အခုအစိုးရကိုဆဲေနတဲ့သူေတြ အရင္ေခတ္ကဘာလို႔ပါးစပ္ပိတ္ေနလဲလို႔ မင္းသားႀကီးဦးေက်ာ္သူေမးၿပီ(႐ုပ္/သံ)

ကိုယ့္ခံယူခ်က္က ခိုင္ခိုင္မာမာရွိဖို႔ပဲ လိုတာပါ။ ကြၽန္ေတာ္ တို႔ဆို အရင္အစိုးရ လက္ထက္ေတြတည္းက ဘယ္သူမွ မေျပာဆိုရဲတဲ့ ကာလ တည္းက အမ်ားအက်ိဳးအတြက္ကို သယ္ပိုးေပးခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲကေတာ့ ျပည္သူျပည္သားေတြ အဆင္ေျပမယ့္ အဖြဲ႕အစည္းကို မဲေပးရမွာပဲ။ကိုယ္သေဘာက်တဲ့ ပါတီတိုင္းျပည္ကို အက်ိဳးျပဳမယ့္သူကို မဲေပး ရမွာပဲ။

ဘယ္သူစည္း႐ုံးပါေစ ကိုယ္မပါသြားဖို႔ အေရးႀကီး တယ္။ တကယ္ေတာ့ မဲထည့္တဲ့ အခ်ိန္ကာလက အဓိကက်ပါတယ္။ မဲမေပးခင္ေရာ ေပးၿပီးေရာေျပာၾကမွာပါပဲ။ ႏိုင္ငံေရးနဲ႔ပတ္သက္ရင္ေတာ့ သံေဝဂပဲရပါတယ္။ အခုဆဲေနတဲ့သူေတြေဝဖန္ေနတဲ့သူေတြ အရင္ေခတ္က ဘယ္ေရာက္ေနလဲ။ သူတို႔ပါးစပ္ေပါက္ေတြ ဘာလို႔ ပိတ္ေနၾကလဲလို႔ ေမးခ်င္ တယ္။

အခုဆဲလို႔ရတဲ့အခ်ိန္က်မွ ဆဲၾကဆိုၾက၊ အတင္းအဖ်င္းေျပာၾက၊ အပုပ္ခ်ၾကနဲ႔ ဒါမ်ိဳးေတြမလုပ္သင့္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ျပန္ၾကည့္ၾကပါ၊ အရင္က ငါဘာလို႔ ပါးစပ္ပိတ္ေနရလဲဆိုတာကို။ ျပည္သူေတြအေနနဲ႔လည္း ကိုယ္တင္ထားတဲ့အစိုးရကို လိုခ်င္တာေတြအကုန္လုံး ဥဳံဖြဆို ၿပီးျဖစ္လာမွာမဟုတ္ဘူးဆိုတာနဲ႔ အရင္တုန္းကျဖစ္ခဲ့တဲ့ဆိုးက်ိဳးေတြကို အရႈပ္ေတြကိုရွင္းေနရတာကိုက မလြယ္ပါဘူး။

REF: SUNDAY JOURNAL

UNICODE

ကိုယ့်ခံယူချက်က ခိုင်ခိုင်မာမာရှိဖို့ပဲ လိုတာပါ။ ကျွန်တော် တို့ဆို အရင်အစိုးရ လက်ထက်တွေတည်းက ဘယ်သူမှ မပြောဆိုရဲတဲ့ ကာလ တည်းက အများအကျိုးအတွက်ကို သယ်ပိုးပေးခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ ပြည်သူပြည်သားတွေ အဆင်ပြေမယ့် အဖွဲ့အစည်းကို မဲပေးရမှာပဲ။ကိုယ်သဘောကျတဲ့ ပါတီတိုင်းပြည်ကို အကျိုးပြုမယ့်သူကို မဲပေး ရမှာပဲ။

ဘယ်သူစည်းရုံးပါစေ ကိုယ်မပါသွားဖို့ အရေးကြီး တယ်။ တကယ်တော့ မဲထည့်တဲ့ အချိန်ကာလက အဓိကကျပါတယ်။ မဲမပေးခင်ရော ပေးပြီးရောပြောကြမှာပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ သံဝေဂပဲရပါတယ်။ အခုဆဲနေတဲ့သူတွေဝေဖန်နေတဲ့သူတွေ အရင်ခေတ်က ဘယ်ရောက်နေလဲ။ သူတို့ပါးစပ်ပေါက်တွေ ဘာလို့ ပိတ်နေကြလဲလို့ မေးချင် တယ်။

အခုဆဲလို့ရတဲ့အချိန်ကျမှ ဆဲကြဆိုကြ၊ အတင်းအဖျင်းပြောကြ၊ အပုပ်ချကြနဲ့ ဒါမျိုးတွေမလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ကြပါ၊ အရင်က ငါဘာလို့ ပါးစပ်ပိတ်နေရလဲဆိုတာကို။ ပြည်သူတွေအနေနဲ့လည်း ကိုယ်တင်ထားတဲ့အစိုးရကို လိုချင်တာတွေအကုန်လုံး ဥုံဖွဆို ပြီးဖြစ်လာမှာမဟုတ်ဘူးဆိုတာနဲ့ အရင်တုန်းကဖြစ်ခဲ့တဲ့ဆိုးကျိုးတွေကို အရှုပ်တွေကိုရှင်းနေရတာကိုက မလွယ်ပါဘူး။

REF:  SUNDAY  JOURNAL

Add a Comment

Your email address will not be published. Required fields are marked *