သိပၸံ ပညာရွင္ေတြ ယေန႔ထိတိုင္ မေျဖရွင္းႏိုင္ ေသးတဲ့ လွ်ိဳ႕ဝွက္ ဆန္းၾကယ္ေသာအရာမ်ား

(၁) ေရခဲသြား ခဲ့တဲ့မိန္းကေလး တစ္ေယာက္

၁၉၈၀ ခုႏွစ္ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာေတာ့ Jean Hilliard ဆိုတဲ့မိန္းကေလးတစ္ဦးဟာ ဆီးႏွင္းမ်ားက်ဆင္းေနတဲ့ Lengby ၿမိဳ႕ Minne sota ျပည္နယ္မွာရွိတဲ့ သူ႔မိဘရဲ႕အိမ္ကိုတစ္ေယာက္တည္း ကားေမာင္းလာခဲ့ပါတယ္။ ထိုအခ်ိန္မွာ သူမရဲ႕ကားဟာ ႐ုတ္တရက္ စက္ရပ္ သြားခဲ့တာေၾကာင့္ သူမဟာ အနီးနားမွာရွိတဲ့ဘသူငယ္ခ် င္းရဲ႕အိမ္ကို လမ္းေလ်ာက္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အလြန္ေအးတဲ့ ရာသီဥတု ေၾကာင့္ သူမဟာ သတိလစ္သြားခဲ့ၿပီး ႏွင္းေတြထဲမွာ ၆နာရီအၾကာမွ သူမကိုေတြ႕ရွိခဲ့ပါတယ္။ ထိုအခ်ိန္မွာ‌ေတာ့ ေလထုရဲ႕ အပူခ်ိန္ဟာ (-၂၂)ဒီဂရီစင္တီဂရိတ္ထိရွိေနခဲ့ပါတယ္။

သူမကို ေဆး႐ုံေခၚသြားခဲ့တဲ့အခ်ိန္မွာေတာ့ သူမမွာအသက္ရွိေနတဲ့လကၡဏာေတြမေတြ႕ရေဝာ့ာဘဲ၊အေရျပားဟာလည္း ေတာင့္တင္း မာေက်ာေနတာေၾကာင့္ ေဆးထိုးလို႔လည္းမရခဲ့ပါဘူး။ ဆရာဝန္ေတြကေတာ့ Jean ဟာ ေသဆုံးသြားၿပီလို႔ မွတ္ယူခဲ့ၾကတယ္။ အခ်ိန္အ နည္းငယ္ၾကာလို႔ ေရခဲေတြေပ်ာ္လာတဲ့အခါမွာေတာ့ သူမဟာအနည္းငယ္လႈပ္လာပါတယ္။သုံးရက္ၾကာၿပီးေနာက္မွာေတာ့ သူမရဲ႕ေျခ လက္ေတြလႈပ္လာခဲ့ၿပီး ၆ ပတ္ၾကာတဲ့အခါမွာေတာ့ သူမဟာ လုံးဝျပန္လည္က်န္းမာလာခဲ့ပါေတာ့တယ္။

(၂) ထူးဆန္းေသာ တေစၦသဘၤာ Carroll A. Deering

Carroll A. Deering ဟာ အေမရိကန္ ရဲ႕နာမည္ေက်ာ္ၾကားလွတဲ့ တေစၦသေဘၤာတစ္စင္းျဖစ္ပါတယ္။ထိုသေဘၤာဟာ ၁၉၂၁ ခုႏွစ္မွာ သ ေဘၤာသားတစ္ဦးမွမပါဘဲ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ထိုသေဘၤာကိုေတြ႕တဲ့အခ်ိန္မွာ အစားအစာမ်ား၊ မွတ္တမ္းစာအုပ္ေတြ သေဘၤာသား အသုံးအေဆာင္ပစၥည္းေတြနဲ႔ ေက်ာ္ဆူးေတြလည္းရွိေနခဲ့ပါတယ္။ ဒါေပမယ့္ သေဘၤာရဲ႕ စတီယာရင္ကေတာ့ က်ိဳးေနခဲ့ပါတယ္။၁၉၂၂ ခု ႏွစ္ႏွစ္ကုန္ပိုင္းမွာေတာ့ ဒီသေဘၤာနဲ႔ပက္သက္တဲ့အေျဖကို ေသခ်ာမသိရဘဲ စစ္ေဆးမႈေတြရပ္တန႔္ခဲ့ပါတယ္။

