မဲစာရင္းမ်ား ၾကည့္ရႈစစ္ေဆးႏိုင္ရန္ အခ်ိန္(၁)ပတ္ထပ္မံ တိုးျမႇင့္လိုက္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ေျပာဆို
|လာမည့္(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းမ်ားကို ပိုမိုျပည့္စုံ မွန္ကန္ေစရန္ႏွင့္ မဲဆႏၵရွင္မ်ားမွ လိုအပ္သည့္ ေတာင္းဆိုမႈ၊ ကန႔္ကြက္မႈ၊ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ရန္ အတြက္ အခ်ိန္ပိုမို ရရွိေစရန္ ရည္႐ြယ္၍ ထပ္မံတိုးျမႇင့္ခဲ့ျခင္း ျဖစ္သည္ဟု လူမႈကြန္ရက္ စာ မ်က္ႏွာမ်ားတြင္ ျပန႔္ႏွံ႔ေနသည့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
မဲဆႏၵရွင္စာရင္း မ်ား ၾကည့္ရႈစစ္ေဆးႏိုင္ရန္ ၾသဂုတ္ ၁၄ ရက္အထိ တစ္ပတ္ထပ္မံ တိုးျမႇင့္မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးသန္းေဌးက ေျပာၾကားသည္။ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးသန္းေဌးက “ဟုတ္ပါတယ္၊ အဲ့တာ စာထုတ္ဖို႔ ျပင္ေနပါတယ္၊ တစ္ပတ္ထပ္တိုးမွာပါ” ဟု ေျပာၾကားသည္။
ယခင္က မဲဆႏၵရွင္ စာရင္းမ်ားကို ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္ ၇ ရက္အထိ သတ္မွတ္ခဲ့ေသာ္လည္း ယခုအခါတြင္ ၾသဂုတ္ ၁၄ ရက္ေန႔အထိ တစ္ပတ္ထပ္မံ တိုးျမႇင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
REF: ELEVEN MEDIA
UNICODE
လာမည့်(၂၀၂၀)ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန် အတွက် အချိန်ပိုမို ရရှိစေရန် ရည်ရွယ်၍ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက် စာ မျက်နှာများတွင် ပြန့်နှံ့နေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မဲဆန္ဒရှင်စာရင်း များ ကြည့်ရှုစစ်ဆေးနိုင်ရန် သြဂုတ် ၁၄ ရက်အထိ တစ်ပတ်ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြောကြားသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက “ဟုတ်ပါတယ်၊ အဲ့တာ စာထုတ်ဖို့ ပြင်နေပါတယ်၊ တစ်ပတ်ထပ်တိုးမှာပါ” ဟု ပြောကြားသည်။
ယခင်က မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင် သြဂုတ် ၁၄ ရက်နေ့အထိ တစ်ပတ်ထပ်မံ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
REF: ELEVEN MEDIA