အႏုပညာရွင္ေတြ ပါတီတခ်ိဳ႕က ဝယ္ယူအသုံးခ် ခံရတယ္ဆိုတာ ကိုယ့္လုပ္ရပ္ ေပၚမွာပဲ မူတည္တာလို႔ မင္းသားႀကီးဦးေက်ာ္သူေျပာၿပီ

ေ႐ြးေကာက္ပြဲအတြက္ အျငင္းပြားမႈေတြ စည္း႐ုံးခံရမႈေတြ ကြၽန္ေတာ္မပါဘူး ။ ကြၽန္ေတာ္ေတာ့ ကိုယ့္စိတ္ အတိုင္းပဲ သြားမွာပါပဲ။ တကယ္ က ကိုယ့္သမိုင္းကိုယ့္အနာဂတ္ကို ေရးရမွာပါပဲ။ လူေတြအားလုံး ေသၾကမွာပါပဲ။ မေသခင္ ေကာင္းေကာင္းမြန္မြန္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေလး ေနရရင္ အေကာင္းဆုံးပါပဲလို႔ ဝါရင့္မင္းသားႀကီး ဦးေက်ာ္သူက ေျပာဆိုလိုက္ပါတယ္။နာေရးကူညီမႈအသင္း ဥကၠဌ”ဦးေက်ာ္သူ က သူ႔ရဲ႕ အျမင္ ကို အခုလို ေျပာျပလာပါတယ္။

ဦးေက်ာ္သူ က လာမယ့္ ႏိုဝင္ဘာလမွာ က်င္းပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ကိုယ့္စိတ္သေဘာ အတိုင္းသာ ဆုံးျဖတ္မဲေပးသြားမွာ ျဖစ္ၿပီး တိုင္းျပည္ကို အက်ိဳးျပဳမယ့္ ပါတီကိုသာ မဲေပးျဖစ္မယ္လို႔ သိရပါတယ္။ အႏုပညာရွင္ေတြကို ပါတီတခ်ိဳ႕က ဝယ္ယူအသုံးခ်မႈေတြ ခံရတယ္ဆိုတာ ကိုယ့္ ရဲ႕ လုပ္ရပ္ ေပၚမွာပဲ မူတည္တာပါလို႔ နာေရးကူညီမႈအသင္း ဥကၠဌဦးေက်ာ္သူ က ေျပာျပလာပါတယ္။ ယခင္ႏွစ္ ေ႐ြးေကာက္ပြဲေတြမွာ အႏုပညာရွင္ေတြ အသုံးခ်ခံရတယ္ဆိုတာ ကိုယ့္အေပၚမွာပဲ မူတည္ပါတယ္။

ကိုယ့္ခံယူခ်က္က ခိုင္ခိုင္မာမာရွိဖို႔ပဲ လိုတာပါ။ ကြၽန္ေတာ္ တို႔ဆို အရင္အစိုးရ လက္ထက္ေတြတည္းက ဘယ္သူမွ မေျပာဆိုရဲတဲ့ ကာလ တည္းက အမ်ားအက်ိဳးအတြက္ကို သယ္ပိုးေပးခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲကေတာ့ ျပည္သူျပည္သားေတြ အဆင္ေျပမယ့္ အဖြဲ႕အစည္းကို မဲေပးရမွာပဲ။ကိုယ္သေဘာက်တဲ့ ပါတီတိုင္းျပည္ကို အက်ိဳးျပဳမယ့္သူကို မဲေပး ရမွာပဲ။ ဘယ္သူစည္း႐ုံးပါေစ ကိုယ္မပါသြားဖို႔ အေရးႀကီး တယ္။ တကယ္ေတာ့ မဲထည့္တဲ့ အခ်ိန္ကာလက အဓိကက်ပါတယ္။ မဲမေပးခင္ေရာ ေပးၿပီးေရာေျပာၾကမွာပါပဲ။

REF: LET PAN

UNICODE

ရွေးကောက်ပွဲအတွက် အငြင်းပွားမှုတွေ စည်းရုံးခံရမှုတွေ ကျွန်တော်မပါဘူး ။ ကျွန်တော်တော့ ကိုယ့်စိတ် အတိုင်းပဲ သွားမှာပါပဲ။ တကယ် က ကိုယ့်သမိုင်းကိုယ့်အနာဂတ်ကို ရေးရမှာပါပဲ။ လူတွေအားလုံး သေကြမှာပါပဲ။ မသေခင် ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း လေး နေရရင် အကောင်းဆုံးပါပဲလို့ ဝါရင့်မင်းသားကြီး ဦးကျော်သူက ပြောဆိုလိုက်ပါတယ်။နာရေးကူညီမှုအသင်း ဥက္ကဌ”ဦးကျော်သူ က သူ့ရဲ့ အမြင် ကို အခုလို ပြောပြလာပါတယ်။

ဦးကျော်သူ က လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ့်စိတ်သဘော အတိုင်းသာ ဆုံးဖြတ်မဲပေးသွားမှာ ဖြစ်ပြီး တိုင်းပြည်ကို အကျိုးပြုမယ့် ပါတီကိုသာ မဲပေးဖြစ်မယ်လို့ သိရပါတယ်။ အနုပညာရှင်တွေကို ပါတီတချို့က ဝယ်ယူအသုံးချမှုတွေ ခံရတယ်ဆိုတာ ကိုယ့် ရဲ့ လုပ်ရပ် ပေါ်မှာပဲ မူတည်တာပါလို့ နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ က ပြောပြလာပါတယ်။ ယခင်နှစ် ရွေးကောက်ပွဲတွေမှာ အနုပညာရှင်တွေ အသုံးချခံရတယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ့်ခံယူချက်က ခိုင်ခိုင်မာမာရှိဖို့ပဲ လိုတာပါ။ ကျွန်တော် တို့ဆို အရင်အစိုးရ လက်ထက်တွေတည်းက ဘယ်သူမှ မပြောဆိုရဲတဲ့ ကာလ တည်းက အများအကျိုးအတွက်ကို သယ်ပိုးပေးခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ ပြည်သူပြည်သားတွေ အဆင်ပြေမယ့် အဖွဲ့အစည်းကို မဲပေးရမှာပဲ။ကိုယ်သဘောကျတဲ့ ပါတီတိုင်းပြည်ကို အကျိုးပြုမယ့်သူကို မဲပေး ရမှာပဲ။ ဘယ်သူစည်းရုံးပါစေ ကိုယ်မပါသွားဖို့ အရေးကြီး တယ်။ တကယ်တော့ မဲထည့်တဲ့ အချိန်ကာလက အဓိကကျပါတယ်။ မဲမပေးခင်ရော ပေးပြီးရောပြောကြမှာပါပဲ။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *