မၾကာမီက်င္းပမည့္ (၂၁) ရာစု ပင္လုံညီလာခံသို႔ ရခိုင္လက္နက္ကိုင္(AA)အဖြဲ႕အား ဖိတ္ၾကားမည္မဟုတ္ေၾကာင္း ဦးေဇာ္ေဌးေျပာၿပီ

အစိုးရအေနျဖင့္ ကခ်င္အဖြဲ႕ (KIA)၊ ‘ဝ’အဖြဲ႕ (UWSA)၊ မိုင္းလားအဖြဲ႕(NDAA)၊ ရွမ္းအဖြဲ႕(SSPP)၊ ကရင္နီ အဖြဲ႕ (KNPP)၊ တအာင္း အဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕(MNDAA)ႏွင့္ ရခိုင္ အဖြဲ႕ (AA) စသည့္ လက္နက္ကိုင္ ရွစ္ဖြဲ႕တို႔ NCA တြင္ ပါဝင္လာေရး ႀကိဳးပမ္းခဲ့ေသာ္လည္း ယခုႏွစ္ မတ္လပိုင္းတြင္ရခိုင္လက္နက္ကိုင္ AA ကို အၾကမ္း ဖက္အဖြဲ႕အစည္းအျဖစ္ ေၾက ညာခဲ့သည္။ကခ်င္အဖြဲ႕ (KIA)ႏွင့္ ‘ဝ’ အဖြဲ႕ (UWSA) တာဝန္ရွိသူတို႔ကမူ AAကိုပါ ၂၁ ရာစုပင္လုံညီလာခံ သို႔ ဖိတ္ၾကားသင့္ေၾကာင္း တိုင္းရင္းသားအဖြဲ႕မ်ားက မွတ္ခ်က္ျပဳၾကသည္။

အားလုံးပါႏိုင္ရင္ေတာ့ ပို ေကာင္းတာေပါ့’’ဟု UWSA လား ရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီ ရန္းကေျပာသည္။၂၁ ရာစုပင္လုံသို႔ UWSA တက္ေရာက္မႈရွိ၊ မရွိမွာ အစိုးရ၊ တပ္မေတာ္အေပၚ မူတည္ ေၾကာင္း ၎ဆိုသည္။UWSA ညီလာခံသို႔ တက္ ေရာက္ႏိုင္ရန္ မည္သည့္အ ေျခ အေနလိုအပ္ပါသနည္းဟု ေမး ျမန္းရာ ဦးညီရန္းက အစိုးရ၊ တပ္ မေတာ္ကိုသာ ေမးျမန္းရန္ႏွင့္ အားလုံးပူးေပါင္းပါဝင္ႏိုင္ပါက ပို မို ျပည့္စုံမည္ျဖစ္ေၾကာင္း ေျဖ ၾကားသည္။

AA အဖြဲ႕ခ်န္လွပ္ခံရျခင္းႏွင့္ ပတ္သက္၍ KIA ေျပာေရးဆိုခြင့္ ရွိသူဗိုလ္မႉးႀကီးေနာ္ဘူက ‘‘တ ကယ္မွန္ကန္တဲ့နည္းလမ္းနဲ႔ ေျပာ မယ္ဆို လို႔ရွိရင္ ကြၽန္ေတာ္တို႔ျပည္ တြင္းေရးအေၾကာင္းေတြကို ႏိုင္ငံ ေရးအေၾကာင္းေတြကို ေဆြးေႏြး မယ္ဆိုလို႔ရွိရင္ေတာ့ သူတို႔ (AA) ပါရမွာ ျဖစ္ပါတယ္။ ခ်န္ထားလို႔ရွိ ရင္ေတာ့ ခ်န္ထားသလိုပဲအေျဖ ကထြက္လာမွာ။ မခ်န္ထားသင့္ ဘူးလို႔ ကြၽန္ေတာ္ကအဲဒီလိုပဲေျပာ လိုပါတယ္’ ’ဟုေျပာသည္။ဖိတ္ၾကားစာမရေသး၍ ညီ လာခံသို႔တက္၊မတက္ မေျဖၾကား ႏိုင္ေၾကာင္း၊ဗိုလ္မႉးႀကီးေနာ္ ဘူကေျပာသည္။

AA အဖြဲ႕မပါ၍တက္ေရာက္ ႏိုင္မည့္ အေျခအေနရွိ၊မရွိေမး ျမန္းရာ AA မပါ၍မတက္ဘူးဆို သည့္ သေဘာေျပာ၍မရေၾကာင္း၊ အားလုံး ဝိုင္းဝန္းေဆြးေႏြးရမည့္ ကိစၥျဖစ္၍ တစ္ဦးတည္းသေဘာ ထားကို ေျဖၾကား၍မရေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူကဆိုသည္။ ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရးညီလာခံ-၂၁ရာစု ပင္လုံ စတုတၳအစည္းအေဝးသို႔ ရခိုင္ လက္နက္ကိုင္အဖြဲ႕ (AA)မွအပ က်န္သည့္ NCA မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္ခုနစ္ ဖြဲ႕ကို ဖိတ္ၾကားသြားမည္ျဖစ္ ေၾကာင္း အစိုးရႏွင့္ NCA လက္ မွတ္ထိုးကိုယ္စားလွယ္မ်ား ကေျပာသည္။

အစိုးရကိုယ္စားလွယ္ ဦးေဇာ္ေဌးကလည္း NCA မထိုးရ ေသးသည့္ လက္နက္ကိုင္ခုနစ္ဖြဲ႕ ကိုဖိတ္ၾကားမည္ျဖစ္ၿပီး အခ်ိဳ႕အ ဖြဲ႕ကိုမူ ဥပေဒ အရဖိတ္ၾကားရန္ အကန႔္အသတ္ရွိ၍ ဖိတ္ၾကား ႏိုင္မည္ မဟုတ္ေၾကာင္းေျပာၾကား သည္။ဖိတ္တဲ့အခါမွာလည္း ထိုး ၿပီးသားအဖြဲ႕ေတြ ညီ လာခံတက္ ေရာက္ဖို႔ ထိပ္သီးေခါင္းေဆာင္ ႏွစ္ေယာက္ဖိတ္တယ္။ အလား တူပဲမထိုးရေသးတဲ့ အဖြဲ႕ေတြကို လည္း ထိပ္သီးေခါင္းေဆာင္ ႏွစ္ ေယာက္ဖိတ္မယ္။သို႔ရာတြင္ဖိတ္ ၾကားခံရသည့္ ေခါင္းေဆာင္မ်ား ကိုယ္စား လူစားထိုးတက္ေရာက္ ခြင့္မရွိေၾကာင္း၎ကဆိုသည္။

REF: 7DAY DAILY

UNICODE

အစိုးရအနေဖြင့် ကချင်အဖွဲ့ (KIA)၊ ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ ကရင်နီ အဖွဲ့ (KNPP)၊ တအာင်း အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ရခိုင် အဖွဲ့ (AA) စသည့် လက်နက်ကိုင် ရှစ်ဖွဲ့တို့ NCA တွင် ပါဝင်လာရေး ကြိုးပမ်းခဲ့သော်လည်း ယခုနှစ် မတ်လပိုင်းတွင်ရခိုင်လက်နက်ကိုင် AA ကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် ကြေ ညာခဲ့သည်။ကချင်အဖွဲ့ (KIA)နှင့် ‘ဝ’ အဖွဲ့ (UWSA) တာဝန်ရှိသူတို့ကမူ AAကိုပါ ၂၁ ရာစုပင်လုံညီလာခံ သို့ ဖိတ်ကြားသင့်ကြောင်း တိုင်းရင်းသားအဖွဲ့များက မှတ်ချက်ပြုကြသည်။

