(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီဥကၠဌဦးသန္းေဌးနဲ႔ အဖြဲ႕ဝင္အခ်ိဳ႕ ေနျပည္ေတာ္ကေန ဝင္ၿပိဳင္မည္

လာမယ့္(၂၀၂၀)ေ႐ြးေကာက္ပြဲမွာ ယခင္အစိုးရလက္ထက္က ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးဝင္းရွိန္က ဥတၱရသီရိ ၿမိဳ႕နယ္ကေန ဝင္ၿပိဳင္ မွာျဖစ္ၿပီး ကာကြယ္ေရးဝန္ႀကီးေဟာင္းျဖစ္တဲ့ ဦးေဝလြင္ကေတာ့ ပုဗၺသီရိ ၿမိဳ႕နယ္ကေန ဝင္ၿပိဳင္မွာျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝ႑ေမာင္လြင္ကေတာ့ ဇဗၺဴသီရိၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ရွိပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦး သန္းေဌးက ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

ေဇယ်ာသီရိၿမိဳ႕နယ္ဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးစိုက္ရာ ၿမိဳ႕နယ္ျဖစ္သလို တပ္မိသားစုေတြေနထိုင္တဲ့ ၿမိဳ႕နယ္လည္း ျဖစ္ပါတယ္။ ထပ္မံရရွိတဲ့ ကိုယ္စားလွယ္ေလာင္းစာရင္းနဲ႔ အေသးစိတ္အေျခအေနေတြကို ဆက္လက္တင္ဆက္ေပးပါမယ္။

Source: BBC

UNICODE

လာမယ့်(၂၀၂၀)ရွေးကောက်ပွဲမှာ ယခင်အစိုးရလက်ထက်က ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်က ဥတ္တရသီရိ မြို့နယ်ကနေ ဝင်ပြိုင် မှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးဝေလွင်ကတော့ ပုဗ္ဗသီရိ မြို့နယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဍမောင်လွင်ကတော့ ဇဗ္ဗူသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး သန်းဌေးက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ မြို့နယ်ဖြစ်သလို တပ်မိသားစုတွေနေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ ထပ်မံရရှိတဲ့ ကိုယ်စားလှယ်လောင်းစာရင်းနဲ့ အသေးစိတ်အခြေအနေတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။

Source: BBC

Add a Comment

Your email address will not be published. Required fields are marked *