(၃) အေမဇုန္မိုး သစ္ေတာအတြင္းမွ ဘူမိ ႐ုပ္ပုံမ်ား

အေမဇုန္ေတာရဲ႕ေနရာတစ္ေနရာတြင္ ဟင္းလင္းျပင္ျဖစ္ေနတဲ့ကြင္းျပင္ေတြ ကို သိပၸံပညာရွင္မ်ား ေလ့လာလိုက္တဲ့အခါမွာေတာ့ မ်ားစြာ ေသာဘူမိ႐ုပ္ပုံေတြကိုေတြ႕ခဲ့ရပါတယ္။ ကြၽမ္းက်င္သူမ်ားဟာ ဘရာဇီးနဲ႔ ဘိုလီဗီယားေျမာက္ပိုင္းေဒသေတြမွာ ဘူမိ႐ုပ္ပုံ ၄၅၀ခန႔္ကို ရွာ ေဖြေတြ႕ရွိခဲ့ပါတယ္။ အမ်ားစုဟာေရွးက်လြန္းတဲ့ ဘူမိ႐ုပ္ပုံေတြျဖစ္ၿပီး သူတို႔ရဲ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၃၀၀၀ ကေန ၃၅၀၀ အတြင္း ရွိပါတယ္။ ဒီဘူမိ႐ုပ္ပုံမ်ားနဲ႔ပက္သက္တဲ့ အဓိကသီအိုရီတစ္ခုကေတာ့ အစည္းအေဝးမ်ားေဆြးေႏြးျခင္းမ်ားနဲ႔ ထုံးတမ္းအစဥ္အလာေတြ အတြက္ ေရးဆြဲထားတာျဖစ္ႏိုင္တယ္ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

(၄) Bralorney ျပတိုက္မွ ဓာတ္ပုံ

ထိုဓာတ္ပုံကေတာ့ ၁၉၄၁ ခုႏွစ္ ကေနဒါႏိုင္ငံမွ Gold Bridge တံတားဖြင့္ပြဲမွ ဓာတ္ပုံတစ္ခုျဖစ္ပါတယ္။ ထိုဓာတ္ပုံထဲက လူအုပ္ၾကားထဲမွ အမ်ိဳးသားတစ္ဦးဟာ ၁၉၄၀ ခုႏွစ္ဝန္းက်င္တုန္းက ဖက္ရွင္မဟုတ္တဲ့ဝတ္စုံကို ဝတ္ဆင္ထားပါတယ္။ ထိုအမ်ိဳးသားဟာ ဇစ္ပါတဲ့ hoodie နဲ႔ ၂၁ရာစုႏွစ္ထုတ္ Logo ပါတဲ့ တီရွပ္ကိုဝတ္ဆင္ထားၿပီး လက္ထဲ မွာလည္း ခရီးေဆာင္ကင္မရာတစ္လုံးကို ကိုင္ထားတာကို ေတြ႕ရပါ တယ္။အခ်ိဳ႕သူမ်ားကေတာ့ ထိုအမ်ိဳးသားဟာ အခ်ိန္ခရီးသြားတစ္ဦးျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။

(၅) ေရဆူေနေသာျမစ္

ပီ႐ူးႏိုင္ငံက Andrés Ruzo လို႔အမည္ ရတဲ့ ေကာင္ေလး တစ္ဦးဟာ သူ႔ရဲ႕အဖိုးဆီကေန ေရဆူေနတဲ့ျမစ္နဲ႔ပက္သက္တဲ့ ဒ႑ာရီ ပုံျပင္မ်ား စြာကို အၿမဲတမ္းၾကားခဲ့ရပါတယ္။ သူဟာ အဲ့ဒီပုံျပင္ေတြကို မယုံၾကည္ခဲ့ပါဘူး။ ဒါေပမယ့္ တစ္ရက္မွာေတာ့ သူဟာ အဲ့ဒီျမစ္ကို ေတြ႕ရွိ သြားခဲ့ၿပီလို႔ အိမ္မက္မက္ခဲ့ပါတယ္။ အသက္ႀကီးလာတဲ့အခ်ိန္မွာေတာ့ သူဟာ ဘူမိေဗဒပညာရွင္ျဖစ္လာခဲ့ၿပီး အဲ့ဒီျမစ္က တကယ္ရွိသ လားဆိုတာကို ရွာေဖြဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္မွာေတာ့ ပီ႐ူးအေမဇုန္ေတာထဲမွာေနထိုင္တဲ့ နတ္ဆရာမ်ားရဲ႕ အကူအညီနဲ႔ အဲ့ဒီေရဆူေနတဲ့ျမစ္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ထိုျမစ္ေရရဲ႕အပူခ်ိန္ဟာ ၈၆ ဒီဂရီဆဲလ္ဆီးရပ္ ၁၈၆ ဒီဂရီဖာရင္ဟိုက္ထိရွိၿပီး ထိုျမစ္ေရရဲ႕ထူးျခားဆန္းၾကယ္လွတဲ့အခ်က္ကေတာ့ သူ႔နဲ႔ အနီးဆုံးမီးေတာင္ကေနေတာင္ ကီလိုမီတာရ၀၀ေလာက္ကြာေဝးေနတာေၾကာင့္ျဖစ္ပါတယ္။ ေရွးေခတ္အခါတည္းက ကြၽန္ေတာ္တို႔ လူ သားေတြဟာထူးျခားဆန္းၾကယ္လွတဲ့အရာေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ႀကိဳးစားခဲ့ၾကပါတယ္။

ထိုအရာေတြထဲကမွအမ်ားစုကိုေတာ့ ကြၽန္ေတာ္တို႔ဟာသိပၸံပညာနဲ႔ေျဖရွင္းႏိုင္ခဲ့ၾကၿပီး ထိုထဲကမွယုံၾကည္ႏိုင္ဖို႔ခက္ခဲလွတဲ့ အခ်ိဳ႕အရာ ေတြဟာလည္း မေျဖရွင္းႏိုင္ဘဲရွိေနပါေသးတယ္။ ဒီေဆာင္းပါး ထဲမွာေတာ့ သိပၸံပညာနဲ႔ေျဖရွင္းႏိုင္ျခင္းမရွိေသးတဲ့ လူနဲ႔ သဘာဝမွ ျဖစ္ ရပ္ဆန္းေတြကိုစုစည္းတင္ျပေပးလိုက္ပါတယ္။

REF: LET PAN

UNICODE

(၁) ရေခဲသွား ခဲ့တဲ့မိန်းကလေး တစ်ယောက်

၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ Jean Hilliard ဆိုတဲ့မိန်းကလေးတစ်ဦးဟာ ဆီးနှင်းများကျဆင်းနေတဲ့ Lengby မြို့ Minne sota ပြည်နယ်မှာရှိတဲ့ သူ့မိဘရဲ့အိမ်ကိုတစ်ယောက်တည်း ကားမောင်းလာခဲ့ပါတယ်။ ထိုအချိန်မှာ သူမရဲ့ကားဟာ ရုတ်တရက် စက်ရပ် သွားခဲ့တာကြောင့် သူမဟာ အနီးနားမှာရှိတဲ့ဘသူငယ်ချ င်းရဲ့အိမ်ကို လမ်းလျောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလွန်အေးတဲ့ ရာသီဥတု ကြောင့် သူမဟာ သတိလစ်သွားခဲ့ပြီး နှင်းတွေထဲမှာ ၆နာရီအကြာမှ သူမကိုတွေ့ရှိခဲ့ပါတယ်။ ထိုအချိန်မှာ‌တော့ လေထုရဲ့ အပူချိန်ဟာ (-၂၂)ဒီဂရီစင်တီဂရိတ်ထိရှိနေခဲ့ပါတယ်။

