ေမာ္ေတာ္ယာဥ္မ်ားအတြက္ အေကာက္ခြန္ႏူန္းမ်ား ေလွ်ာ့ေပးအၿပီး ထပ္မံ၍ကညန မွတ္ပုံတင္ေၾကးမ်ား ထက္ဝက္ ေလ်ာ့ခ်ေပးလိုက္ၿပီ
|ေမာ္ေတာ္ယာဥ္ႏွင့္ ပတ္သက္ၿပီး အခြန္မ်ား ေလွ်ာ့ေပးရာတြင္ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္ ေအာက္ကို လက္ရွိ အေကာက္ခြန္ႏႈန္း ၃၀ ရာခိုင္ ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ အင္ဂ်င္ပါဝါ ၂၀၀၀ စီစီႏွင့္အထက္ကို လက္ရွိ အေကာက္ခြန္ႏႈန္း ၄၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းသို႔ လည္းေကာင္း၊ ျပည္တြင္းတြင္တပ္ဆင္ထုတ္လုပ္ေနသည့္ SKD စနစ္ျဖင့္တင္သြင္းလာေသာ ၂၀၀၀ စီစီႏွင့္ေအာက္ ေမာ္ေတာ္ယာဥ္ မ်ား အတြက္ လက္ရွိ အေကာက္ခြန္ႏႈန္း၁၀ ရာခိုင္ႏႈန္းမွ ၀ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ေလွ်ာ့ခ်ေပးထားသည္။
ထို႔အျပင္ SKD စနစ္ျဖင့္တင္သြင္းလာ ၂၀၀၁ စီစီႏွင့္အထက္ ေမာ္ ေတာ္ယာဥ္မ်ားအတြက္ လက္ရွိ အေကာက္ခြန္ႏႈန္း ၂၀ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔လည္းေကာင္း ၾသဂုတ္လ ၁ရက္မွစ၍ ေျဖေလွ်ာ့ေပး သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာ ထားသည္။ ယခုထပ္မံၿပီး လူ စီးေမာ္ေတာ္ယာဥ္မ်ား အတြက္ ျပည္ပတင္သြင္းယာဥ္မွတ္ပုံတင္ခ ႏႈန္း ထားမ်ား ေျဖေလွ်ာ့သတ္မွတ္ေၾကာင္း အသိေပးေၾကညာခ်က္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဉီးစီးဌာနသည္ COVID-19 ေၾကာင့္ျဖစ္ေပၚလာေသာ စီး ပြားေရးက်ဆင္းမႈမ်ားကို ကုစားသည့္အေနျဖင့္ လူစီးေမာ္ေတာ္ ယာဥ္မ်ားအတြက္ မူလတန္ဖိုး(FOB)အေပၚ ေကာက္ခံလ်က္ရွိသည့္ ျပည္ ပတင္သြင္းယာဥ္မွတ္ပုံတင္ခ ႏႈန္းထားမ်ားကို ၇-၈-၂၀၂၀ ရက္(ေသာၾကာေန႔)မွ စတင္၍ ေအာက္ပါႏႈန္းထားမ်ားအတိုင္း ေလွ်ာ့ခ် ေကာက္ခံမည္ျဖစ္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္-
စဥ္ လူစီး ယာဥ္ အမ်ိဳးအစား လက္ရွိ ေကာက္ခံ သည့္ႏႈန္း ေလွ်ာ့ခ် ေကာက္ခံ သည့္ႏႈန္း
(က) စက္စြမ္းအား ၁၃၅၀ စီစီ ႏွင့္ ေအာက္ ၃၀ % မွ ၁၅ %
( ခ ) စက္စြမ္းအား ၁၃၅၁ စီစီ မွ ၂၀၀၀ စီစီ အထိ ၅၀ % မွ ၂၅ %
( ဂ) စက္စြမ္းအား ၂၀၀၁ စီစီ မွ ၅၀၀၀ စီစီ အထိ ၈၀ % မွ ၄၀ %
(ဃ) စက္စြမ္းအား ၅၀၀၁ စီစီႏွင့္ အထက္ ၁၂၀ % မွ ၆၀ % သို႔ ေလ်ာ့ခ်ေပးလိုက္ပီ
CIF အခြန္ကလည္း ခ် ခုကညန မွတ္ပုံတင္ကလည္းခ် လုံးဝက်ပီဗ်ာ။ ဝန္ထမ္းပါမစ္ပါ ထပ္ခ်ေပး လိုက္ရင္ေတာ့ ပိုးစိုးပက္စက္ ကားေစ်းက်ၿပီေပါံဗ်ာ။
– ေက်ာ္ႀကီး(MDY)
Credit- K Thein swe
unicode
မော်တော်ယာဉ်နှင့် ပတ်သက်ပြီး အခွန်များ လျှော့ပေးရာတွင် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်နေသည့် SKD စနစ်ဖြင့်တင်သွင်းလာသော ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ် များ အတွက် လက်ရှိ အကောက်ခွန်နှုန်း၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့လည်းကောင်း၊လျှော့ချပေးထားသည်။
ထို့အပြင် SKD စနစ်ဖြင့်တင်သွင်းလာ ၂၀၀၁ စီစီနှင့်အထက် မော် တော်ယာဉ်များအတွက် လက်ရှိ အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း သြဂုတ်လ ၁ရက်မှစ၍ ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။ ယခုထပ်မံပြီး လူ စီးမော်တော်ယာဉ်များ အတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်း ထားများ ဖြေလျှော့သတ်မှတ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီး ပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့် လူစီးမော်တော် ယာဉ်များအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံလျက်ရှိသည့် ပြည် ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများကို ၇-၈-၂၀၂၀ ရက်(သောကြာနေ့)မှ စတင်၍ အောက်ပါနှုန်းထားများအတိုင်း လျှော့ချ ကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
စဉ် လူစီး ယာဉ် အမျိုးအစား လက်ရှိ ကောက်ခံ သည့်နှုန်း လျှော့ချ ကောက်ခံ သည့်နှုန်း
(က) စက်စွမ်းအား ၁၃၅၀ စီစီ နှင့် အောက် ၃၀ % မှ ၁၅ %
( ခ ) စက်စွမ်းအား ၁၃၅၁ စီစီ မှ ၂၀၀၀ စီစီ အထိ ၅၀ % မှ ၂၅ %
( ဂ) စက်စွမ်းအား ၂၀၀၁ စီစီ မှ ၅၀၀၀ စီစီ အထိ ၈၀ % မှ ၄၀ %
(ဃ) စက်စွမ်းအား ၅၀၀၁ စီစီနှင့် အထက် ၁၂၀ % မှ ၆၀ % သို့ လျော့ချပေးလိုက်ပီ
CIF အခွန်ကလည်း ချ ခုကညန မှတ်ပုံတင်ကလည်းချ လုံးဝကျပီဗျာ။ ဝန်ထမ်းပါမစ်ပါ ထပ်ချပေး လိုက်ရင်တော့ ပိုးစိုးပက်စက် ကားစျေးကျပြီပေါံဗျာ။
– ကျော်ကြီး(MDY)
Credit- K Thein swe