ေပ်ာက္ဆုံးေနေသာ ေက်ာင္းဆရာေ လးေတြ႕ပါၿပီ စိတ္မေကာင္းပါဘူး ေကာင္းရာ သုဂတိ လားပါေစဆရာ

(2-8-2020) ရက္ေန႔ ည(၇:၄၀) အခ်ိန္ခန႔္တြင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕(စဥ့္ကူးၿမိဳ႕) ဦးစီးမႉး ဦးခ်မ္းျပည့္ေက်ာ္ မွ ေလာကဟိတ လူ မႈကူညီေရးအသင္း ဦးခ်စ္ေကာင္း ထံ ေရနစ္ေပ်ာက္ဆုံးေနေသာ ေက်ာင္းဆရာေလး စဥ့္ကူးၿမိဳ႕၏ ေအာက္ဘက္(၅)မိုင္ခန႔္အကြာ ေရခ်မ္း ေက်း႐ြာ အနီးတြင္ ေသဆုံးလ်က္ ေတြ႕ ရွိေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ ပူးေပါင္း၍ ကူညီေဆာင္႐ြက္ ေပးႏိုင္ရန္ အေၾကာင္း ၾကားခဲ့ပါသည္။

ေလာကဟိတအသင္းသားမ်ားႏွင့္ ဦးခ်စ္ေကာင္း ဦးေဆာင္၍ မီးသတ္တပ္ဖြဲ႕ဝင္(၃)ဦးတို႔ ပူးေပါင္း၍ ေရနစ္ေသဆုံးသူ ေမာင္ေအာင္မ်ိဳးကို ၏ ႐ုပ္အေလာင္းအား (၉:၁၅)နာရီအခ်ိန္တြင္ ေတာင္အင္းေက်း႐ြာ အေရွ႕ဘက္မွ စဥ့္ကူးၿမိဳ႕ ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ ပါသည္။ပညာေရးဝန္ထမ္း မိသားစုမ်ားႏွင့္အတူ ဝမ္းနည္းစြာျဖင့္ေကာင္းရာသုဂတိေရာက္ပါေစ ဆရာေလး။

ျဖစ္စဥ္မွာ31-7-2020) ရက္ေန႔ ညေန(၂:၄၅)နာရီ အခ်ိန္ခန႔္ တြင္ စဥ့္ကူးၿမိဳ႕နယ္၊အဂၤဒီးေက်း႐ြာ (အ.မ.က)တြင္ တာဝန္ထမ္းေဆာင္ရန္ စဥ့္ ကူးၿမိဳ႕ (အ.ထ.က)တြင္ သင္တန္းတက္ေရာက္ေနစဥ္ စဥ့္ကူးေ႐ႊေမာ္ေဌာ ဘုရားအနီး ေရခ်ိဳးဆိပ္ ဧရာဝတီျမစ္တြင္ ေရဆင္းခ်ိဳးရာမွ ေမာင္မ်ိဳးမင္းကို အသက္(၂၅)ႏွစ္ ၊ငန္းဇြန္းၿမိဳ႕နယ္၊ဂ်ိဳ႐ြာေနသူသည္ ေရနစ္ေပ်ာက္ဆုံးခဲ့ပါသည္။

၎ျဖစ္စဥ္အား လက္ပန္လွ (အ.ထ.က)ဆရာ/ဆရာမမ်ားႏွင့္ ပညာေရးဝန္းထမ္းမ်ားမွ ေလာကဟိလူမႈကူညီေရးအသင္းသို႔ ကူညီကယ္ ဆယ္ေရးေဆာင္႐ြက္ေပးရန္ အကူအညီေတာင္းခံခဲ့ရာ၊စဥ့္ကူးေ႐ႊေမာ္ေဌာ ဧရာဝတီျမစ္ေရဝဲ အတြင္း ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရး အဖြဲ႕(မႏၲေလးတိုင္း)ႏွင့္ ဦးခ်စ္ေကာင္း ဦးေဆာင္၍ SCUBA Diver အသုံးျပဳ၍ ည(၉:၀၀) နာရီေက်ာ္အထိခက္ခဲပင္ပန္းစြာ ရွာေဖြခဲ့ေသာ္ လည္း ေရစီးသန္ျခင္း၊ေရဝဲမ်ား အလြန္လႈပ္ရွား ေပါမ်ားေနျခင္း၊ေက်ာက္ေဆာင္မ်ားရွိျခင္းတို႔ေၾကာင့္ မေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ေလာကဟိတလူမႈကူညီေရးအသင္း – လက္ပန္လွ /0862239010 / 09402627813

UNICODE

(2-8-2020) ရက်နေ့ ည(၇:၄၀) အချိန်ခန့်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(စဉ့်ကူးမြို့) ဦးစီးမှူး ဦးချမ်းပြည့်ကျော် မှ လောကဟိတ လူ မှုကူညီရေးအသင်း ဦးချစ်ကောင်း ထံ ရေနစ်ပျောက်ဆုံးနေသော ကျောင်းဆရာလေး စဉ့်ကူးမြို့၏ အောက်ဘက်(၅)မိုင်ခန့်အကွာ ရေချမ်း ကျေးရွာ အနီးတွင် သေဆုံးလျက် တွေ့ ရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက် ပေးနိုင်ရန် အကြောင်း ကြားခဲ့ပါသည်။

လောကဟိတအသင်းသားများနှင့် ဦးချစ်ကောင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့ ပူးပေါင်း၍ ရေနစ်သေဆုံးသူ မောင်အောင်မျိုးကို ၏ ရုပ်အလောင်းအား (၉:၁၅)နာရီအချိန်တွင် တောင်အင်းကျေးရွာ အရှေ့ဘက်မှ စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ပါသည်။ပညာရေးဝန်ထမ်း မိသားစုများနှင့်အတူ ဝမ်းနည်းစွာဖြင့်ကောင်းရာသုဂတိရောက်ပါစေ ဆရာလေး။

ဖြစ်စဉ်မှာ31-7-2020) ရက်နေ့ ညနေ(၂:၄၅)နာရီ အချိန်ခန့် တွင် စဉ့်ကူးမြို့နယ်၊အင်္ဂဒီးကျေးရွာ (အ.မ.က)တွင် တာဝန်ထမ်းဆောင်ရန် စဉ့် ကူးမြို့ (အ.ထ.က)တွင် သင်တန်းတက်ရောက်နေစဉ် စဉ့်ကူးရွှေမော်ဌော ဘုရားအနီး ရေချိုးဆိပ် ဧရာဝတီမြစ်တွင် ရေဆင်းချိုးရာမှ မောင်မျိုးမင်းကို အသက်(၂၅)နှစ် ၊ငန်းဇွန်းမြို့နယ်၊ဂျိုရွာနေသူသည် ရေနစ်ပျောက်ဆုံးခဲ့ပါသည်။

၎င်းဖြစ်စဉ်အား လက်ပန်လှ (အ.ထ.က)ဆရာ/ဆရာမများနှင့် ပညာရေးဝန်းထမ်းများမှ လောကဟိလူမှုကူညီရေးအသင်းသို့ ကူညီကယ် ဆယ်ရေးဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့ရာ၊စဉ့်ကူးရွှေမော်ဌော ဧရာဝတီမြစ်ရေဝဲ အတွင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့(မန္တလေးတိုင်း)နှင့် ဦးချစ်ကောင်း ဦးဆောင်၍ SCUBA Diver အသုံးပြု၍ ည(၉:၀၀) နာရီကျော်အထိခက်ခဲပင်ပန်းစွာ ရှာဖွေခဲ့သော် လည်း ရေစီးသန်ခြင်း၊ရေဝဲများ အလွန်လှုပ်ရှား ပေါများနေခြင်း၊ကျောက်ဆောင်များရှိခြင်းတို့ကြောင့် မတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လောကဟိတလူမှုကူညီရေးအသင်း – လက်ပန်လှ /0862239010 / 09402627813

Add a Comment

Your email address will not be published. Required fields are marked *