သူမကို ဆေးရုံခေါ်သွားခဲ့တဲ့အချိန်မှာတော့ သူမမှာအသက်ရှိနေတဲ့လက္ခဏာတွေမတွေ့ရဝော့ာဘဲ၊အရေပြားဟာလည်း တောင့်တင်း မာကျောနေတာကြောင့် ဆေးထိုးလို့လည်းမရခဲ့ပါဘူး။ ဆရာဝန်တွေကတော့ Jean ဟာ သေဆုံးသွားပြီလို့ မှတ်ယူခဲ့ကြတယ်။ အချိန်အ နည်းငယ်ကြာလို့ ရေခဲတွေပျော်လာတဲ့အခါမှာတော့ သူမဟာအနည်းငယ်လှုပ်လာပါတယ်။သုံးရက်ကြာပြီးနောက်မှာတော့ သူမရဲ့ခြေ လက်တွေလှုပ်လာခဲ့ပြီး ၆ ပတ်ကြာတဲ့အခါမှာတော့ သူမဟာ လုံးဝပြန်လည်ကျန်းမာလာခဲ့ပါတော့တယ်။

(၂) ထူးဆန်းသော တစ္ဆေသင်္ဘာ Carroll A. Deering

Carroll A. Deering ဟာ အမေရိကန် ရဲ့နာမည်ကျော်ကြားလှတဲ့ တစ္ဆေသင်္ဘောတစ်စင်းဖြစ်ပါတယ်။ထိုသင်္ဘောဟာ ၁၉၂၁ ခုနှစ်မှာ သ င်္ဘောသားတစ်ဦးမှမပါဘဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုသင်္ဘောကိုတွေ့တဲ့အချိန်မှာ အစားအစာများ၊ မှတ်တမ်းစာအုပ်တွေ သင်္ဘောသား အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျော်ဆူးတွေလည်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောရဲ့ စတီယာရင်ကတော့ ကျိုးနေခဲ့ပါတယ်။၁၉၂၂ ခု နှစ်နှစ်ကုန်ပိုင်းမှာတော့ ဒီသင်္ဘောနဲ့ပက်သက်တဲ့အဖြေကို သေချာမသိရဘဲ စစ်ဆေးမှုတွေရပ်တန့်ခဲ့ပါတယ်။

(၃) အမေဇုန်မိုး သစ်တောအတွင်းမှ ဘူမိ ရုပ်ပုံများ

အမေဇုန်တောရဲ့နေရာတစ်နေရာတွင် ဟင်းလင်းပြင်ဖြစ်နေတဲ့ကွင်းပြင်တွေ ကို သိပ္ပံပညာရှင်များ လေ့လာလိုက်တဲ့အခါမှာတော့ များစွာ သောဘူမိရုပ်ပုံတွေကိုတွေ့ခဲ့ရပါတယ်။ ကျွမ်းကျင်သူများဟာ ဘရာဇီးနဲ့ ဘိုလီဗီယားမြောက်ပိုင်းဒေသတွေမှာ ဘူမိရုပ်ပုံ ၄၅၀ခန့်ကို ရှာ ဖွေတွေ့ရှိခဲ့ပါတယ်။ အများစုဟာရှေးကျလွန်းတဲ့ ဘူမိရုပ်ပုံတွေဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၀၀၀ ကနေ ၃၅၀၀ အတွင်း ရှိပါတယ်။ ဒီဘူမိရုပ်ပုံများနဲ့ပက်သက်တဲ့ အဓိကသီအိုရီတစ်ခုကတော့ အစည်းအဝေးများဆွေးနွေးခြင်းများနဲ့ ထုံးတမ်းအစဉ်အလာတွေ အတွက် ရေးဆွဲထားတာဖြစ်နိုင်တယ် ကောက်ချက်ချခဲ့ကြပါတယ်။

