ဦးသန္းေဌး အေနျဖင့္ ျပည္သူမ်ား၏ လိုလားခ်က္ေၾကာင့္ေနျပည္ေတာ္တြင္ ယွဥ္ၿပိဳင္ရျခင္းျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီေျပာၿပီ

ျပည္ခိုင္ၿဖိဳးပါတီ အေနျဖင့္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ ၈ ၿမိဳ႕နယ္တြင္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၈ ေနရာစလုံးတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး တႏိုင္ငံလုံး အေန ျဖင့္ ကိုယ္စားလွယ္ေပါင္း ၁၁၀၀ ဝန္းက်င္ ခန႔္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ၊ ပါတီ အေနျဖင့္ ကိုယ္စားလွယ္ေလာင္းမ်ားေ႐ႊးခ်ယ္ရာတြင္ လည္း ေအာက္ေျခ ပါတီဝင္မ်ား၏ သေဘာထား၊ နယ္ေျမခံမ်ား၏ သေဘာထား၊ ျပည္သူလူ ထုဆႏၵမ်ားကိုေပါင္းစပ္ၿပီး ေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္း ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒၚယဥ္မင္းျမင့္ေဆြက ေျပာဆိုသည္။

မဲဆႏၵရွင္ ျပည္သူမ်ား၏ လိုလားခ်က္ေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ျဖစ္သူ ဦးသန္းေဌးသည္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ ေဇယ်ာသီ ရိၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းျဖစ္ေၾကာင္း ေဒၚယဥ္မင္းျမင့္ေဆြ ကေျပာသည္။ၾသဂုတ္လ ၆ ရက္ေန႔က ပါတီ၏ ျပည္ေထာင္စု နယ္ ေျမ႐ုံးတြင္က်င္းပျပဳလုပ္ခဲ့သည့္ မဲစာရင္းထုတ္ျပန္မႈႏွင့္ပတ္သက္၍ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္သတင္းမီဒီယာမ်ား၏ ေမး ျမန္းမႈအေပၚထိုသို႔ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေဇယ်ာသီရိၿမိဳ႕နယ္မွာ ဝင္ၿပိဳင္တာကေတာ့ မဲဆႏၵရွင္ေတြရဲ႕လိုလားခ်က္ပါ။ဒီမူဝါဒေပၚမွာပဲအေျခခံၿပီးေတာ့မွ ေ႐ြးခ်ယ္ေတာ့ အဲ့ဒီေဒသ မွာရွိတဲ့မဲဆႏၵရွင္ေတြရယ္။ေအာက္ေျခပါတီရဲ႕လိုလားခ်က္ရယ္ ဒီအ ေပၚမွာပဲ အေျခခံၿပီးေတာ့ ကိုယ္ စားလွယ္ေလာင္းေ႐ြးခ်ယ္တာ”ဟု ေဒၚယဥ္မင္းျမင့္ေဆြ ကေျပာသည္။မဲေပးခြင့္ရွိသည့္ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ေမွ်ာ္လင့္ေနသည့္ အ စိုးရ အေျပာင္းအလဲကို မိမိတို႔ မဲ ျဖင့္သာေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သျဖင့္ အခြင့္အေရးဆုံးရႈံးမႈမရွိေစရန္ မဲေပးရန္ လိုအပ္ေၾကာင္းေျပာၾကားခဲ့သည္။

REF: The Fifth Wave News

UNICODE

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ ၈ မြို့နယ်တွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ နေရာစလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနိုင်ငံလုံး အနေ ဖြင့် ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ဝန်းကျင် ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၊ ပါတီ အနေဖြင့် ကိုယ်စားလှယ်လောင်းများရွှေးချယ်ရာတွင် လည်း အောက်ခြေ ပါတီဝင်များ၏ သဘောထား၊ နယ်မြေခံများ၏ သဘောထား၊ ပြည်သူလူ ထုဆန္ဒများကိုပေါင်းစပ်ပြီး ရွေးချယ်ခြင်းဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောဆိုသည်။

မဲဆန္ဒရှင် ပြည်သူများ၏ လိုလားချက်ကြောင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဖြစ်သူ ဦးသန်းဌေးသည် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီ ရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေ ကပြောသည်။သြဂုတ်လ ၆ ရက်နေ့က ပါတီ၏ ပြည်ထောင်စု နယ် မြေရုံးတွင်ကျင်းပပြုလုပ်ခဲ့သည့် မဲစာရင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းမီဒီယာများ၏ မေး မြန်းမှုအပေါ်ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇေယျာသီရိမြို့နယ်မှာ ဝင်ပြိုင်တာကတော့ မဲဆန္ဒရှင်တွေရဲ့လိုလားချက်ပါ။ဒီမူဝါဒပေါ်မှာပဲအခြေခံပြီးတော့မှ ရွေးချယ်တော့ အဲ့ဒီဒေသ မှာရှိတဲ့မဲဆန္ဒရှင်တွေရယ်။အောက်ခြေပါတီရဲ့လိုလားချက်ရယ် ဒီအ ပေါ်မှာပဲ အခြေခံပြီးတော့ ကိုယ် စားလှယ်လောင်းရွေးချယ်တာ”ဟု ဒေါ်ယဉ်မင်းမြင့်ဆွေ ကပြောသည်။မဲပေးခွင့်ရှိသည့် ပြည်သူများအနေဖြင့် မိမိတို့မျှော်လင့်နေသည့် အ စိုးရ အပြောင်းအလဲကို မိမိတို့ မဲ ဖြင့်သာရွေးချယ်နိုင်မည်ဖြစ်သဖြင့် အခွင့်အရေးဆုံးရှုံးမှုမရှိစေရန် မဲပေးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

REF:  The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *