မွေးနေ့ဆုတောင်း ကို ရိုမန့်စ်တစ် ဆန်ဆန် တောင်ထိပ်တက်ပြီး ဆုတောင်ပေးတဲ့ ချစ်သူကြောင့် အေသင်ချိုဆွေပျော်ရွှင်နေ(video)





Source: Athen Cho Swe

UNICODE

ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် အဆိုတော် အေသင်ချိုဆွေ တစ်ယောက်အပျော်ကြီးပျော်နေအောင် လုပ်ပေးခဲ့တဲ့ အေသင်ရဲ့ချစ် သူတစ်ယောက် တောင်ထိပ်ထိ တတ်ပြီး ရိုမန့်စ်တစ်ဆန်ဆန် ဆုတောင်ပေးထားတဲ့ မွေးနေ့ဆုမွန်ကောင်းဗီဒီယိုလေးကို ပြန်လည်ဝေမျှ လိုက်ပါတယ်နော်။

သြဂုတ်(၁)ရက်နေ့မှာ ကျရောက် ခဲ့တဲ့ အေသင်ရဲ့မွေးနေ့ရက်မြတ်လေးမှာတော့ ချစ်သူဖြစ်သူကတော့ အေးသင်အတွက် မွေးနေ့ ဆုမွန် ကောင်းကို တောင်ထိပ်ထိ တတ်ပြီး ကျောက်ခဲလေးတွေကို အေသင်ရဲ့နာမည်လေးစီကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားပါတယ်။ မွေးနေ့ဆုတောင်းကို တောင်ထိပ်ထိတတ်ပြီး ရိုမန့်စ်တစ်ဆန်ဆန် ဆုတောင်ပေးတဲ့ ချစ်သူကြောင့် ပျော်နေတဲ့အကြောင်းကို။

“ကိုကို့ ရဲ့ မွေးနေ့ဆုတောင်း လေး ချစ်တာ တောင်ထိပ်ထိ တတ်ပြီး ရိုပေးလို့ ကျေးဇူးပါ ကိုကို” ဆိုပြီး ချစ်သူရဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားတဲ့ ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။အေသင်ချိုဆွေကတော့ ဂီတ လမ်းကြောင်းပေါ် မှာ အောင်မြင်မှုတွေ ရနေပြီး Single Mother အဖြစ်နဲ့ သမီးလေးကိုအကောင်းဆုံးပျိုးထောင်နေသူလည်းဖြစ်ပါတယ်။

သူကတော့မကြာသေးမီကမှ အချစ်နဲ့ပတ်သတ်ရင် ယောကျာ်းတွေနဲ့ပတ်သတ်ရင် ဆန်းဆန်းတင့် ဖြစ်တဲ့ သူ့အတွက် ဒီတစ်ခေါက် အချစ် ရေးကံကောင်းတယ်ဆိုပြီး ချစ်သူရဲ့သူ အပေါ်ဂရုစိုက်မှုတွေကို ပြောပြခဲ့ပါသေးတယ်။

Source: Athen Cho Swe

Add a Comment

Your email address will not be published. Required fields are marked *