လူစီးမော်တော်ယာဉ် များ ကို အကောက်ခွန်နှင့် က.ညန မှတ် ပုံတင်ခ လျှော့ ချပေးလိုက်ခြင်းကြောင့် ကားဈေးကျနိုင်/မကျနိုင် ဖော်ပြချက်
အကောက်ခွန်ဦးစီးဌာနက အခွန်ဖြေလျှော့ပေးတယ်ဆိုတာက ကားတန်ဖိုး CIF အပေါ်မှာ အရင်ကောက်ခံနေတဲ့ ရာခိုင်နှုန်းကို CBU ကားတွေအတွက် အင်ဂျင်ပါဝါအလိုက် ၁ဝ ရာခိုင်နှုန်းစီ ဖြေလျှော့ပေးတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဝယ်သူတွေအနေနဲ့ Custom Duty ပဲ ၁ဝ ရာခိုင် နှုန်း သက်သာသွားမှာပါ၊ ဒါကို တချို့အဝယ်တွေကျတော့ ကားဈေးသိ သိသာသာကျမယ်လို့ ထင်နေကြတယ်၊ ဒါတောင်မှ ဆောင်ထားပြီးသား ကားတွေကျတော့ လျှော့ရောင်းနိုင်ဦးမယ် မထင်ပါဘူး၊ SKD ကားတွေမှာဆိုရင်လည်း Suzuki ဆိုရင် သီလဝါမှာ ရင်းနှီးမြှုပ်နှံတာဖြစ်လို့ အရင်ကတည်းက အခွန်လျော့ပြီးသားပါ၊ ကြေညာချက်မှာ SKD ကားတွေလည်း ပါတယ်ဆိုပြီး ။
ဒီကားတွေပါ ဈေးကျမယ်လို့ တော်တော်များများက ထင်မြင်သုံးသပ်နေတာ တွေ့ရပါတယ်၊ SKD ကားတွေအနေနဲ့ အခွန်သက် သာသွား တဲ့ Brand တချို့ကလည်း ဈေးချပေးမယ်ဆိုရင်တောင် ကားတစ်စီးအတွက် တင်သွင်းတဲ့ Spare Part အပေါ်မှာ ဆောင်ရတဲ့အခွန် သက် သာသွားမယ့်တန်ဖိုးကိုပဲ လျှော့ပေးမှာဖြစ်လို့ သိသိသာသာကြီး ဈေးကျသွားမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကားအဝယ်တော်တော်များများက အကောက်ခွန်နှုန်းသက်သာသွားလို့ ကားဈေးကျသွားမယ်ထင်ပြီး စောင့်နေတဲ့အတွက် ဒီရက်ပိုင်းမှာ အဝယ်ပြန်အေးသွားပါတယ်”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။
သွင်းပြီးတဲ့သူတွေအတွက်ကတော့ နစ်နာမှုရှိပါတယ်၊ ကားအရောင်းပြခန်းတွေဆိုရင် လျော့သွားတဲ့အခွန်ကို ဆောင်ထား ပြီး သားဆိုတော့ မလျှော့ပေးပြန်ရင်လည်း မရောင်းရတဲ့အခက်အခဲရှိသလို လျှော့ပေးရမယ်ဆိုရင်လည်း အခက်အခဲ ရှိပါတယ်၊SKD ကား တွေကို Dealer ယူရောင်းတဲ့ သူတွေဆိုရင်လည်း Maker တွေက ဈေးချပေး၊မပေး မသိရသေးဘူး၊ အဝယ်တွေကတော့ ဈေးချပေးမလား ဆိုပြီး မေးနေတာ တွေကို ဖြေရှင်းပေးနေရတယ်၊ တကယ်က CBU နဲ့ သွင်းတဲ့ Brand New တချို့တောင်မှ အရင်က Form D နဲ့ သွားကြ လို့ အခွန်သက် သာခွင့်ကရပြီးသား၊ ဒီကြေညာချက်ကို ကြည့်ပြီး ဈေးကျကို ကျမယ်လို့ ထင်နေကြတာဟု AAM အသင်း ဒုဥက္ကဋ္ဌ ဦးအေးထွန်းက ဆိုသည်။
အခွန်ဖြေလျှော့ပေးမှုကြောင့် လက်ရှိ ကားအရောင်းအဝယ်ဈေးကွက် တွင် နံပါတ်ထွက်ပြီးသား အမြင့်ကားအမျိုးအစားအချို့မှာ ဈေးအ နည်းငယ် ပြန်ဆင်းသွားပြီး ၁၃ဝဝ စီစီကားများမှာ ပုံမှန်ဈေးဖြင့်သာ အရောင်း အဝယ်ဆက်ပြီး ဖြစ်နေသည်။Toyota Kluger ၂ဝဝ၃ မို ဒယ်အဖြူရောင် ကျပ်သိန်း ၄၃ဝ ဝန်းကျင်၊Toyota Harrier M အက္ခရာ ကျပ်သိန်း ၄၅ဝ ဝန်းကျင်၊Toyota Crown L အက္ခရာ ကျပ်သိန်း လေးရာဝန်းကျင်၊Nissan Juke Q အက္ခရာ ကျပ်သိန်း ၂၉ဝ ဝန်းကျင်၊Toyota Land Cruiser ၂ဝဝ၈ မိုဒယ် ၂ဝ၁၄ ရုပ်ပြောင်း ကျပ်သိန်း ၁,၁ဝဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
UNICODE
နိုင်ငံတော်အစိုးရက အခွန်ဖြေလျှော့ပေးမှုကြောင့် အင်ဂျင်ပါဝါအနိမ့်ကားများထက် အမြင့်ကားများမှာ အခွန်သက်သာမှုကြောင့် ကားတန် ဖိုးလည်း လျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် အဝယ်အများစုမှာ ကားစျေးပြန်ချပေးမည့် အချိန်ကို စောင့်ကြည့်နေခြင်းကြောင့် ပြည် ပမှ CBU ဖြင့် တင်သွင်းသည့် Brand New ကားများနှင့် အင်ဂျင်ပါဝါအမြင့်ကားအမျိုးအစားအချို့မှာ အဝယ်ပြန်အေးသွားသည်။ ထို့အ တူSKD ကားများအပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားကိုလည်း ဖြေလျှော့ပေးလိုက်၍ ထိုကားများ၏ စက်ရုံထုတ်ရောင်းစျေး ပြန်ချပေး၊မပေးကို အဝယ်များက စောင့်ကြည့်နေရာ ယင်းကားစျေးကွက်လည်း အနည်းငယ်ပြန်အေးသွားသည်။
အကောက်ခွန်ဦးစီးဌာနက အခွန်ဖြေလျှော့ပေးတယ်ဆိုတာက ကားတန်ဖိုး CIF အပေါ်မှာ အရင်ကောက်ခံနေတဲ့ ရာခိုင်နှုန်းကို CBU ကားတွေအတွက် အင်ဂျင်ပါဝါအလိုက် ၁ဝ ရာခိုင်နှုန်းစီ ဖြေလျှော့ပေးတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဝယ်သူတွေအနေနဲ့ Custom Duty ပဲ ၁ဝ ရာခိုင် နှုန်း သက်သာသွားမှာပါ၊ ဒါကို တချို့အဝယ်တွေကျတော့ ကားစျေးသိ သိသာသာကျမယ်လို့ ထင်နေကြတယ်၊ ဒါတောင်မှ ဆောင်ထားပြီးသား ကားတွေကျတော့ လျှော့ရောင်းနိုင်ဦးမယ် မထင်ပါဘူး၊ SKD ကားတွေမှာဆိုရင်လည်း Suzuki ဆိုရင် သီလဝါမှာ ရင်းနှီးမြှုပ်နှံတာဖြစ်လို့ အရင်ကတည်းက အခွန်လျော့ပြီးသားပါ၊ ကြေညာချက်မှာ SKD ကားတွေလည်း ပါတယ်ဆိုပြီး ။
ဒီကားတွေပါ စျေးကျမယ်လို့ တော်တော်များများက ထင်မြင်သုံးသပ်နေတာ တွေ့ရပါတယ်၊ SKD ကားတွေအနေနဲ့ အခွန်သက် သာသွား တဲ့ Brand တချို့ကလည်း စျေးချပေးမယ်ဆိုရင်တောင် ကားတစ်စီးအတွက် တင်သွင်းတဲ့ Spare Part အပေါ်မှာ ဆောင်ရတဲ့အခွန် သက် သာသွားမယ့်တန်ဖိုးကိုပဲ လျှော့ပေးမှာဖြစ်လို့ သိသိသာသာကြီး စျေးကျသွားမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကားအဝယ်တော်တော်များများက အကောက်ခွန်နှုန်းသက်သာသွားလို့ ကားစျေးကျသွားမယ်ထင်ပြီး စောင့်နေတဲ့အတွက် ဒီရက်ပိုင်းမှာ အဝယ်ပြန်အေးသွားပါတယ်”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။
အကောက်ခွန်နှုန်းထား ဖြေလျှော့ပေးမှုသည် လူစီးယာဉ်များအတွက် သာဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များ မပါဝင်ကြောင်း သိရသည်။ အခွန် ဖြေလျှော့ပေးမှုကြောင့် Brand New ကားအမျိုးအစားအချို့နှင့် SKD Car Brand အချို့မှာ ယခင်ကတည်းက အာဆီယံဒေသတွင်း အ ခွန်ကင်းလွတ်ခွင့်များ ရထားပြီးဖြစ်၍ ယခုအခွန်ဖြေလျှော့ပေးမှုကြောင့် ကားစျေးနှုန်းများ သိသိသာသာ ကျဆင်းနိုင်ဖွယ်မရှိကြောင်း သိ ရသည်။အခွန်ဖြေလျှော့ပေးမှုက စျေးကွက်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်၊ CBU နဲ့ တင်သွင်းဖို့ မှာထားတဲ့ကားတွေဆိုရင် လျော့ သွားတဲ့ အခွန်ထက် ပြန်လျှော့ပေးလိုက်ရတာက အခက်အခဲမရှိပေမဲ့ သွင်းပြီးသား ကားတွေမှာ Custom Duty ဆောင်ပြီးသားပါ။
သွင်းပြီးတဲ့သူတွေအတွက်ကတော့ နစ်နာမှုရှိပါတယ်၊ ကားအရောင်းပြခန်းတွေဆိုရင် လျော့သွားတဲ့အခွန်ကို ဆောင်ထား ပြီး သားဆိုတော့ မလျှော့ပေးပြန်ရင်လည်း မရောင်းရတဲ့အခက်အခဲရှိသလို လျှော့ပေးရမယ်ဆိုရင်လည်း အခက်အခဲ ရှိပါတယ်၊SKD ကား တွေကို Dealer ယူရောင်းတဲ့ သူတွေဆိုရင်လည်း Maker တွေက စျေးချပေး၊မပေး မသိရသေးဘူး၊ အဝယ်တွေကတော့ စျေးချပေးမလား ဆိုပြီး မေးနေတာ တွေကို ဖြေရှင်းပေးနေရတယ်၊ တကယ်က CBU နဲ့ သွင်းတဲ့ Brand New တချို့တောင်မှ အရင်က Form D နဲ့ သွားကြ လို့ အခွန်သက် သာခွင့်ကရပြီးသား၊ ဒီကြေညာချက်ကို ကြည့်ပြီး စျေးကျကို ကျမယ်လို့ ထင်နေကြတာဟု AAM အသင်း ဒုဥက္က႒ ဦးအေးထွန်းက ဆိုသည်။
အခွန်ဖြေလျှော့ပေးမှုကြောင့် လက်ရှိ ကားအရောင်းအဝယ်စျေးကွက် တွင် နံပါတ်ထွက်ပြီးသား အမြင့်ကားအမျိုးအစားအချို့မှာ စျေးအ နည်းငယ် ပြန်ဆင်းသွားပြီး ၁၃ဝဝ စီစီကားများမှာ ပုံမှန်စျေးဖြင့်သာ အရောင်း အဝယ်ဆက်ပြီး ဖြစ်နေသည်။Toyota Kluger ၂ဝဝ၃ မို ဒယ်အဖြူရောင် ကျပ်သိန်း ၄၃ဝ ဝန်းကျင်၊Toyota Harrier M အက္ခရာ ကျပ်သိန်း ၄၅ဝ ဝန်းကျင်၊Toyota Crown L အက္ခရာ ကျပ်သိန်း လေးရာဝန်းကျင်၊Nissan Juke Q အက္ခရာ ကျပ်သိန်း ၂၉ဝ ဝန်းကျင်၊Toyota Land Cruiser ၂ဝဝ၈ မိုဒယ် ၂ဝ၁၄ ရုပ်ပြောင်း ကျပ်သိန်း ၁,၁ဝဝ ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ ပုံမှန်အတိုင်း အဝယ်ဆင်း ပေမဲ့ အရောင်းအဝယ်တော့ နည်းသွားပါတယ်၊ အမြင့်ကားကိုင် ထားတဲ့သူတွေကျတော့လည်း Custom Duty ဆောင်ထားပြီးသားတွေ ဖြစ်လို့ စျေးမချပေမဲ့ ညှိနှိုင်းပြီး ထိန်းရောင်းနေရတယ်၊ ဒီအချိန်မှာ ကားက ဝယ်ထားသင့်ပါတယ်၊ Custom Duty လျှော့ပေးပေမဲ့ တစ်ဖက်မှာ ဝင်ငွေခွန်က မူကြမ်းမှာ ၃ဝ ရာခိုင်နှုန်းအထိ ရေးဆွဲထားတာ လည်း ရှိလို့ ထိန်းေရာင်းရမယ်လို့ ထင်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုသီဟက ဆို သည်။လူစီးမော်တော် ယာဉ်တွေအတွက် မူလတန် ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ် ၇ ရက်ကစတင်ပြီး လျှော့ချ ကောက်ခံမယ် လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒီလိုလျှော့ချကောက်ခံတာဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှု တွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက် ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်း အား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင် နှုန်းကနေ ၂၅ ရာခိုင်နှုန်း လျှော့ချ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီ အထိကို ၈၀ ရာခိုင် နှုန်းကနေ ၄၀ ရာခိုင်နှုန်း ၊စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက် ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွား မှာပါ။
ဒီလို လျှော့ချပေးလိုက်ခြင်းကြောင့် ကားဈေးနှုန်းတွေအ နည်းငယ် ကျဆင်းသွား နိုင်ဖွယ်ရှိတယ် လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။
REF:   AUTOMOBILE  NEWS  AGENCY
Add a Comment
Your email address will not be published. Required fields are marked *