ေဝဖန္မႈမ်ားေနသည့္ အ ဆိုေတာ္ ယုန္ေလး သီခ်င္းႏွင့္ပတ္သက္ၿပီး ေအးေနဝင္း ေျပာၿပီ

ယုန္ေလးMTVရဲ႕ ေနာက္ဆုံး ႐ိုက္ခတ္မႈက အႏုပညာက႑။ သူ႔႐ိုက္ထားတာကို ႀကိဳက္လို႔ခ်ီးမြမ္းတာ၊ မႀကိဳက္လို႔ ေဝဖန္တာက သက္ ဆိုင္ရာ ကာယကံရွင္ေတြရဲ႕ ေျပာပိုင္ခြင့္ လြတ္လပ္မႈ။ ဒါေပမယ့္ ေတာ္ေတာ္မ်က္လုံးျပဴးသြားမိတာက ဒီအထဲ ဝင္သ႐ုပ္ေဆာင္၊ သီဆိုခဲ့တဲ့ ကေလး တစ္ေယာက္၊ ႏွစ္ေယာက္ဆီက တိုက္႐ိုက္ျပန္ၾကားရတာ။ သူတို႔ေျပာတာက “လူေတြ စိတ္ဓာတ္ေတြမေကာင္းဘူး။ line ေပၚ မတင္ ခင္ ႐ုပ္ရွင္႐ုံမွာ အားလုံးစုၾကည့္တဲ့အခ်ိန္မွာ လက္ခုပ္ေတြဝိုင္းတီးၾကပီးေတာ့၊ အမွားဆိုပီးျဖစ္လာေတာ့မွ အခ်င္းခ်င္းေတာင္ ျပန္ က်ဳံးၾကတယ္ ” တဲ့။ အဲလို မတင္ခင္ အျမည့္ၾကည့္ခဲ့ဖူးသူေတြက ေနာက္မွ ျပန္ေဖာင္းထုတဲ့အထဲပါတဲ့ သက္ေသေတြ ေပၚလာရင္။

သူတို႔လည္း ဂြမ္းၿပီေနာ္။ ဦးသန္းေဌးေရ.. အားမငယ္ပါႏွင့္။ ဂြမ္းေဖာ္ ဂြမ္းဖက္ေတြ အဆဲခံသရဖူျပန္လုခ်င္လုသြားဦးမွာ။သုံး ရက္ေလာက္ ေနေတာ့ နည္းနည္း အနည္ထိုင္စျပဳေတာ့မွ အေျခအေန ႐ုပ္လုံးေပၚလာတယ္။ ဒီ ဗီဒီယိုထြက္လာၿပီး အဖြဲ႕အစည္း အသီးသီးအေပၚ အက်ိဳး သက္ေရာက္မႈေတြကိုၾကည့္ရင္ .NLD ဖက္က ေပါင္းလကၡဏာ ေဆာင္တဲ့ ေအာင္ျမင္မႈအရရွိဆုံးပဲ။ သူ႔ပါတီကိုေထာက္ခံသူေတြ အခု တစ္ ခ်ိန္တည္းမွာ အသံက်ယ္က်ယ္ေလာင္ေလာင္ ထြက္လာတယ္။ အႏုပညာရွင္ အခ်ိဳ႕ကပါ ဒီဗီဒီယိုကို ေဝဖန္ခံရေတာ့ သူတို႔ေနာက္ကအား ေပးတဲ့ ပရိတ္သတ္ေတြကိုပါ ေ႐ြးေကာက္ပြဲႏွစ္မွာ ႀကိဳတင္စုစည္းေပးလိုက္သလိုျဖစ္သြားတယ္။

ေနာက္ၿပီး ႏိုင္ငံတကာမွာ ႏိုင္ငံေရးေခါင္းေဆာင္ တစ္ေယာက္ရဲ႕ လုံၿခဳံေရးကို ေႏွာက္ယွက္တဲ့ ျဖစ္ရပ္သို႔မဟုတ္ ပုံရိပ္ကို ျဖစ္ေပၚေစရင္ အ ဆိုပါေခါင္းေဆာင္အေပၚမွာ ၾကည္ညိဳမႈ က႐ုဏာ ျဖစ္ေစတာ ထုံးစံပဲ။ ၁၉၈၁ ခုႏွစ္ မတ္လ (၃၀) ရက္ေန႔မွာ အေမရိကန္သမၼတ ေရဂင္ကို ေသနတ္သမား ဂြၽန္ ဟင္ကလီက မေအာင္ျမင္ေသာ လုပ္ႀကံမႈတစ္ခုျဖစ္ခဲ့ရာမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ကယ္ထုတ္ႏိုင္ခဲ့တဲ့ ဗီဒီယိုကို လူ ေတြျမင္ခြင့္ရလိုက္တယ္။ ဒီဗီယိုမထြက္ခင္ သမၼတရဲ႕ ေထာက္ခံမႈစစ္တမ္း ၆၀% ရွိရာကေန ဗီဒီယိုထြက္လာၿပီးေတာ့ ၆၉% အထိခုန္တက္ သြားတယ္။ ဒါက တကယ္ျဖစ္ခဲ့တာ၊ တကယ္မဟုတ္ဘဲ အႏုပညာလႈပ္ရွား ဖန္တီးမႈအေနႏွင့္ သမၼတ ေလယာဥ္အပိုင္စီးတာတို႔၊

အိမ္ျဖဴေတာ္ အသိမ္းခံရတာမ်ိဳး ႐ုပ္ရွင္႐ိုက္ရင္လည္း လက္ရွိသမၼတအတြက္ စည္း႐ုံးေရး အျမတ္ထြက္တာပဲ၊ ဒါေၾကာင့္ ကလင္တန္ လက္ ထက္႐ိုက္တဲ့ Air Force One မွာ သမၼတဇာတ္႐ုပ္ကို ကလင္တန္တို႔ မိသားစုပုံမ်ိဳး႐ိုက္တာ၊ အိုဘားမားလက္ထက္က ဇာတ္လမ္းတြဲ 24 မွာ သမၼတ Wayne Palmer ကို အိုဘားမားႏွင့္ ႐ုပ္တူေအာင္ ထည့္႐ိုက္တာေလ။ ဒါ ေတြေၾကာင့္ အက်ိဳးျဖစ္ခဲ့ၾကတယ္။ ဒါေၾကာင့္ သမၼတေတြဟာ ေ႐ြးေကာက္ပြဲႏွစ္မွာ လုပ္ႀကံဖို႔ႀကိဳးစားခံရတဲ့ သူရဲေကာင္း ဇတ္လမ္းမ်ိဳး သိပ္႐ိုက္ေစခ်င္တာ။ အခုလည္း ဒီမွာ ဟိုေန႔က video ထြက္ၿပီးတဲ့ေနာက္ NLD ေခါင္းေဆာင္ပိုင္း အတြက္ တကယ္လည္း စည္း႐ုံးေရး အေထာက္အကူျဖစ္သြားတာပဲ။

ပထမပိုင္း အကြက္မွာ စီးပြားေရး ရပ္ဆိုင္းလို႔ ေအာက္ေျခလူကတန္းစားေတြ ထိခိုက္တာမ်ိဳး႐ိုက္တာေၾကာင့္ တကယ္ ခံစားရသူေတြၾကား မွာ NLD ပုံရိပ္ကို အထိုက္အေလ်ာက္ ထိခိုက္ေစေပမယ့္ ေနာက္ဆုံးမွာ က႐ုဏာအျပည့္ျပန္ရလို႔ အားလုံးၿခဳံၾကည့္ရင္ NLD အျမတ္အ ထြက္ဆုံးပဲ။ NLD က စီမံခန႔္ခြဲမႈလိုအပ္ခ်က္ေၾကာင့္ သက္တန္းငါးႏွစ္အတြင္း အားမရစရာ ျဖစ္ခဲ့တာေတြကို ေခါင္းေဆာင္ပုံရိပ္ႏွင့္ ျပန္ ဆယ္ၿပီး အေျခအေနေကာင္းႏိုင္ေသးတယ္ဆိုတဲ့သေဘာ သိလိုက္ရတယ္။ျပည္ခိုင္ၿဖိဳး ဖက္ကက်ေတာ့ အဂြမ္းဆုံးျဖစ္သြားတာ၊ အစည္း ေဝးမွာ NLD အမတ္မင္းေတြေရာ၊ ျပည္ခိုင္ၿဖိဳး အမတ္မင္းေတြေရာ တက္ေရာက္ေဆြးေႏြးေပမယ့္ NLD အမတ္ေတြကိုပဲ။

ပရိသတ္က သတိထားမိၾကတာ၊ ျပည္ခိုင္ၿဖိဳးကို လူရာသြင္းၿပီး ထည့္ကို အေျပာမခံရတာ ပထမ ဂြမ္းခ်က္၊ ေနာက္ဆုံး ျပည္ခိုင္ၿဖိဳး ဥကၠဌ ဦးသန္းေဌးပုံထည့္လိုက္တာကက်ေတာ့ ….. အိုး ဘာေျပာေကာင္းမလဲ။ ဤေနရာေတြ ေသးပန္းပါလို႔ ဆိုင္းဘုတ္ခ်ိတ္ေပးလိုက္တာက် ေနတာပဲ၊ ဒီဗီဒီယိုကို မႀကိဳက္တဲ့သူေတြက ယုန္ေလးၿပီးရင္ မို႔မို႔ျမင့္ေအာင္ ဒုတိယလိုက္ၿပီး ဆဲၾကလိမ့္မယ္လို႔ ထင္တာ ဦးသန္းေဌးက သူလည္း ဝင္မ႐ိုက္ရရွာဘဲ မမို႔ရဲ႕ ေနရာဝင္ယူၿပီး အဆဲခံေပးသြားတာ။ လႈပ္ရွားၿပီး သ႐ုပ္ေဆာင္စရာေတာင္ မလိုဘူး။ ႐ုပ္ေသ ဓါတ္ပုံ ေလးႏွင့္ အဆဲခံသရဖူ ဝင္လုသြားတာ။ “ထသြားမွ အက်ိဳးမွန္းသိ” လို႔ဆိုရေအာင္ကလည္း ။

သူက ဖိုးပါခ်င္အျဖစ္ ဝင္သ႐ုပ္ေဆာင္ ရတာလည္း မဟုတ္ဘဲ ပိဋကတ္ေတာ္ထဲပါတဲ့ ေလထဲလြင့္လာတဲ့ ဗီဒီယိုတည္းဟူေသာ မီးကြင္းက ေကာင္းကင္ပ်ံေနတဲ့ က်ီးကန္းတည္းဟူေသာ ခမ်ာ ဦးသန္းေဌး လည္ပင္းကို အကုသိုလ္အက်ိဳးေပးခ်ိန္မို႔ တည့္တည့္ႀကီး တက္စြပ္မိတာ။ ယုန္ေလးကိုခ်စ္ၾကတဲ့၊ အားေပးၾကတဲ့ မိတ္ေဆြပရိသတ္ေတြပင္လ်င္ အျခား႐ိုက္ခ်က္ေတြကို ယုန္ေလးဖက္က ဝင္ကာကြယ္ေပးၾက ေပ မယ့္ ဦးသန္းေဌးပါထည့္လို႔ အေျပာခံရတာကိုက်ေတာ့ ကာကြယ္ေပးစရာ ဆင္ေျခရွာမရခဲ့ဘူး။ ယုန္ေလးက ဘယ္သူတိုက္တြန္းမႈမွ မပါဘဲ ႐ိုက္တယ္လို႔ ရွင္းလိုက္ၿပီ၊ တစ္ေယာက္ေယာက္ တိုက္တြန္းမႈမ်ားပါလို႔ တိုက္တြန္းသူက ျပည္ခိုင္ၿဖိဳးဖက္ကဆိုရင္ေတာ့။

ကိုယ့္ေသတြင္းကိုတူးခဲ့ၾကတာပဲလို႔ ေတြးခဲ့မိတာ ယုန္ေလးရွင္းလိုက္လို႔ မဟုတ္မွန္းသိရတာေတာ္ေသးတယ္။ အစကတည္းက ျပည္ခိုင္ ၿဖိဳးကို ဆန႔္က်င္ဖက္က သူခိုးပါတီလို႔ စြပ္စြဲေနၾကတာ။ တကယ္ေတာ့ ခိုးတဲ့သူေတြ အမ်ားအျပား ပါေကာင္းပါေပမယ္. တကယ္အရည္ အခ်င္းျပည့္စုံသူေတြလည္း အမ်ားႀကီးပါ။ သူတို႔ေအာင္ျမင္ခ်င္ရင္ သူခိုးပုံရိပ္ကို ေရွ႕တန္းမတင္ဘဲ၊ အရည္အခ်င္းရွိတဲ့ပုံရိပ္ကိုပြဲထုတ္ရမွာ၊ ဒီပါတီလည္း အခု ဗီဒီယိုကလႈပ္ႏႈိးလိုက္လို႔ ကိုယ့္အျဖစ္ကိုယ္သိၾကဖို႔ေကာင္းၿပီ၊ ဘယ္လိုပုံရိပ္မ်ိဳးေျပာင္းလဲ ေရွ႕တန္းတင္ရမယ္ ဆိုတာ ေတာ့ ကိုယ့္ဟာကိုယ္ဆုံးျဖတ္ၾကေတာ့၊ ဒီအခ်ိန္ေတာင္ ေႏွာင္းလြန္းၿပီလားမသိ။

ျပည္ခိုင္ၿဖိဳးက်ေတာ့ သူတို႔အစိုးရ ငါးႏွစ္သက္တမ္းအတြင္း အထိုက္အေလ်ာက္လုပ္ျပႏိုင္ခဲ့တဲ့ အေနအထား ကိုေတာင္ ေခါင္းေဆာင္ ပုံရိပ္ ဂြမ္းေနမႈေၾကာင့္ အေတာ္ႀကီး႐ုန္းကန္ရဦးမွာလို႔ ေျပာလိုက္ပါတယ္။

CRD: Aye Nay Win’s FB

UNICODE

ယုန်လေးMTVရဲ့ နောက်ဆုံး ရိုက်ခတ်မှုက အနုပညာကဏ္ဍ။ သူ့ရိုက်ထားတာကို ကြိုက်လို့ချီးမွမ်းတာ၊ မကြိုက်လို့ ဝေဖန်တာက သက် ဆိုင်ရာ ကာယကံရှင်တွေရဲ့ ပြောပိုင်ခွင့် လွတ်လပ်မှု။ ဒါပေမယ့် တော်တော်မျက်လုံးပြူးသွားမိတာက ဒီအထဲ ဝင်သရုပ်ဆောင်၊ သီဆိုခဲ့တဲ့ ကလေး တစ်ယောက်၊ နှစ်ယောက်ဆီက တိုက်ရိုက်ပြန်ကြားရတာ။ သူတို့ပြောတာက “လူတွေ စိတ်ဓာတ်တွေမကောင်းဘူး။ line ပေါ် မတင် ခင် ရုပ်ရှင်ရုံမှာ အားလုံးစုကြည့်တဲ့အချိန်မှာ လက်ခုပ်တွေဝိုင်းတီးကြပီးတော့၊ အမှားဆိုပီးဖြစ်လာတော့မှ အချင်းချင်းတောင် ပြန် ကျုံးကြတယ် ” တဲ့။ အဲလို မတင်ခင် အမြည့်ကြည့်ခဲ့ဖူးသူတွေက နောက်မှ ပြန်ဖောင်းထုတဲ့အထဲပါတဲ့ သက်သေတွေ ပေါ်လာရင်။

သူတို့လည်း ဂွမ်းပြီနော်။ ဦးသန်းဌေးရေ.. အားမငယ်ပါနှင့်။ ဂွမ်းဖော် ဂွမ်းဖက်တွေ အဆဲခံသရဖူပြန်လုချင်လုသွားဦးမှာ။သုံး ရက်လောက် နေတော့ နည်းနည်း အနည်ထိုင်စပြုတော့မှ အခြေအနေ ရုပ်လုံးပေါ်လာတယ်။ ဒီ ဗီဒီယိုထွက်လာပြီး အဖွဲ့အစည်း အသီးသီးအပေါ် အကျိုး သက်ရောက်မှုတွေကိုကြည့်ရင် .NLD ဖက်က ပေါင်းလက္ခဏာ ဆောင်တဲ့ အောင်မြင်မှုအရရှိဆုံးပဲ။ သူ့ပါတီကိုထောက်ခံသူတွေ အခု တစ် ချိန်တည်းမှာ အသံကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ အနုပညာရှင် အချို့ကပါ ဒီဗီဒီယိုကို ဝေဖန်ခံရတော့ သူတို့နောက်ကအား ပေးတဲ့ ပရိတ်သတ်တွေကိုပါ ရွေးကောက်ပွဲနှစ်မှာ ကြိုတင်စုစည်းပေးလိုက်သလိုဖြစ်သွားတယ်။

နောက်ပြီး နိုင်ငံတကာမှာ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ လုံခြုံရေးကို နှောက်ယှက်တဲ့ ဖြစ်ရပ်သို့မဟုတ် ပုံရိပ်ကို ဖြစ်ပေါ်စေရင် အ ဆိုပါခေါင်းဆောင်အပေါ်မှာ ကြည်ညိုမှု ကရုဏာ ဖြစ်စေတာ ထုံးစံပဲ။ ၁၉၈၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ အမေရိကန်သမ္မတ ရေဂင်ကို သေနတ်သမား ဂျွန် ဟင်ကလီက မအောင်မြင်သော လုပ်ကြံမှုတစ်ခုဖြစ်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တဲ့ ဗီဒီယိုကို လူ တွေမြင်ခွင့်ရလိုက်တယ်။ ဒီဗီယိုမထွက်ခင် သမ္မတရဲ့ ထောက်ခံမှုစစ်တမ်း ၆၀% ရှိရာကနေ ဗီဒီယိုထွက်လာပြီးတော့ ၆၉% အထိခုန်တက် သွားတယ်။ ဒါက တကယ်ဖြစ်ခဲ့တာ၊ တကယ်မဟုတ်ဘဲ အနုပညာလှုပ်ရှား ဖန်တီးမှုအနေနှင့် သမ္မတ လေယာဉ်အပိုင်စီးတာတို့၊

အိမ်ဖြူတော် အသိမ်းခံရတာမျိုး ရုပ်ရှင်ရိုက်ရင်လည်း လက်ရှိသမ္မတအတွက် စည်းရုံးရေး အမြတ်ထွက်တာပဲ၊ ဒါကြောင့် ကလင်တန် လက် ထက်ရိုက်တဲ့ Air Force One မှာ သမ္မတဇာတ်ရုပ်ကို ကလင်တန်တို့ မိသားစုပုံမျိုးရိုက်တာ၊ အိုဘားမားလက်ထက်က ဇာတ်လမ်းတွဲ 24 မှာ သမ္မတ Wayne Palmer ကို အိုဘားမားနှင့် ရုပ်တူအောင် ထည့်ရိုက်တာလေ။ ဒါ တွေကြောင့် အကျိုးဖြစ်ခဲ့ကြတယ်။ ဒါကြောင့် သမ္မတတွေဟာ ရွေးကောက်ပွဲနှစ်မှာ လုပ်ကြံဖို့ကြိုးစားခံရတဲ့ သူရဲကောင်း ဇတ်လမ်းမျိုး သိပ်ရိုက်စေချင်တာ။ အခုလည်း ဒီမှာ ဟိုနေ့က video ထွက်ပြီးတဲ့နောက် NLD ခေါင်းဆောင်ပိုင်း အတွက် တကယ်လည်း စည်းရုံးရေး အထောက်အကူဖြစ်သွားတာပဲ။

ပထမပိုင်း အကွက်မှာ စီးပွားရေး ရပ်ဆိုင်းလို့ အောက်ခြေလူကတန်းစားတွေ ထိခိုက်တာမျိုးရိုက်တာကြောင့် တကယ် ခံစားရသူတွေကြား မှာ NLD ပုံရိပ်ကို အထိုက်အလျောက် ထိခိုက်စေပေမယ့် နောက်ဆုံးမှာ ကရုဏာအပြည့်ပြန်ရလို့ အားလုံးခြုံကြည့်ရင် NLD အမြတ်အ ထွက်ဆုံးပဲ။ NLD က စီမံခန့်ခွဲမှုလိုအပ်ချက်ကြောင့် သက်တန်းငါးနှစ်အတွင်း အားမရစရာ ဖြစ်ခဲ့တာတွေကို ခေါင်းဆောင်ပုံရိပ်နှင့် ပြန် ဆယ်ပြီး အခြေအနေကောင်းနိုင်သေးတယ်ဆိုတဲ့သဘော သိလိုက်ရတယ်။ပြည်ခိုင်ဖြိုး ဖက်ကကျတော့ အဂွမ်းဆုံးဖြစ်သွားတာ၊ အစည်း ဝေးမှာ NLD အမတ်မင်းတွေရော၊ ပြည်ခိုင်ဖြိုး အမတ်မင်းတွေရော တက်ရောက်ဆွေးနွေးပေမယ့် NLD အမတ်တွေကိုပဲ။

ပရိသတ်က သတိထားမိကြတာ၊ ပြည်ခိုင်ဖြိုးကို လူရာသွင်းပြီး ထည့်ကို အပြောမခံရတာ ပထမ ဂွမ်းချက်၊ နောက်ဆုံး ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေးပုံထည့်လိုက်တာကကျတော့ ….. အိုး ဘာပြောကောင်းမလဲ။ ဤနေရာတွေ သေးပန်းပါလို့ ဆိုင်းဘုတ်ချိတ်ပေးလိုက်တာကျ နေတာပဲ၊ ဒီဗီဒီယိုကို မကြိုက်တဲ့သူတွေက ယုန်လေးပြီးရင် မို့မို့မြင့်အောင် ဒုတိယလိုက်ပြီး ဆဲကြလိမ့်မယ်လို့ ထင်တာ ဦးသန်းဌေးက သူလည်း ဝင်မရိုက်ရရှာဘဲ မမို့ရဲ့ နေရာဝင်ယူပြီး အဆဲခံပေးသွားတာ။ လှုပ်ရှားပြီး သရုပ်ဆောင်စရာတောင် မလိုဘူး။ ရုပ်သေ ဓါတ်ပုံ လေးနှင့် အဆဲခံသရဖူ ဝင်လုသွားတာ။ “ထသွားမှ အကျိုးမှန်းသိ” လို့ဆိုရအောင်ကလည်း ။

သူက ဖိုးပါချင်အဖြစ် ဝင်သရုပ်ဆောင် ရတာလည်း မဟုတ်ဘဲ ပိဋကတ်တော်ထဲပါတဲ့ လေထဲလွင့်လာတဲ့ ဗီဒီယိုတည်းဟူသော မီးကွင်းက ကောင်းကင်ပျံနေတဲ့ ကျီးကန်းတည်းဟူသော ခမျာ ဦးသန်းဌေး လည်ပင်းကို အကုသိုလ်အကျိုးပေးချိန်မို့ တည့်တည့်ကြီး တက်စွပ်မိတာ။ ယုန်လေးကိုချစ်ကြတဲ့၊ အားပေးကြတဲ့ မိတ်ဆွေပရိသတ်တွေပင်လျင် အခြားရိုက်ချက်တွေကို ယုန်လေးဖက်က ဝင်ကာကွယ်ပေးကြ ပေ မယ့် ဦးသန်းဌေးပါထည့်လို့ အပြောခံရတာကိုကျတော့ ကာကွယ်ပေးစရာ ဆင်ခြေရှာမရခဲ့ဘူး။ ယုန်လေးက ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ ရိုက်တယ်လို့ ရှင်းလိုက်ပြီ၊ တစ်ယောက်ယောက် တိုက်တွန်းမှုများပါလို့ တိုက်တွန်းသူက ပြည်ခိုင်ဖြိုးဖက်ကဆိုရင်တော့။

ကိုယ့်သေတွင်းကိုတူးခဲ့ကြတာပဲလို့ တွေးခဲ့မိတာ ယုန်လေးရှင်းလိုက်လို့ မဟုတ်မှန်းသိရတာတော်သေးတယ်။ အစကတည်းက ပြည်ခိုင် ဖြိုးကို ဆန့်ကျင်ဖက်က သူခိုးပါတီလို့ စွပ်စွဲနေကြတာ။ တကယ်တော့ ခိုးတဲ့သူတွေ အများအပြား ပါကောင်းပါပေမယ်. တကယ်အရည် အချင်းပြည့်စုံသူတွေလည်း အများကြီးပါ။ သူတို့အောင်မြင်ချင်ရင် သူခိုးပုံရိပ်ကို ရှေ့တန်းမတင်ဘဲ၊ အရည်အချင်းရှိတဲ့ပုံရိပ်ကိုပွဲထုတ်ရမှာ၊ ဒီပါတီလည်း အခု ဗီဒီယိုကလှုပ်နှိုးလိုက်လို့ ကိုယ့်အဖြစ်ကိုယ်သိကြဖို့ကောင်းပြီ၊ ဘယ်လိုပုံရိပ်မျိုးပြောင်းလဲ ရှေ့တန်းတင်ရမယ် ဆိုတာ တော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြတော့၊ ဒီအချိန်တောင် နှောင်းလွန်းပြီလားမသိ။

ပြည်ခိုင်ဖြိုးကျတော့ သူတို့အစိုးရ ငါးနှစ်သက်တမ်းအတွင်း အထိုက်အလျောက်လုပ်ပြနိုင်ခဲ့တဲ့ အနေအထား ကိုတောင် ခေါင်းဆောင် ပုံရိပ် ဂွမ်းနေမှုကြောင့် အတော်ကြီးရုန်းကန်ရဦးမှာလို့ ပြောလိုက်ပါတယ်။

CRD:  Aye Nay Win’s FB

Add a Comment

Your email address will not be published. Required fields are marked *