ထြန္းအိျႏၵာဗိုႏွင့္ တင္ဇာေမာ္တို႔၏ ေဖ်ာ္ေျဖပြဲ လတ္တေလာကိစၥတစ္ခုေၾကာင့္ ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္း

သီခ်င္းေဖ်ာ္ေျဖပြဲ ေ႐ႊ႕ဆိုင္းသည့္ ကိစၥႏွင့္ပတ္သက္၍‘‘ကြၽန္မမွာေတာ့ ေျပာစရာ ဘာမွမရွိပါဘူး။ ပြဲရက္ေ႐ႊ႕တာ ကလည္း စီစဥ္သူမ်ားရဲ႕ ဆႏၵပါ’’ ဟု ပြဲေ႐ႊ႕သည့္ကိစၥႏွင့္ပတ္သက္ ၍ အဆိုေတာ္ထြန္းအိျႏၵာဗိုက ေျပာသည္။ယင္းပြဲျပန္လည္က်င္းပမည့္ ရက္ကို မသတ္မွတ္ရေသး ဘဲ အားလုံးေအးေအးေဆးေဆးျဖစ္ သြားသည့္အခ်ိန္မွသာ က်င္းပရန္ စီစဥ္မည္ဟု King7 Dynasty ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ကို ေဝမင္းေမာင္က ေျပာဆိုလိုက္ေၾကာင္း သိရသည္။

ယင္းေဖ်ာ္ေျဖပြဲကို ယခင္က ဇူလိုင္ ၁၉ ရက္တြင္ က်င္းပရန္ စီစဥ္ခဲ့ျခင္းျဖစ္ေသာ္လည္း ပြဲက်င္းပမည့္ရက္ႏွင့္ ေဖ်ာ္ေျဖပြဲေၾကာ္ျငာတြင္ အႏု ပညာရွင္မ်ား ဝတ္ဆင္ထားသည့္ အက်ႌအေရာင္သည္ ပါတီတစ္ခုကိုကိုယ္စားျပဳသည္ဟု ေဝဖန္မႈမ်ားရွိခဲ့ေသာေၾကာင့္ ဩဂုတ္လအတြင္း က်င္းပရန္ ရက္ေ႐ႊ႕ခဲ့ျခင္းျဖစ္သည္။ ဩဂုတ္ ၅ ရက္တြင္ က်င္းပရန္စီစဥ္ထားသည့္ နာ မည္ႀကီးအမ်ိဳးသမီးအဆိုရွင္ႏွစ္ ဦး၏ ေဖ်ာ္ေျဖပြဲကို အႏုပညာသီး သန႔္ တင္ဆက္ခ်င္ေသာေၾကာင့္ ရက္ေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း ယင္း ပြဲကိုစီစဥ္သည့္ ကိုေဝမင္းေမာင္က ေျပာသည္။

‘ဒီပြဲက အေစာႀကီးကတည္း က ေစာင့္ၾကည့္တဲ့သူေတြမ်ား တယ္။ အခုပြဲနားနီးလာတဲ့အခ်ိန္ မွာ မခိုင္ႀကီးရဲ႕ ပို႔စ္ေလးတစ္ခုက ေဝဖန္မႈေတြ၊ ေစာင့္ၾကည့္တဲ့သူ ေတြမ်ားသြားေစတယ္။ အခုခ်ိန္ မွာ ကိုယ္တို႔အေနနဲ႔ကေတာ့ အႏု ပညာသီးသန႔္ တင္ဆက္ခ်င္တဲ့အ တြက္ ေ႐ႊ႕လိုက္တာ ပါ။ မခိုင္ႀကီး ကိုလည္း အျပစ္ေျပာတာမဟုတ္ ပါဘူး။ ဒီအေနအထားအရ ေ႐ႊ႕ သင့္တယ္ထင္လို႔ပါ’’ ဟု ၎က ေျပာသည္။ ထြန္းအိျႏၵာဗိုႏွင့္ တင္ဇာ ေမာ္တို႔ ပါဝင္သည့္ Makeup Room ေဖ်ာ္ေျဖပြဲကို ဩဂုတ္ ၅ ရက္တြင္ ျပဳလုပ္ရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။

သို႔ရာတြင္ ၿပီးခဲ့သည့္ရက္ ပိုင္းက မဲစာရင္းကိစၥႏွင့္ပတ္သက္ ၍ ထြန္းအိျႏၵာဗို ေဖ့စ္ဘြတ္ခ္၌ ေရးသားခဲ့သည့္ အေၾကာင္းအရာ အေပၚ ပရိ သတ္အခ်ိဳ႕က ေဝဖန္ခဲ့ၾကေၾကာင္း သိရ သည္။

Credit – 7 day Daily

UNICODE

သီချင်းဖျော်ဖြေပွဲ ရွှေ့ဆိုင်းသည့် ကိစ္စနှင့်ပတ်သက်၍‘‘ကျွန်မမှာတော့ ပြောစရာ ဘာမှမရှိပါဘူး။ ပွဲရက်ရွှေ့တာ ကလည်း စီစဉ်သူများရဲ့ ဆန္ဒပါ’’ ဟု ပွဲရွှေ့သည့်ကိစ္စနှင့်ပတ်သက် ၍ အဆိုတော်ထွန်းအိန္ဒြာဗိုက ပြောသည်။ယင်းပွဲပြန်လည်ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေး ဘဲ အားလုံးအေးအေးဆေးဆေးဖြစ် သွားသည့်အချိန်မှသာ ကျင်းပရန် စီစဉ်မည်ဟု King7 Dynasty ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကို ဝေမင်းမောင်က ပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းဖျော်ဖြေပွဲကို ယခင်က ဇူလိုင် ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်နှင့် ဖျော်ဖြေပွဲကြော်ငြာတွင် အနု ပညာရှင်များ ဝတ်ဆင်ထားသည့် အင်္ကျီအရောင်သည် ပါတီတစ်ခုကိုကိုယ်စားပြုသည်ဟု ဝေဖန်မှုများရှိခဲ့သောကြောင့် ဩဂုတ်လအတွင်း ကျင်းပရန် ရက်ရွှေ့ခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၅ ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် နာ မည်ကြီးအမျိုးသမီးအဆိုရှင်နှစ် ဦး၏ ဖျော်ဖြေပွဲကို အနုပညာသီး သန့် တင်ဆက်ချင်သောကြောင့် ရက်ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ယင်း ပွဲကိုစီစဉ်သည့်  ကိုဝေမင်းမောင်က ပြောသည်။

‘ဒီပွဲက အစောကြီးကတည်း က စောင့်ကြည့်တဲ့သူတွေများ တယ်။ အခုပွဲနားနီးလာတဲ့အချိန် မှာ မခိုင်ကြီးရဲ့ ပို့စ်လေးတစ်ခုက ဝေဖန်မှုတွေ၊ စောင့်ကြည့်တဲ့သူ တွေများသွားစေတယ်။ အခုချိန် မှာ ကိုယ်တို့အနေနဲ့ကတော့ အနု ပညာသီးသန့် တင်ဆက်ချင်တဲ့အ တွက် ရွှေ့လိုက်တာ ပါ။ မခိုင်ကြီး ကိုလည်း အပြစ်ပြောတာမဟုတ် ပါဘူး။ ဒီအနေအထားအရ ရွှေ့ သင့်တယ်ထင်လို့ပါ’’ ဟု ၎င်းက ပြောသည်။ ထွန်းအိန္ဒြာဗိုနှင့် တင်ဇာ မော်တို့ ပါဝင်သည့် Makeup Room ဖျော်ဖြေပွဲကို ဩဂုတ် ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည့်ရက် ပိုင်းက မဲစာရင်းကိစ္စနှင့်ပတ်သက် ၍ ထွန်းအိန္ဒြာဗို ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည့် အကြောင်းအရာ အပေါ် ပရိ သတ်အချို့က ဝေဖန်ခဲ့ကြကြောင်း သိရ သည်။

Credit – 7 day Daily

Add a Comment

Your email address will not be published. Required fields are marked *