(၁၀)တန်းအောင်စာ ရင်းများ Onlineမှထုတ်ပြန်ပြီး တစ်ရက်နောက်ကျပြီးမှ ဆိုင်ရာကျော င်းများတွင် က ပ်မည်ဟု ပြောဆို
REF: SHWE WIKI
UNICODE
၂၀၂၀ ပြည့်နှစ်တက္ကသိုလ် ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းကျော် ဖြေဆို ထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာ ရင်းကို နှစ်စဉ်ဇွန်လအ တွင်း ထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ကြောင့် အဖြေလွှာစစ်ဆေးမှုများ ရပ်ဆိုင်း ခဲ့ရသည့်အ တွက် အောင်စာရင်းကိုလည်း ယခင်နှစ်များထက် နှစ်လခန့်နောက်ကျပြီးမှ ထုတ်ပြန် နိုင်ခြင်းဖြစ်သည်။
တ က္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်း ထုတ်ပြန်မှုအစီအစဉ် ကြေညာ၊ အောင်စာ ရင်းကိစ္စအတွက် ကောလ်စင် တာ ခုနစ်ခုဖွင့်ပေးမည် တ က္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက် နံနက် ဝး၃၀ နာရီမှစကာ ပညာ ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.moe.gov. mm နှင့် www.myanmarexam.org တွင်ကြေ ညာမည်ဖြစ်ပြီး အောင်စာရင်း ထုတ်ပြန်သည့်နေ့တွင် မရှင်း လင်းသည်များ မေးမြန်းစုံ စမ်းနိုင်ရန် ကောလ်စင်တာ ခုနစ်ခုဖွင့်လှစ် ပေးမည်ဟု ပညာရေးဝန်ကြီးဌာန က သြဂုတ် ၄ရက်တွင် ကြေညာသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်စာရင်းထုတ် ပြန်မည့်အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၄ရက်တွင် တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်။ အောင်စာရင်း ကြေညာသည့်နေ့တွင် ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် မကပ်ဘဲ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များတွင်သာ ကြေညာမည်ဖြစ်သည်။
ဝေးလံဒေသရှိ စာစစ်ဌာန များနှင့် အင်တာနက် မရရှိသော ဒေသများမှ စာစစ်ဌာနများ၏ အောင်စာရင်းကို မြန်မာ့အသံ ရေဒီယိုနှင့် Skynet Education Channel တို့မှ သြဂုတ် ၉ရက်တွင် ကြေညာမည်ဖြစ်သည်။အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ကောလ်စင်တာ ဖုန်းနံပါတ် ၀၆၇ – ၃၄၀၇၈၂၁၊ ၀၆၇ – ၃၄၀၇၈၁၁၊ ၀၆၇-၃၄၀၇၆၉၁၊ ၀၆၇၃ -၄၀၇၆၈၆၊ ၀၆၇ -၃၄၀၇၈၁၉၊ ၀၁-၆၅၃၅၀၉၊ ၀၆၇- ၃၄၃၀၁၆၉ တို့သို့ တယ်လီဖုန်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကြေညာထားသည်။
သြဂုတ် ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာကျောင်းများ၌ အောင်စာရင်းကြည့်ရှုနိုင်ပြီး အောင်စာရင်း ကြည့်ရာတွင် လူစုလူဝေးမဖြစ်ရန် ခုံနံပါတ်အလိုက် အုပ်စုလေးခုခွဲကာ သတ်မှတ်သည့်အချိန်တွင် ကြည့်ရှုရမည်ဖြစ်သည်။အောင်စာရင်းကြည့်ရှုရာ တွင် တစ်ဦးနှင့်တစ်ဦးအနည်းဆုံး ခြောက်ပေ ကွာခြားနိုင်စေရေး ဆောင်ရွက်ရန်၊ အောင်စာရင်း လာရောက်ကြည့်ရှုသူများအား Mask (နှာ ခေါင်းစည်း)နှင့် Face Shield (မျက်နှာအကာ)တို့ကို စနစ်တကျ လုံခြုံစွာတပ်ဆင်ရေး ကြီးကြပ်ရန်၊
ကျောင်းစည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးဖွဲ့၍ ကျောင်းဝင်းတံခါးများ၊ ဘေးတံခါးပေါက်များ ဖွင့်လှစ်ပြီးစနစ်တကျ ခြောက်ပေခြားစီ တန်းဝင် ရောက်နိုင်ရန် ပညာရေးဝန်ကြီး ဌာနက သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ထို့အပြင် အသက် (၆၀) နှစ် နှင့်အထက်အရွယ်များ၊ နာတာ ရှည်ရောဂါရှိသူများ၊ COVID-19 ရောဂါသံသယ လက္ခဏာရှိသူ များ၊ COVID-19 အတည်ပြုလူ နာတစ်ဦးဦးနှင့်လွန်ခဲ့သည့် ၁၄ ရက်အတွင်း နီးကပ်စွာထိတွေ့ခဲ့ သူများကို အောင်စာရင်းကြည့်ရန် ကျောင်းသို့လာခွင့်မပြုရေး ကြီး ကြပ်ရန်လည်း စီစဉ်ထားသည်။
REF: SHWE WIKI