အားလုံးပါနိုင်ရင်တော့ ပို ကောင်းတာပေါ့’’ဟု UWSA လား ရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီ ရန်းကပြောသည်။၂၁ ရာစုပင်လုံသို့ UWSA တက်ရောက်မှုရှိ၊ မရှိမှာ အစိုးရ၊ တပ်မတော်အပေါ် မူတည် ကြောင်း ၎င်းဆိုသည်။UWSA ညီလာခံသို့ တက် ရောက်နိုင်ရန် မည်သည့်အ ခြေ အနေလိုအပ်ပါသနည်းဟု မေး မြန်းရာ ဦးညီရန်းက အစိုးရ၊ တပ် မတော်ကိုသာ မေးမြန်းရန်နှင့် အားလုံးပူးပေါင်းပါဝင်နိုင်ပါက ပို မို ပြည့်စုံမည်ဖြစ်ကြောင်း ဖြေ ကြားသည်။

AA အဖွဲ့ချန်လှပ်ခံရခြင်းနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီးနော်ဘူက ‘‘တ ကယ်မှန်ကန်တဲ့နည်းလမ်းနဲ့ ပြော မယ်ဆို လို့ရှိရင် ကျွန်တော်တို့ပြည် တွင်းရေးအကြောင်းတွေကို နိုင်ငံ ရေးအကြောင်းတွေကို ဆွေးနွေး မယ်ဆိုလို့ရှိရင်တော့ သူတို့ (AA) ပါရမှာ ဖြစ်ပါတယ်။ ချန်ထားလို့ရှိ ရင်တော့ ချန်ထားသလိုပဲအဖြေ ကထွက်လာမှာ။ မချန်ထားသင့် ဘူးလို့ ကျွန်တော်ကအဲဒီလိုပဲပြော လိုပါတယ်’ ’ဟုပြောသည်။ဖိတ်ကြားစာမရသေး၍ ညီ လာခံသို့တက်၊မတက် မဖြေကြား နိုင်ကြောင်း၊ဗိုလ်မှူးကြီးနော် ဘူကပြောသည်။

AA အဖွဲ့မပါ၍တက်ရောက် နိုင်မည့် အခြေအနေရှိ၊မရှိမေး မြန်းရာ AA မပါ၍မတက်ဘူးဆို သည့် သဘောပြော၍မရကြောင်း၊ အားလုံး ဝိုင်းဝန်းဆွေးနွေးရမည့် ကိစ္စဖြစ်၍ တစ်ဦးတည်းသဘော ထားကို ဖြေကြား၍မရကြောင်း ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ-၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးသို့ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)မှအပ ကျန်သည့် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ် ဖွဲ့ကို ဖိတ်ကြားသွားမည်ဖြစ် ကြောင်း အစိုးရနှင့် NCA လက် မှတ်ထိုးကိုယ်စားလှယ်များ ကပြောသည်။

အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးကလည်း NCA မထိုးရ သေးသည့် လက်နက်ကိုင်ခုနစ်ဖွဲ့ ကိုဖိတ်ကြားမည်ဖြစ်ပြီး အချို့အ ဖွဲ့ကိုမူ ဥပဒေ အရဖိတ်ကြားရန် အကန့်အသတ်ရှိ၍ ဖိတ်ကြား နိုင်မည် မဟုတ်ကြောင်းပြောကြား သည်။ဖိတ်တဲ့အခါမှာလည်း ထိုး ပြီးသားအဖွဲ့တွေ ညီ လာခံတက် ရောက်ဖို့ ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်တယ်။ အလား တူပဲမထိုးရသေးတဲ့ အဖွဲ့တွေကို လည်း ထိပ်သီးခေါင်းဆောင် နှစ် ယောက်ဖိတ်မယ်။သို့ရာတွင်ဖိတ် ကြားခံရသည့် ခေါင်းဆောင်များ ကိုယ်စား လူစားထိုးတက်ရောက် ခွင့်မရှိကြောင်း၎င်းကဆိုသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *