ေျမာက္ကိုရီးယား ရဲ႕ ဒုံးပ်ံေတြဟာ အေမရိကန္ၿမိဳ႕ႀကီးမ်ားဆီကို ေရာက္ႏိုင္ေအာင္ အစြမ္းရွိေနၿပီလို႔ ပညာရွင္ေတြေျပာၿပီ

ေျမာက္ကိုရီးယားႏိုင္ငံဟာ သူ႔ရဲ႕ န်ဴကလီးယား စီမံကိန္း ကို ဆက္လက္ ေဖာ္ေဆာင္ေနတယ္။ ေပါႂကြယ္ဝတဲ့ ယူေရနီယံေတြကို ဆက္ လက္ ထုတ္လုပ္ေနသလို စမ္းသပ္ဆဲ ဓာတ္ေပါင္းဖိုကိုလည္း တည္ေဆာက္ေနဆဲပဲ ျဖစ္တယ္။ အဖြဲ႕ဝင္ႏိုင္ငံေတြ အေနနဲ႔ ေျမာက္ကိုရီး ယားဟာ န်ဴကလီးယားလက္နက္ေတြကို ဆက္လက္ထုတ္လုပ္ေနတယ္။”လို႔ အစီရင္ခံစာက ဆိုထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ ဟာ ၂၀၁၇ ကစၿပီး န်ဴကလီးယားလက္နက္ ဒါမွမဟုတ္ တိုက္ခ်င္းပစ္ဒုံးက်ည္ စမ္းသပ္တာေတြကို မလုပ္ေဆာင္ေတာ့တာပါ။

ဒီေနာက္ပိုင္းမွာ ကိုရီးယားကြၽန္းဆြယ္ န်ဴကလီးယားကင္းစင္ေရးနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ေျဖေလ်ာ့ေပးေရး ေမွ်ာ္လင့္ခ်က္ သန္းေစတဲ့ ဝါရွင္တန္နဲ႔ ဆိုးလ္တို႔နဲ႔ ၿပဳံယမ္းရဲ႕ ေဆြးေႏြးပြဲေတြ ေပၚေပါက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေျမာက္ကိုရီးယားဟာ န်ဴကလီးယားနဲ႔ တိုက္ခ်င္း ပစ္ဒုံးက်ည္ သုေတသနေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္တယ္ဆိုတဲ့ ယူဆခ်က္ေတြနဲ႔အတူ ေဆြးေႏြးပြဲေတြ ပ်က္ျပားသြားခဲ့တာပဲ ျဖစ္ပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕ စမ္းသပ္ ေအာင္ျမင္ထားတဲ့ တိုက္ခ်င္းပစ္ ဒုံးက်ည္မွာ။

န်ဴကလီးယားထိပ္ဖူးကို တင္ေဆာင္ ႏိုင္စြမ္းပါ ရွိထားႏိုင္တယ္လို႔ ႐ိုက္တာက ရရွိတဲ့ ကုလသမဂၢ အစီရင္ခံစာအရ သိရပါတယ္။ဒီ သတင္း ေၾကာင့္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံးအြန္ ကို န်ဴကလီးယား စြန႔္လႊတ္ေရး သမၼတ ေဒၚနယ္ထရမ့္ အစိုးရရဲ႕ ႀကိဳးစားအားထုတ္ မႈေတြ ရွိေနေပမယ့္ လည္း အေမရိကန္ ၿမိဳ႕ႀကီးေတြဟာ ေျမာက္ကိုရီးယား ရဲ႕ န်ဴကလီးယား စက္ကြင္းထဲမွာ ရွိေနႏိုင္တယ္ဆိုတဲ့ စိုးရိမ္ပူ ပန္မႈေတြ ပိုၿပီး နက္ရႈိင္း လာေစပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕ ပဲ့ထိန္းဒုံး ထိပ္ဖူးေတြ ထဲမွာ အေသးစား န်ဴကလီးယားလက္နက္ေတြကို တပ္ဆင္ပစ္လႊတ္ႏိုင္တဲ့ နည္း ပညာ ေအာင္ျမင္ထားဖြယ္ ရွိတယ္လို႔ နာမည္မေဖာ္တဲ့ ႏိုင္ငံအခ်ိဳ႕ကလည္း သေဘာတူေၾကာင္း ယုံၾကည္ ရတဲ့ အခု ကုလသမဂၢ အစီရင္ ခံစာက ေဖာ္ျပထားပါတယ္။ဒီ ၾကားျဖတ္အစီရင္ခံစာကို အဖြဲ႕ဝင္ ၁၅ ႏိုင္ငံပါ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ေျမာက္ကိုရီးယားဒဏ္ခတ္ ပိတ္ဆို႔မႈ ေကာ္မတီဆီ တင္သြင္းခဲ့တာ ျဖစ္တယ္ လို႔ ႐ိုက္တာက ေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားဟာ ႏိုင္ငံတကာ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္ေနဆဲပဲ ျဖစ္ၿပီး လိုအပ္တဲ့ ရန္ပုံေငြ အေျမာက္အျမားအတြက္ ရွာေဖြေပးတဲ့ ဆိုင္ဘာ တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔လည္း အဲဒီ အစီရင္ခံစာမွာ မွတ္ခ်က္ျပဳထားပါတယ္။

REF: LET PAN

UNICODE

မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူကလီးယား စီမံကိန်း ကို ဆက်လက် ဖော်ဆောင်နေတယ်။ ပေါကြွယ်ဝတဲ့ ယူရေနီယံတွေကို ဆက် လက် ထုတ်လုပ်နေသလို စမ်းသပ်ဆဲ ဓာတ်ပေါင်းဖိုကိုလည်း တည်ဆောက်နေဆဲပဲ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြောက်ကိုရီး ယားဟာ နျူကလီးယားလက်နက်တွေကို ဆက်လက်ထုတ်လုပ်နေတယ်။”လို့ အစီရင်ခံစာက ဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟာ ၂၀၁၇ ကစပြီး နျူကလီးယားလက်နက် ဒါမှမဟုတ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်တာတွေကို မလုပ်ဆောင်တော့တာပါ။

ဒီနောက်ပိုင်းမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးရေး မျှော်လင့်ချက် သန်းစေတဲ့ ဝါရှင်တန်နဲ့ ဆိုးလ်တို့နဲ့ ပြုံယမ်းရဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်း ပစ်ဒုံးကျည် သုတေသနတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့အတူ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာပဲ ဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ စမ်းသပ် အောင်မြင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်မှာ။

နျူကလီးယားထိပ်ဖူးကို တင်ဆောင် နိုင်စွမ်းပါ ရှိထားနိုင်တယ်လို့ ရိုက်တာက ရရှိတဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။ဒီ သတင်း ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန် ကို နျူကလီးယား စွန့်လွှတ်ရေး သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ကြိုးစားအားထုတ် မှုတွေ ရှိနေပေမယ့် လည်း အမေရိကန် မြို့ကြီးတွေဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား စက်ကွင်းထဲမှာ ရှိနေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူ ပန်မှုတွေ ပိုပြီး နက်ရှိုင်း လာစေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ ပဲ့ထိန်းဒုံး ထိပ်ဖူးတွေ ထဲမှာ အသေးစား နျူကလီးယားလက်နက်တွေကို တပ်ဆင်ပစ်လွှတ်နိုင်တဲ့ နည်း ပညာ အောင်မြင်ထားဖွယ် ရှိတယ်လို့ နာမည်မဖော်တဲ့ နိုင်ငံအချို့ကလည်း သဘောတူကြောင်း ယုံကြည် ရတဲ့ အခု ကုလသမဂ္ဂ အစီရင် ခံစာက ဖော်ပြထားပါတယ်။ဒီ ကြားဖြတ်အစီရင်ခံစာကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြောက်ကိုရီးယားဒဏ်ခတ် ပိတ်ဆို့မှု ကော်မတီဆီ တင်သွင်းခဲ့တာ ဖြစ်တယ် လို့ ရိုက်တာက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်နေဆဲပဲ ဖြစ်ပြီး လိုအပ်တဲ့ ရန်ပုံငွေ အမြောက်အမြားအတွက် ရှာဖွေပေးတဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *