ေဒးဗစ္လားႏွင့္ ဦး​ေဝထြန္းကို အလုပ္ၾကမ္းႏွင့္ ​ေထာင္ဒဏ္(၃)လ တရာ႐ုံးက အမိန႔္ခ်

တရားေဟာဆရာ ေစာေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ႏွစ္ဦးသည္ ကိုဗစ္ ၁၉ ကာလအတြင္းမွာ လူစုလူေဝးလုပ္တယ္ဆိုၿပီး မရမ္းကုန္းၿမိဳ႕ နယ္ အမွတ္ (၇) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးရဲဝင္းေအာင္က တရားလိုလုပ္ၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္ အမႈဖြင့္ခဲ့ျခင္း ျဖစ္သည္။

ယခု တရားစြဲဆိုခံထားရေသာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ သည္ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၃ ႏွစ္ထက္မ ပိုေသာ ျပစ္ဒဏ္ကို ခ်မွတ္ႏိုင္သလို ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။တရားေဟာဆရာ ေစာေဒးဗစ္လားႏွင့္ နဝရတ္ေတးသံသြင္းပိုင္ရွင္ ဦး ေဝထြန္းတို႔ ႏွစ္ဦးအမႈကို လာမည့္ဩဂုတ္လ ၆ ရက္ေန႔ (၁၅) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္အၿပီးသတ္အမိန္ခ်မွတ္ေတာ့မည္ ျဖစ္သည္။

ယေန႔ဩဂုတ္လ(၆)ရက္ ႐ုံးခ်ိန္းတြင္ မရမ္းကုန္းဒၿမိဳ႕နယ္တရား႐ုံးက သဘာဝ​ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပ​ေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲခံထားရ​ေသာ တရား​ေဟာဆရာ​ေစာ​ေဒးဗစ္လားႏွင့္ ဦး​ေဝထြန္းတို႔ႏွစ္ဦးကို အလုပ္ၾကမ္းႏွင့္ ​ေထာင္ဒဏ္ ၃ လ ခ်မွတ္လိုက္​သည္။

REF: MIZZIMA

UNICODE

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးသည် ကိုဗစ် ၁၉ ကာလအတွင်းမှာ လူစုလူဝေးလုပ်တယ်ဆိုပြီး မရမ်းကုန်းမြို့ နယ် အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယခု တရားစွဲဆိုခံထားရသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ သည် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်ထက်မ ပိုသော ပြစ်ဒဏ်ကို ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။တရားဟောဆရာ စောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းပိုင်ရှင် ဦး ဝေထွန်းတို့ နှစ်ဦးအမှုကို လာမည့်ဩဂုတ်လ ၆ ရက်နေ့ (၁၅) ကြိမ်မြောက် ရုံးချိန်းတွင်အပြီးသတ်အမိန်ချမှတ်တော့မည် ဖြစ်သည်။

ယနေ့ဩဂုတ်လ(၆)ရက် ရုံးချိန်းတွင် မရမ်းကုန်းဒမြို့နယ်တရားရုံးက သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရ​သော တရား​ဟောဆရာ​စော​ဒေးဗစ်လားနှင့် ဦး​ဝေထွန်းတို့နှစ်ဦးကို အလုပ်ကြမ်းနှင့် ​ထောင်ဒဏ် ၃ လ ချမှတ်လိုက်​သည်။

REF: MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *