သူတို႔ ကို ႏိုင္ငံေတာ္က ဘြဲ႕ထူး ဂုဏ္ထူးေတြ ခ်ီးေျမႇာက္မယ္ထင္ ေနတာ အၾကားအျမင္ ဗဟုသုတအေတာ္နိမ့္ပါးတယ္လို႔ ႐ုပ္ရွင္ဥကၠဌေျပာဆို

ဒါ႐ိုက္တာအေနနဲ႔က ေျပာရရင္ ပရမ္းပတာပဲ။ သ႐ုပ္ေဆာင္ေတြ ကလည္း ပရမ္းပတာပဲ။ ဉာဏ္ ရည္ဉာဏ္ေသြးေတြကလည္း ေတာ္ေတာ္ နိမ့္က်တယ္ထင္ တယ္။ ဒါဆိုရင္ ႏိုင္ငံေရးပါေနၿပီ။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခ အေနကိုလည္း ေကာင္းေကာင္း မြန္မြန္မသိဘူး။ သူတို႔ ထင္တာက ခ်စ္ၾကည္ေရးေတြလုပ္ရင္ အိုေက ေပါ့။ မွန္မွန္ကန္ကန္လည္းနား မလည္ဘူး။ ပညာေရးနိမ့္က်သြား တာနဲ႔လည္းဆိုင္တယ္။ ႏွစ္ (၅၀)ေလာက္ ပညာေရးစနစ္က ေတာ္ေတာ္ နိမ့္က်သြားေတာ့။ အဲဒီမွာ သြားထိခိုက္တာ။ သူတို႔ ကို ႏိုင္ငံေတာ္ကေတာင္ ဘြဲ႕ထူး ဂုဏ္ ထူးေတြ ခ်ီးေျမႇာက္မယ္ထင္ ေနတာ။ အခုသူတို႔ရွင္းျပေတာ့မွ ပိုသေဘာေပါက္သြားတာ။

ပါဝင္ တဲ့ သ႐ုပ္ေဆာင္ေတြကလည္း အခေၾကးေငြမယူဘူး။ သူတို႔ ထင္ေနတာက အက်ိဳးျပဳခဲ့တယ္ ထင္ေနတာ။ ယုန္ေလးကလည္း စိတ္ ေစတနာေကာင္းေကာင္းနဲ႔ ႐ိုက္တယ္ထင္ေနတာ။ သူတို႔ရဲ႕ အၾကားအျမင္ ဗဟုသုတက ေတာ္ေတာ္နိမ့္ပါးတယ္။ သူတို႔က ဂုဏ္ေတာင္ ဂုဏ္ယူေနပုံရတယ္။ ၾကည့္ၿပီး ငါေတာ့ အမႈန႔္ႀကိတ္ ပစ္ခ်င္တာ။ မင္းတို႔က ၈၈ မွာ (၃)ႏွစ္သားပဲရွိေသးေတာ့ မေျပာ တတ္ဘူး။ အသက္ (၅၀)၊ (၆၀) ဝန္းက်င္ေတြက မင္းတို႔ကို အမႈန႔္ ႀကိတ္ပစ္ခ်င္တာ။ ျမန္မာ့ႏိုင္ငံ ေရး သမိုင္းေၾကာင္းကိုသိထားသူ ေတြ၊ နာထားတဲ့သူေတြက အမႈန႔္ ႀကိတ္ျဖစ္ခ်င္တာ။ အဲဒါကိုသူမွ မသိတာ။ ဉာဏ္ရည္ဉာဏ္ေသြး ေတြ နိမ့္က်တာ၊ သူတို႔ဘာမွမသိ ဘူး။

သူတို႔က Hero ေပါ့။ လုပ္ တာကေတာ့ Hero ထင္ၿပီးလုပ္ တာ။ ဒါေပမဲ့ Zero ျဖစ္ေနတာကို မသိဘူး။ငါတို႔အားလုံးရဲ႕ေျမ (စည္း လုံးသင့္ၿပီ ျမန္မာျပည္) ဂီတ႐ုပ္ သံဖန္တီးသည့္ ယုန္ေလးက ဩဂုတ္ ၆ ရက္နံနက္က ႐ုပ္ရွင္ အစည္းအ႐ုံးသို႔ သြားေရာက္၍ ေတာင္းပန္ခဲ့ေၾကာင္း ၎၏ ေဖ့စ္ဘြတ္ခ္၌ ေရးသားထား သည္။ ယင္းအေၾကာင္းအရာႏွင့္ ပတ္သက္၍ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္ကို သြား ေရာက္ ေတြ႕ဆုံေမးျမန္းခဲ့ပါ သည္။ဩဂုတ္ ၇ ရက္က်ရင္ ကို ယုန္ေလး႐ိုက္တဲ့ စည္းလုံးသင့္ၿပီ ျမန္မာျပည္ သီခ်င္းနဲ႔ပတ္သက္ၿပီး အစည္း အေဝးလုပ္မွာ။ ျပန္ၾကား ေရးဝန္ႀကီးဌာနနဲ႔ပူးေပါင္းေဆာင္ ႐ြက္တာေတြကေတာ့ ဒီမွာလည္း ဘာမွမသိေသးပါဘူး။

ဒီ MTV ဆိုရင္ လည္း အြန္လိုင္းကတင္တာ။ အ ခုလို ျပႆနာျဖစ္ခဲ့ရင္ ရွင္းလို႔မ လြယ္ဘူး။ အဲဒါေၾကာင့္မိုလို႔ ဆင္ ဆာေတြ အြန္လိုင္းအ တြက္လည္း ရွိသင့္ၿပီ။ ဥပေဒျပ႒ာန္းသင့္ၿပီ။ အြန္လိုင္းအတြက္က ႐ိုက္ကူးခြင့္ တင္စရာမလိုဘူး။ ေၾကာ္ျငာေတြ လည္းမလိုဘူး။ အခုေၾကာ္ ျငာ ေတြတင္ရတာက COVID ေၾကာင့္တင္ရတာ၊ ဆင္ဆာတို႔ ဇာတ္လမ္းစိစစ္ေရးတို႔အတြက္ တင္တာမဟုတ္ဘူး။ COVID မွာ လူစုလူ ေဝး မလုပ္ရဆိုလို႔ လာ တင္တာ။ သူတို႔က COVID ကာ လမွာ ႐ိုက္ထားေတာ့ အဲဒီအခ်ိန္ က ႐ိုက္ကူးခြင့္ေတြ မရေသးဘူး။ အခုဗီဒီယိုဖိုင္ မွာ သ႐ုပ္ ေဆာင္တဲ့သူေတြကို အကုန္ေမး လိုက္တာ သူတို႔ဘာေတြ႐ိုက္ေန မွန္းကိုမသိတာ။ ဘာဇာတ္ၫႊန္း မွလည္း မသိဘူး။ ႐ိုက္တဲ့သူ က လည္း အဲဒီလို႐ိုက္တယ္၊ အဲဒါကို သူတို႔က အမွန္လို႔ထင္ေနတာလို ေျပာဆိုပါတယ္။

REF: 7DAY DAILY

UNICODE

ဒါရိုက်တာအနေနဲ့က ပြောရရင် ပရမ်းပတာပဲ။ သရုပ်ဆောင်တွေ ကလည်း ပရမ်းပတာပဲ။ ဉာဏ် ရည်ဉာဏ်သွေးတွေကလည်း တော်တော် နိမ့်ကျတယ်ထင် တယ်။ ဒါဆိုရင် နိုင်ငံရေးပါနေပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကိုလည်း ကောင်းကောင်း မွန်မွန်မသိဘူး။ သူတို့ ထင်တာက ချစ်ကြည်ရေးတွေလုပ်ရင် အိုကေ ပေါ့။ မှန်မှန်ကန်ကန်လည်းနား မလည်ဘူး။ ပညာရေးနိမ့်ကျသွား တာနဲ့လည်းဆိုင်တယ်။ နှစ် (၅၀)လောက် ပညာရေးစနစ်က တော်တော် နိမ့်ကျသွားတော့။ အဲဒီမှာ သွားထိခိုက်တာ။ သူတို့ ကို နိုင်ငံတော်ကတောင် ဘွဲ့ထူး ဂုဏ် ထူးတွေ ချီးမြှောက်မယ်ထင် နေတာ။ အခုသူတို့ရှင်းပြတော့မှ ပိုသဘောပေါက်သွားတာ။

ပါဝင် တဲ့ သရုပ်ဆောင်တွေကလည်း အခကြေးငွေမယူဘူး။ သူတို့ ထင်နေတာက အကျိုးပြုခဲ့တယ် ထင်နေတာ။ ယုန်လေးကလည်း စိတ် စေတနာကောင်းကောင်းနဲ့ ရိုက်တယ်ထင်နေတာ။ သူတို့ရဲ့ အကြားအမြင် ဗဟုသုတက တော်တော်နိမ့်ပါးတယ်။ သူတို့က ဂုဏ်တောင် ဂုဏ်ယူနေပုံရတယ်။ ကြည့်ပြီး ငါတော့ အမှုန့်ကြိတ် ပစ်ချင်တာ။ မင်းတို့က ၈၈ မှာ (၃)နှစ်သားပဲရှိသေးတော့ မပြော တတ်ဘူး။ အသက် (၅၀)၊ (၆၀) ဝန်းကျင်တွေက မင်းတို့ကို အမှုန့် ကြိတ်ပစ်ချင်တာ။ မြန်မာ့နိုင်ငံ ရေး သမိုင်းကြောင်းကိုသိထားသူ တွေ၊ နာထားတဲ့သူတွေက အမှုန့် ကြိတ်ဖြစ်ချင်တာ။ အဲဒါကိုသူမှ မသိတာ။ ဉာဏ်ရည်ဉာဏ်သွေး တွေ နိမ့်ကျတာ၊ သူတို့ဘာမှမသိ ဘူး။

သူတို့က Hero ပေါ့။ လုပ် တာကတော့ Hero ထင်ပြီးလုပ် တာ။ ဒါပေမဲ့ Zero ဖြစ်နေတာကို မသိဘူး။ငါတို့အားလုံးရဲ့မြေ (စည်း လုံးသင့်ပြီ မြန်မာပြည်) ဂီတရုပ် သံဖန်တီးသည့် ယုန်လေးက ဩဂုတ် ၆ ရက်နံနက်က ရုပ်ရှင် အစည်းအရုံးသို့ သွားရောက်၍ တောင်းပန်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ဩဂုတ် ၇ ရက်ကျရင် ကို ယုန်လေးရိုက်တဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် သီချင်းနဲ့ပတ်သက်ပြီး အစည်း အဝေးလုပ်မှာ။ ပြန်ကြား ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင် ရွက်တာတွေကတော့ ဒီမှာလည်း ဘာမှမသိသေးပါဘူး။

ဒီ MTV ဆိုရင် လည်း အွန်လိုင်းကတင်တာ။ အ ခုလို ပြဿနာဖြစ်ခဲ့ရင် ရှင်းလို့မ လွယ်ဘူး။ အဲဒါကြောင့်မိုလို့ ဆင် ဆာတွေ အွန်လိုင်းအ တွက်လည်း ရှိသင့်ပြီ။ ဥပဒေပြဋ္ဌာန်းသင့်ပြီ။ အွန်လိုင်းအတွက်က ရိုက်ကူးခွင့် တင်စရာမလိုဘူး။ ကြော်ငြာတွေ လည်းမလိုဘူး။ အခုကြော် ငြာ တွေတင်ရတာက COVID ကြောင့်တင်ရတာ၊ ဆင်ဆာတို့ ဇာတ်လမ်းစိစစ်ရေးတို့အတွက် တင်တာမဟုတ်ဘူး။ COVID မှာ လူစုလူ ဝေး မလုပ်ရဆိုလို့ လာ တင်တာ။ သူတို့က COVID ကာ လမှာ ရိုက်ထားတော့ အဲဒီအချိန် က ရိုက်ကူးခွင့်တွေ မရသေးဘူး။ အခုဗီဒီယိုဖိုင် မှာ သရုပ် ဆောင်တဲ့သူတွေကို အကုန်မေး လိုက်တာ သူတို့ဘာတွေရိုက်နေ မှန်းကိုမသိတာ။ ဘာဇာတ်ညွှန်း မှလည်း မသိဘူး။ ရိုက်တဲ့သူ က လည်း အဲဒီလိုရိုက်တယ်၊ အဲဒါကို သူတို့က အမှန်လို့ထင်နေတာလို ပြောဆိုပါတယ်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *