မြန်မာနိုင်ငံမှာ ကားစက် ရုံတည်ဆောက်မယ် လို့ ဂျပန်နာမည်ကြီး မီဆူဘီရှီ ( Mitsubishi )ကားကုမ္မဏီ ကြေညာချက်ထုတ်ပြန်






Writer_HULK ( YGN Times )

UNICODE

မြန်မာနိုင်ငံ ကားဈေးကွက်မှာ ဂျပန်ကားကုမ္မဏီတွေရဲ့ရင်းနှီးမြှုပ်နှံမူအဖြစ် Nissan၊ Suzuki နဲ့Toyota ကုမ္မဏီတို့က ကနဦးရင်းနှီးမြှုပ်နှံ ထားတာဖြစ်ပြီးယခု Mitsubishi ဟာ မြန်မာကားဈေးကွက်မှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမူပြုလုပ်လာတဲ့ဂျပန်ကားကုမ္မဏီလဲဖြစ်ပါတယ်။

ဂျပန်နာမည်ကြီး ကားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Mitsubishi Motors ကမြန်မာနိုင်ငံမှာ ကားစက်ရုံတည်ဆောက်ဖို့ပြင်ဆင်နေတယ်လို့ ကုမ္မဏီရဲ့ CEO Takao Kato က တရားဝင်အတည်ပြုပြောကြားလိုက်ပါတယ်။

Mitsubishi ဟာ အရှေ့တောင်အာရှမှာ ဈေးကွက်ဝေစုပိုမိုရရှိဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီးအဓိကပြိုင်ဘက်တွေဖြစ်တဲ့ Toyota နဲ့ Suzuki တို့နဲ့ပိုမိုယှဉ်ပြိုင်နိုင်ဖို့အတွက်အခုလိုစက်ရုံတွေတည်ဆောက်နေတာလဲဖြစ်ပါတယ်။

Mitsubishi Motors ဟာ ကားစက်ရုံတွေကိုဗီယက်နမ် ၊ ထိုင်း ၊ အင်ဒိုးနီးရှားနဲ့ ဖီလစ်ပိုင်တို့မှာတည်ဆောက်ထားတာဖြစ်ပြီး အခု မြန်မာ နိုင်ငံလဲပါဝင်လာပြီဖြစ်ပါတယ်။

Ref ; Nikkei Asian Review

Writer_HULK ( YGN Times )

Add a Comment

Your email address will not be published. Required fields are marked *