ေရဘယ္ေလာက္ ႀကီးႀကီး ဘုရားေက်ာင္းေတာ္ ကို ေရမျမႇဳတ္တဲ့ တန္ခိုးႀကီးသည့္ က်ိဳကၡမီေရလည္ဘုရား အေၾကာင္း

က်ိဳကၡမီဘုရားမွာ သီဟိုဠ္ကြၽန္းမွ ေဒဝါနံပိယတိႆမင္းႀကီးက အဓိ႒ာန္ျဖင့္ေမွ်ာလိုက္ေသာ ႐ုပ္ပြားေတာ္ ၄ ဆူအနက္ ႐ုပ္ပြားေတာ္တစ္ဆူ ျဖစ္သည္ဟု သမိုင္းအဆိုရွိသည္။ ေဒဝါနံပိယတိႆ မင္းႀကီးသည္ ျမတ္စြာဘုရားအား မဖူးျမင္လိုက္ရေသာ ရွင္လူအမ်ားတို႔ ၾကည္ညိဳအား ထား ကုသိုလ္ပြားေစျခင္းငွာ သိၾကားမင္း ဖန္ဆင္းေပးေသာ ႐ုပ္ပြားေတာ္ ၄ ဆူကို ပင္လယ္ေရျပင္၌ ေမွ်ာေတာ္မူေလသည္။ ထို ၄ ဆူအ နက္ ေက်ာက္လွည္းဘီးခံေသာ ႐ုပ္ပြားေတာ္သည္ က်ိဳက္ထိုၿမိဳ႕သို႔ ေရာက္ရွိ၍ က်ိဳက္ေပါေလာဘြဲ႕အမည္ျဖင့္ ထင္ရွားရွိသည္။

ကြၽန္းတုံး ခံေသာ ႐ုပ္ပြားေတာ္မွာ ရခိုင္ျပည္နယ္ သို႔ ဆိုက္ေရာက္သည္ဟု ဆို၏။ ပုသိမ္ၿမိဳ႕သို႔ ဆိုက္ေရာက္သည္ ဟုလည္း အဆိုရွိသည္။ သကၤန္းတုံးခံ ေသာ ႐ုပ္ပြားေတာ္ ၂ ဆူအနက္ တစ္ဆူမွာ ထားဝယ္ၿမိဳ႕သို႔၎၊ က်န္တစ္ဆူမွာ တုံေဇာင္းပီၿမိဳ႕ (ယခု က်ိဳကၡမီၿမိဳ႕) သို႔၎ အသီးသီး ဆိုက္ေရာက္ေတာ္မူလာေလသည္။ ထားဝယ္ၿမိဳ႕သို႔ ေရာက္ရွိလာေသာ ႐ုပ္ပြားေတာ္ကို လူအမ်ားက ပင့္ေဆာင္ကိုးကြယ္ထားရာ ရွင္မု႒ီး အမည္ျဖင့္ အထင္အရွားရွိေပသည္။

က်ိဳကၡမီ ေရလယ္ဘုရားႀကီးသည္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕၏ ေတာင္ဘက္(၅၅)မိုင္မွာ တည္ရွိၿပီး သံျဖဴဇရပ္ၿမိဳ႕၏ အေနာက္ေျမာက္ ဘက္ (၁၅)မိုင္အကြာ က်ိဳကၡမီၿမိဳ႕မွာ တည္ရွိပါတယ္။ က်ိဳကၡမီေရလယ္ဘုရားႀကီးသည္ ျမန္မာႏိုင္ငံ၏ အထူးအံၾသစရာ ေကာင္းေလာက္ ေသာ ေရလည္ဘုရားႀကီး ျဖစ္ၿပီး စိတ္ဝင္စားစရာေကာင္းေသာေရလယ္ဘုရားႀကီးရဲ႕သမိုင္းလဲရွိပါတယ္။တကယ္လို႔မ်ား လိုင္းဖြင့္ခ်ိန္ နဲ႔ ဆုံခဲ့ရင္ သာဓုသုံးႀကိမ္ေခၚကာလိုရာ ဆုေတာင္းပီး ျပန္လည္မွ်ေဝ လိုက္ပါ…။

။ဘုရားရွင္ရဲ႕တန္ခိုးေတာ္ေၾကာင့္ ကမာၻသူ ကမာၻသားအားလုံး ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းႏိုင္ၾကၿပီးကပ္ေရာဂါဆိုးႀကီး မွလဲ အျမန္ဆုံး ကင္းေဝးႏိုင္ၾကပါေစဗ်ာ။ေရဘယ္ေလာက္ႀကီးႀကီး ဘုရားေက်ာင္းေတာ္ကို ေရမျမႇဳတ္တဲ့ က်ိဳကၡမီ ေရလည္ဘုရား 4.8.2020 မြန္ျပည္ နယ္ က်ိဳကၡမီၿမိဳ႕ ေရလယ္ဆံေတာ္ရွင္ ျမတ္ဘုရား ေရဘယ္ေလာက္ႀကီးႀကီး ဘုရားေက်ာင္းေတာ္ကို ေရမျမဳတ္ ဒယ္အိုး ပုံစံျဖင့္ ဝန္းရံ ကန္ေတာ့လွ်က္ပါ။ဘုရား၏ တန္ခိုးေတာ္ ျဖင့္ ေဘးရန္ကင္း၍ ေအးၿငိမ္ၾကပါေစ။

REF: LET PAN

UNICODE

ကျိုက္ခမီဘုရားမှာ သီဟိုဠ်ကျွန်းမှ ဒေဝါနံပိယတိဿမင်းကြီးက အဓိဋ္ဌာန်ဖြင့်မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်ဟု သမိုင်းအဆိုရှိသည်။ ဒေဝါနံပိယတိဿ မင်းကြီးသည် မြတ်စွာဘုရားအား မဖူးမြင်လိုက်ရသော ရှင်လူအများတို့ ကြည်ညိုအား ထား ကုသိုလ်ပွားစေခြင်းငှာ သိကြားမင်း ဖန်ဆင်းပေးသော ရုပ်ပွားတော် ၄ ဆူကို ပင်လယ်ရေပြင်၌ မျှောတော်မူလေသည်။ ထို ၄ ဆူအ နက် ကျောက်လှည်းဘီးခံသော ရုပ်ပွားတော်သည် ကျိုက်ထိုမြို့သို့ ရောက်ရှိ၍ ကျိုက်ပေါလောဘွဲ့အမည်ဖြင့် ထင်ရှားရှိသည်။

ကျွန်းတုံး ခံသော ရုပ်ပွားတော်မှာ ရခိုင်ပြည်နယ် သို့ ဆိုက်ရောက်သည်ဟု ဆို၏။ ပုသိမ်မြို့သို့ ဆိုက်ရောက်သည် ဟုလည်း အဆိုရှိသည်။ သင်္ကန်းတုံးခံ သော ရုပ်ပွားတော် ၂ ဆူအနက် တစ်ဆူမှာ ထားဝယ်မြို့သို့၎င်း၊ ကျန်တစ်ဆူမှာ တုံဇောင်းပီမြို့ (ယခု ကျိုက္ခမီမြို့) သို့၎င်း အသီးသီး ဆိုက်ရောက်တော်မူလာလေသည်။ ထားဝယ်မြို့သို့ ရောက်ရှိလာသော ရုပ်ပွားတော်ကို လူအများက ပင့်ဆောင်ကိုးကွယ်ထားရာ ရှင်မုဋ္ဌီး အမည်ဖြင့် အထင်အရှားရှိပေသည်။

ကျိုက္ခမီ ရေလယ်ဘုရားကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့၏ တောင်ဘက်(၅၅)မိုင်မှာ တည်ရှိပြီး သံဖြူဇရပ်မြို့၏ အနောက်မြောက် ဘက် (၁၅)မိုင်အကွာ ကျိုက္ခမီမြို့မှာ တည်ရှိပါတယ်။ ကျိုက္ခမီရေလယ်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ အထူးအံသြစရာ ကောင်းလောက် သော ရေလည်ဘုရားကြီး ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသောရေလယ်ဘုရားကြီးရဲ့သမိုင်းလဲရှိပါတယ်။တကယ်လို့များ လိုင်းဖွင့်ချိန် နဲ့ ဆုံခဲ့ရင် သာဓုသုံးကြိမ်ခေါ်ကာလိုရာ ဆုတောင်းပီး ပြန်လည်မျှဝေ လိုက်ပါ…။

။ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းနိုင်ကြပြီးကပ်ရောဂါဆိုးကြီး မှလဲ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေဗျာ။ရေဘယ်လောက်ကြီးကြီး ဘုရားကျောင်းတော်ကို ရေမမြှုတ်တဲ့ ကျိုက္ခမီ ရေလည်ဘုရား 4.8.2020 မွန်ပြည် နယ် ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင် မြတ်ဘုရား ရေဘယ်လောက်ကြီးကြီး ဘုရားကျောင်းတော်ကို ရေမမြုတ် ဒယ်အိုး ပုံစံဖြင့် ဝန်းရံ ကန်တော့လျှက်ပါ။ဘုရား၏ တန်ခိုးတော် ဖြင့် ဘေးရန်ကင်း၍ အေးငြိမ်ကြပါစေ။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *