အေျခခံပညာအလယ္တန္း ႏွင့္ မူလတန္း ဖြင့္မည့္ရက္ႏွင့္ ပတ္သက္၍ ပညာေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္

အထက္တန္း ေက်ာင္းအားလုံးျပန္လည္ ဖြင့္လွစ္ႏိုင္ၿပီးအေျခအေန အဆင္ေျပမႈရွိမရွိကို တစ္ လအနည္းဆုံးေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း၊ အေျခေနေကာင္းမြန္မွသာ အလယ္တန္းကို က်န္းမာေရးစည္းကမ္းခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္မည္ျဖစ္သည္။ “ခုအထက္ တန္းေတြ ဖြင့္တယ္ ၿပီးမွ အလယ္တန္းေတြဖြင့္ဖို႔စီစဥ္မယ္၊ၿပီးမွ မူလတန္းေတြ ဆက္ဖြင့္ဖို႔ တဆင့္ခ်င္းစီ သြားရမွာျဖစ္တယ္၊အတိက် မေျပာ ႏိုင္ေသးဘူး၊ ကိုဗစ္ ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္အတိုင္းပဲဟု အေျခခံပညာ ဒုၫႊန္ခ်ဳပ္ ေဒါက္ တာတင္ေမာင္ဝင္း က ေျပာသည္။

အထက္တန္းေက်ာင္း ၇၀၀၀ ေက်ာ္လုံး ျပန္လည္ ဖြင့္လွစ္ႏိုင္ၿပီးမွသာ အေျခခံပညာအဆင့္ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ကို ျပန္ ဖြင့္ရန္ စီစဥ္သြားမည္ျဖစ္ဟု အေျခ ခံပညာ ဦးစီးဌာနမွ သိရသည္။အေျခ ခံပညာ မူလတန္းေတြ၊ အလယ္တန္းေတြ ျပန္ဖြင့္ရက္ကေတာ့ အ တိအက်မသိရေသးဘူး၊ ေသခ်ာတာကေတာ့ခုအထက္တန္းေက်ာင္းရ၀၀၀ေက်ာ္ကို ဆရာတို႔ စစ္ေနတယ္၊ေနာက္ဆုံး အထက္တန္း ေက်ာင္းေတြ အကုန္လုံးဖြင့္သြားၿပီဆိုေတာ့မွ အေျခအေန တစ္လ ေစာင့္ၾကည့္မယ္၊

ၿပီးေတာ့မွ အလယ္တန္းေတြကို စစ္ေဆးဖို႔စီစဥ္ပါဆိုၿပီး ရွိပါတယ္” ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ ေမာင္ဝင္းကပင္ ေျပာသည္။လက္ရွိ ျမန္မာ တႏိုင္ငံလုံးတြင္ အထက္တန္း ေက်ာင္း ၆၀၀၀ေက်ာ္ရွိသည့္အနက္ ကိုဗစ္ကာလ သတ္မွတ္ ခ်က္ ျဖစ္သည့္ အခ်က္ ၈၀ လုံးကို ျပင္ဆင္ထားႏိုင္ေသာ ေအ အဆင့္ရွိ ေက်ာင္းေပါင္း ၃၇၀၀ ေက်ာ္ကို စတင္ဖြင့္လွစ္ေပးထားေၾကာင္း၊ က်န္ေက်ာင္းမ်ားကိုလည္း ဆက္လက္ဖြင့္လွစ္ႏိုင္ေရး စစ္ေဆးမႈမ်ား လုပ္ေဆာင္ေန‌ေၾကာင္း သိရသည္။

Crd : The Fifth Wave News

UNICODE

အထက်တန်း ကျောင်းအားလုံးပြန်လည် ဖွင့်လှစ်နိုင်ပြီးအခြေအနေ အဆင်ပြေမှုရှိမရှိကို တစ် လအနည်းဆုံးစောင့်ကြည့်မည်ဖြစ်ကြောင်း၊ အခြေနေကောင်းမွန်မှသာ အလယ်တန်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။ “ခုအထက် တန်းတွေ ဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့စီစဉ်မယ်၊ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီ သွားရမှာဖြစ်တယ်၊အတိကျ မပြော နိုင်သေးဘူး၊ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်အတိုင်းပဲဟု အခြေခံပညာ ဒုညွှန်ချုပ် ဒေါက် တာတင်မောင်ဝင်း က ပြောသည်။

အထက်တန်းကျောင်း ၇၀၀၀ ကျော်လုံး ပြန်လည် ဖွင့်လှစ်နိုင်ပြီးမှသာ အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းကျောင်းမျကို ပြန် ဖွင့်ရန် စီစဉ်သွားမည်ဖြစ်ဟု အခြေ ခံပညာ ဦးစီးဌာနမှ သိရသည်။အခြေ ခံပညာ မူလတန်းတွေ၊ အလယ်တန်းတွေ ပြန်ဖွင့်ရက်ကတော့ အ တိအကျမသိရသေးဘူး၊ သေချာတာကတော့ခုအထက်တန်းကျောင်းရ၀၀၀ကျော်ကို ဆရာတို့ စစ်နေတယ်၊နောက်ဆုံး အထက်တန်း ကျောင်းတွေ အကုန်လုံးဖွင့်သွားပြီဆိုတော့မှ အခြေအနေ တစ်လ စောင့်ကြည့်မယ်၊

ပြီးတော့မှ အလယ်တန်းတွေကို စစ်ဆေးဖို့စီစဉ်ပါဆိုပြီး ရှိပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင် မောင်ဝင်းကပင် ပြောသည်။လက်ရှိ မြန်မာ တနိုင်ငံလုံးတွင် အထက်တန်း ကျောင်း ၆၀၀၀ကျော်ရှိသည့်အနက် ကိုဗစ်ကာလ သတ်မှတ် ချက် ဖြစ်သည့် အချက် ၈၀ လုံးကို ပြင်ဆင်ထားနိုင်သော အေ အဆင့်ရှိ ကျောင်းပေါင်း ၃၇၀၀ ကျော်ကို စတင်ဖွင့်လှစ်ပေးထားကြောင်း၊ ကျန်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေ‌ကြောင်း သိရသည်။

Crd : The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *