ဝန္ထမ္းမ်ား အၿငိမ္းစား ဝန္ထမ္းမ်ား ေနေရးအဆင္ေျပ ေစရန္အတြက္ အိမ္ခန္းေပါင္း (၁)ေသာင္း ေဆာက္လုပ္ရန္ ပႏၷက္ခ်

ကိုဗစ္ကာလမွာျပည္သူေတြ အလုပ္အကိုင္ရရွိဖို႔၊စီးပြားေရးလုပ္ငန္းေတြ အရွိန္အဟုန္တိုးတက္ဖို႔ ၊ျပည္သူေတြ ေနထိုင္ေရးအဆင္ေျပေစဖို႔ အစိုးရက ေဆာင္႐ြက္ေပးတဲ့ အစီအစဥ္ တစ္ခုပါ”ဟု ေဆာက္လုပ္ေရးဆိုင္ရာ အသင္း၁သင္းမွ တာဝန္ ရွိသူက ေျပာျပသည္။ ယင္းအငွား အိမ္ရာသည္ ဝင္ေငြနည္း ျပည္သူမ်ား၊အၿငိမ္းစား ဝန္ထမ္းမ်ား၊ဝန္ထမ္းမ်ားအတြက္ျဖစ္သည္ဟု သိရသည္။

ျပည္သူမ်ားေနထိုင္ေရး မခက္ခဲေစေရးအတြက္ ႏိုင္ငံေတာ္အစိုးရက အငွားအိမ္ရာစီမံကိန္းစတင္ကို စတင္ အေကာင္အထည္ ေဖာ္ရန္ ယေန႔တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ပႏၷက္ခ်ေပးလိုက္ၿပီျဖစ္သည္။ ရန္ကုန္၊မႏၲေလး၊ ေနျပည္ေတာ္တို႔တြင္ အခန္းေပါင္း(၁) ေသာင္းေက်ာ္ေဆာက္မည္ျဖစ္ၿပီး ယေန႔ရန္ကုန္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္တြင္ ပႏၷက္ခ်လိုက္သည့္စီမံကိန္းက။

အိမ္ခန္းေပါင္း ၆၀၀၀ေက်ာ္ တည္ေဆာက္မည့္စီမံကိန္းျဖစ္သည္ဟု သိရသည္။အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက တာ ဝန္ယူေဆာင္႐ြက္ျခင္းျဖစ္ကာ ေဆာက္လုပ္ေရးဆိုင္ရာ အသင္း ၃ခုက ပံ့ပိုးကူညီျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးက ေျပာသည္။ ေနျပည္ ေတာ္မွာက အခန္းရ၀၀ေက်ာ္၊မႏၲေလးမွာက အခန္း ၃၀၀၀ ေက်ာ္ဆက္လက္တည္ေဆာက္မွာျဖစ္ပါတယ္၊

REF: LET PAN

UNICODE

ကိုဗစ်ကာလမှာပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်တိုးတက်ဖို့ ၊ပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့ အစိုးရက ဆောင်ရွက်ပေးတဲ့ အစီအစဉ် တစ်ခုပါ”ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း၁သင်းမှ တာဝန် ရှိသူက ပြောပြသည်။ ယင်းအငှား အိမ်ရာသည် ဝင်ငွေနည်း ပြည်သူများ၊အငြိမ်းစား ဝန်ထမ်းများ၊ဝန်ထမ်းများအတွက်ဖြစ်သည်ဟု သိရသည်။

ပြည်သူများနေထိုင်ရေး မခက်ခဲစေရေးအတွက် နိုင်ငံတော်အစိုးရက အငှားအိမ်ရာစီမံကိန်းစတင်ကို စတင် အကောင်အထည် ဖော်ရန် ယနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်ချပေးလိုက်ပြီဖြစ်သည်။ ရန်ကုန်၊မန္တလေး၊ နေပြည်တော်တို့တွင် အခန်းပေါင်း(၁) သောင်းကျော်ဆောက်မည်ဖြစ်ပြီး ယနေ့ရန်ကုန် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပန္နက်ချလိုက်သည့်စီမံကိန်းက။

အိမ်ခန်းပေါင်း ၆၀၀၀ကျော် တည်ဆောက်မည့်စီမံကိန်းဖြစ်သည်ဟု သိရသည်။အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာ ဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခုက ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးက ပြောသည်။ နေပြည် တော်မှာက အခန်းရ၀၀ကျော်၊မန္တလေးမှာက အခန်း ၃၀၀၀ ကျော်ဆက်လက်တည်ဆောက်မှာဖြစ်ပါတယ်၊

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *