MTVရိုက်လို့ သိန်း(၉)ထောင်လည်း မရဘူး ဗိုလ်ချုပ်သားနဲ့လည်းမသိဘူးဟုဆိုကာ စွပ်စွဲနေသူ များ ကို စိန်ခေါ်လိုက်တဲ့ ယုန်လေး





REF: SHWE WIKI

UNICODE

အဆိုတော်ယုန်လေးက ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် ကိုလည်း ပြဿနာရှင်းလင်းချိန်တွင် ရှိပေးရန် Live တွင် ထည့်သွင်း ပြောကြားခဲ့ပြီး ဦးညီညီထွန်းလွင်ကို စိတ်မဆိုးကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။သရုပ်ဆောင် ညီနန္ဒကို ကို အလကား ခေါ်သည့် အတွက် လာရိုက်ပေးခြင်း ဖြစ်ကြောင်း စသည်ဖြင့် အခြေအနေ များကို Live တွင် ထည့်သွင်းပြောကြားထားသည်ကို တွေ့မြင် ရသည်။ဒါရိုက်တာ ထဲက မေးချင်သူ ၁ ယောက်၊ တေးရေးဆရာထဲမှ မေးချင်သူ ၂ ယောက် လာခဲ့ရန်လည်း ၎င်းက ရေးသားထားကာ။

ရှင်းလင်းမှု သို့ လာရန် နှင့် မလာလျှင်လည်း သွားပုပ်လေလွင့် မဖွရန် ၎င်းက ထည့်သွင်းပြောကြားထားသည်။ ပရိတ်သတ်များကတော့ ဒေါသထွက်ပြီး ပြောတဲ့အခါ အမှားပါသွားနိုင်တဲ့အတွက် စိတ်ထိန်းပြီး ပြောဆိုရန် နားချကာ ကွန်မန့် ရေးသားခဲ့ကြပါတယ်။ ဒီနေ့ (သြဂုတ်လ၇ရက်)မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အမှုဆောင်များ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ “ စည်းလုံးသင့်ပြီ မြန်မာပြည်” music video ကို ပုံဖော်ဖန်တီးသူ ယုန်လေးကို အနုပညာအလုပ်လုပ်ဖို့ တစ်နှစ်တိတိ ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးပြီးဆုံးပြီး နေ့လည်ပိုင်းမှာတော့ ယုန်လေးက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် Live လွှင့်ကာ ပေါက်ကွဲခဲ့တာ ဖြစ် ပါတယ်။သိန်းကိုးထောင်လည်း မရဘူး၊ ဗိုလ်ချုပ်သားလည်း ကျွန်တော် မသိဘူး ဟု အဆိုတော် ယုန်လေးက သြဂုတ်လ ၇ ရက် နေ့လည် ပိုင်းက ၎င်း ၏ အကောင့်တွင် Live လွှင့်ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ရုပ်ရှင် အစည်းအရုံး ခန်းမ တွင် ယနေ့ ညပိုင်း ၅ နာရီခွဲ အချိန်တွင် ရှင်းလိုကြောင်း နှင့် ခန်းမကို အခမဲ့ ပေးသုံးရန် လည်း ပြောကြားခဲ့ကာ မီဒီယာများကိုလည်း ခေါ်ထားသည်။

ပရိတ်သတ်ကြီးရေ အခုဖော်ပြပေးခဲ့တာကတော့ အဆိုတော် ယုန်လေးရဲ့ ပေါက်ကွဲကာ အနုပညာသမားများကို စိန်ခေါ်လိုက်တဲ့ အ ကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *