓိကထား ဆောင်ရွက်နေဆဲ ဖြစ်သည်။သို့သော် အိန္ဒိယ၊ သြစတြေး လျနှင့် အမေရိကန်တို့တွင် ပိုမို၍ ရှေးရိုးစွဲဆန်သည့် ခေါင်းဆောင်များ တက်လာခြင်းက မကြာသေးမီလများအတွင်း တရုတ်နှင့် ပထဝီ နိုင်ငံရေး တင်းမာမှုများ ပိုမိုနက်ရှိုင်းလာခြင်းနှင့် အတူ ၄ နိုင်ငံကို ပို၍ မဟာဗျူဟာမြောက် အလားအလာရှိသော ဘဝသစ်ကို ရောက်ရှိ စေခဲ့သည်။ပို၍ သတိကြီးစွာထားခဲ့သော ယခင်အစိုးရများနှင့် မတူဘဲ Donald Trump အစိုးရက ၄ ပွင့်ဆိုင် မဟာမိတ်အဖွဲ့အား တရုတ် ကို ဆန့်ကျင်သော မြေကတုတ်အဖြစ် အပြည့်အဝ လက်ခံခဲ့သည်။

မကြာသေးမီက အမေရိကန်က ဒီမိုကရေစီနှင့် အာဏာရှင်များကြား ခြားနားပေးမည့် စစ်အေး ခေတ်သစ်တခုနှင့် ပတ်သက်သော အယူ အဆကို ပြောဆိုခဲ့သည်။ ဒီမိုကရေစီ ဆိုသည်မှာ ၄ ပွင့်ဆိုင် မဟာမိတ် အဖွဲ့အား ဆိုလိုခြင်း ဖြစ်ပြီး အာဏာရှင်ဆိုသည်မှာ တရုတ်နိုင်ငံကို ရည်ရွယ်ခြင်း ဖြစ်သည်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *