မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်အောင် စည်းလုံးဖို့ အချိန်တန်ပြီဆိုတဲ့ ယုန်လေး ရဲ့”ငါတို့အားလုံးရဲ့ မြေ” သီချင်း(VIDEO)





credit- cele gabar

UNICODE

အဆိုတော်ပေါင်းများစွာ သီဆိုထားတဲ့ ဒီသီချင်းလေးကတော့ နားထောင်လိုက်ရုံနဲ့ ကြက်သီးထစေမှာ အမှန်ပါ။ အားလုံးရဲ့ ဦးခေါင်းထက် အလံက ဝါ၊စိမ်း၊နီ အလယ်မှာကြယ် ဆိုတဲ့အတိုင်းပဲ မြန်မာနိုင်ငံသားတစ်ယောက်မှာ တကယ်ရှိသင့်တဲ့စိတ်ကို သီချင်းလေးနဲ့ ဖန်တီး ပုံ ဖော်ထားတဲ့ ယုန်လေးရဲ့သီချင်း သစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ယုန်လေးကတော့ အဆိုတော် တစ်ယောက် အနေနဲ့ အနုပညာလောက ထဲ စတင်ဝင်ရောက် လာသူဖြစ်ပေမယ့် နောက်ပိုင်းမှာ သရုပ် ဆောင်၊ ဒါရိုက်တာအနေနဲ့ ပါဇာတ်ကားပေါင်းများစွာကို ပုံဖော်ရိုက်ကူး လာခဲ့သူပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေရပ်နား ထားစဉ်မှာ တော့ သီချင်းတွေဘက်ပြန်လှည့်ကာ သီချင်းကောင်းတွေ ပြန်လည်ဖန်တီးရင်း ပရိသတ်ကို ဆက်တိုက် ချပြနေသူပါ။

ဒီနေ့မှာတော့ သူနောက်ဆုံး ဖန်တီးထားတဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) ဆိုတဲ့သီချင်းလေး ကို ချပြခဲ့ပါတယ်။ ဒီသီ ချင်းလေးကိုတော့ ယုန်လေးနဲ့အတူ အဆိုတော်၊ သရုပ်ဆောင် အယောက်(၇၀) က သီဆိုပုံ ဖော်ထားပါတယ်။ မြန်မာပြည်သားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မနေကြဘဲ ကမ္ဘာ့ အလယ်မှာ မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်အောင်။

စည်းလုံးဖို့အချိန်တန်ပြီဆိုတဲ့အကြောင်း သီချင်းလေးဖန်တီးထားရုံသာမက သီချင်းဗွီဒီယိုလေးကိုလည်း ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်း ရေးပြီး အမိုက်စားပုံဖော်ထားပါတယ်။

ငါတို့အားလုံးရဲ့မြေ … (စည်းလုံးသင့်ပြီ မြန်မာပြည်) #OFFICIALMUSICVIDEO

ငါတို့ဦးညွှတ်တဲ့အလံက ( ​ခြသေ့် ခွပ်ဒေါင်း မဟုတ်ဘူး…။ )အကုန်ပယ်တယ်…။ 🇲🇲🇲🇲အားလုံးရဲ့ဦးခေါင်းထပ်အလံက ဝါ၊ စိမ်း၊ နီ အလယ်မှာကြယ်နဲ့ 🇲🇲🇲🇲————————————————–ဒီသီချင်းလေးကို သေချာလေးနားထောင်ပေးစေချင်ပါတယ် အကောင်းဘက်ကတွေးပြီး နားထောင်ပေးစေချင်ပါတယ်….။ငါတို့အားလုံးရဲ့မြေ … (စည်းလုံးသင့်ပြီ မြန်မာပြည်)#OFFICIALMUSICVIDEO#OriginalGangster#MusicVideo

Posted by Original Gangster on Monday, August 3, 2020

credit-  cele gabar

Add a Comment

Your email address will not be published. Required fields are marked *