(၄) Bralorney ပြတိုက်မှ ဓာတ်ပုံ

ထိုဓာတ်ပုံကတော့ ၁၉၄၁ ခုနှစ် ကနေဒါနိုင်ငံမှ Gold Bridge တံတားဖွင့်ပွဲမှ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ ထိုဓာတ်ပုံထဲက လူအုပ်ကြားထဲမှ အမျိုးသားတစ်ဦးဟာ ၁၉၄၀ ခုနှစ်ဝန်းကျင်တုန်းက ဖက်ရှင်မဟုတ်တဲ့ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ထိုအမျိုးသားဟာ ဇစ်ပါတဲ့ hoodie နဲ့ ၂၁ရာစုနှစ်ထုတ် Logo ပါတဲ့ တီရှပ်ကိုဝတ်ဆင်ထားပြီး လက်ထဲ မှာလည်း ခရီးဆောင်ကင်မရာတစ်လုံးကို ကိုင်ထားတာကို တွေ့ရပါ တယ်။အချို့သူများကတော့ ထိုအမျိုးသားဟာ အချိန်ခရီးသွားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

(၅) ရေဆူနေသောမြစ်

ပီရူးနိုင်ငံက Andrés Ruzo လို့အမည် ရတဲ့ ကောင်လေး တစ်ဦးဟာ သူ့ရဲ့အဖိုးဆီကနေ ရေဆူနေတဲ့မြစ်နဲ့ပက်သက်တဲ့ ဒဏ္ဍာရီ ပုံပြင်များ စွာကို အမြဲတမ်းကြားခဲ့ရပါတယ်။ သူဟာ အဲ့ဒီပုံပြင်တွေကို မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ရက်မှာတော့ သူဟာ အဲ့ဒီမြစ်ကို တွေ့ရှိ သွားခဲ့ပြီလို့ အိမ်မက်မက်ခဲ့ပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာတော့ သူဟာ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီး အဲ့ဒီမြစ်က တကယ်ရှိသ လားဆိုတာကို ရှာဖွေဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ပီရူးအမေဇုန်တောထဲမှာနေထိုင်တဲ့ နတ်ဆရာများရဲ့ အကူအညီနဲ့ အဲ့ဒီရေဆူနေတဲ့မြစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုမြစ်ရေရဲ့အပူချိန်ဟာ ၈၆ ဒီဂရီဆဲလ်ဆီးရပ် ၁၈၆ ဒီဂရီဖာရင်ဟိုက်ထိရှိပြီး ထိုမြစ်ရေရဲ့ထူးခြားဆန်းကြယ်လှတဲ့အချက်ကတော့ သူ့နဲ့ အနီးဆုံးမီးတောင်ကနေတောင် ကီလိုမီတာရ၀၀လောက်ကွာဝေးနေတာကြောင့်ဖြစ်ပါတယ်။ ရှေးခေတ်အခါတည်းက ကျွန်တော်တို့ လူ သားတွေဟာထူးခြားဆန်းကြယ်လှတဲ့အရာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။

ထိုအရာတွေထဲကမှအများစုကိုတော့ ကျွန်တော်တို့ဟာသိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခဲ့ကြပြီး ထိုထဲကမှယုံကြည်နိုင်ဖို့ခက်ခဲလှတဲ့ အချို့အရာ တွေဟာလည်း မဖြေရှင်းနိုင်ဘဲရှိနေပါသေးတယ်။ ဒီဆောင်းပါး ထဲမှာတော့ သိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ လူနဲ့ သဘာဝမှ ဖြစ် ရပ်ဆန်းတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *