မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ရထားလမ္း ေရေက်ာ္ေနသျဖင့္ ရန္ကုန္-မႏၲေလး ရထား ခရီးစဥ္ ယာယီပိတ္သိမ္းေၾကာင္း ထုတ္ျပန္

ရထားခရီးစဥ္ဖ်က္သိမ္းခဲ့ရသည့္ အတြက္ လက္မွတ္ခေငြမ်ားကို ျပန္အမ္းေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ရထား လမ္းပိုင္း အျမန္ဆုံး ျပန္ လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ျမန္မာ့မီးရထား တာဝန္ ရွိသူမ်ားမွ ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။ဩဂုတ္လ ၄ ရက္ နံနက္ ၈ နာရီ ၂၁ မိနစ္မွ စ၍ ရထားလမ္း ပိတ္ထားခဲ့ရၿပီး ေရေက်ာ္ေနသည့္ ေနရာသို႔ ျမန္မာ့မီးရထား ႐ုံးခ်ဳပ္ တာဝန္ရွိသူမ်ားႏွင့္ အမွတ္(၆) တိုင္းမွ တာဝန္ ရွိသူမ်ား ေရာက္ရွိ ခဲ့ၿပီး စစ္ေဆးခဲ့သည္။

ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးသျဖင့္ ယေန႔ ရန္ကုန္-မႏၲေလးခရီးစဥ္ ေျပးဆြဲမည့္ အမွတ္(၅) အဆန္ အျမန္ရထားႏွင့္ အမွတ္ (၃)အ ဆန္အျမန္ရထားခရီးစဥ္တို႔ကို ယာယီ ဖ်က္သိမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္။ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ေတာ္ဝိဘူတာ ႏွင့္ ပိန္းဇလုပ္ဘူတာၾကား မိုင္တိုင္အမွတ္ ၉၈/၅-၁၅ ၾကားရွိ တံတားအမွတ္ (၁၃၆) တြင္ ယမန္ေန႔ရက္မ်ားကမိုးသည္းထန္စြာ ႐ြာသြန္း ခဲ့ရာ ေရေက်ာ္ခဲ့ေၾကာင္း သိရသည္။

ရထား လမ္းေရေက်ာ္တိုက္စားမႈ ျဖစ္ခဲ့သည့္အတြက္ ရန္ကုန္ – မႏၲေလး ရထားခရီးစဥ္ကို ယာယီပိတ္ထားရ ေၾကာင္း ျမန္မာ့မီးရထား တိုင္း ၇ က သိရသည္။

REF: ျပည္ျမန္မာ

UNICODE

ရထားခရီးစဉ်ဖျက်သိမ်းခဲ့ရသည့် အတွက် လက်မှတ်ခငွေများကို ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်းနှင့် ရထား လမ်းပိုင်း အမြန်ဆုံး ပြန် လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန် ရှိသူများမှ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ်မှ စ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့် နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ်(၆) တိုင်းမှ တာဝန် ရှိသူများ ရောက်ရှိ ခဲ့ပြီး စစ်ဆေးခဲ့သည်။

ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည့် အမှတ်(၅) အဆန် အမြန်ရထားနှင့် အမှတ် (၃)အ ဆန်အမြန်ရထားခရီးစဉ်တို့ကို ယာယီ ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာ နှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၉၈/၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆) တွင် ယမန်နေ့ရက်များကမိုးသည်းထန်စွာ ရွာသွန်း ခဲ့ရာ ရေကျော်ခဲ့ကြောင်း သိရသည်။

ရထား လမ်းရေကျော်တိုက်စားမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် – မန္တလေး ရထားခရီးစဉ်ကို ယာယီပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။

REF:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *