ဖြစ်လာတဲ့ကိစ္စအတွက် ကျုပ်တို့ က ဘယ်သူ့ကိုမုန်းရမှာ လဲ ဆိုပြီး ပွဲသိမ်းလိုက်စကား ဆိုလိုက်တဲ့ ယုန်လေး(ဗီဒီယို)
REF: SHWE WIKI
UNICODE
အဆိုတော်ယုန်လေးက ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် ကိုလည်း ပြဿနာရှင်းလင်းချိန်တွင် ရှိပေးရန် Live တွင် ထည့်သွင်း ပြောကြားခဲ့ပြီး ဦးညီညီထွန်းလွင်ကို စိတ်မဆိုးကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။သရုပ်ဆောင် ညီနန္ဒကို ကို အလကား ခေါ်သည့် အတွက် လာရိုက်ပေးခြင်း ဖြစ်ကြောင်း စသည်ဖြင့် အခြေအနေ များကို Live တွင် ထည့်သွင်းပြောကြားထားသည်။
ဒါရိုက်တာ ထဲက မေးချင်သူ ၁ ယောက်၊ တေးရေးဆရာထဲမှ မေးချင်သူ ၂ ယောက် လာခဲ့ရန်လည်း ၎င်းက ရေးသားထားကာ။ရှင်းလင်းမှု သို့ လာရန် နှင့် မလာလျှင်လည်း သွားပုပ်လေလွင့် မဖွရန် ၎င်းက ထည့်သွင်းပြောကြားထားသည်။ ပရိတ်သတ်များကတော့ ဒေါသထွက်ပြီး ပြောတဲ့အခါ အမှားပါသွားနိုင်တဲ့အတွက် စိတ်ထိန်းပြီး ပြောဆိုရန် နားချကာ ကွန်မန့် ရေးသားခဲ့ကြပါတယ်။
ယုန်လေးနဲ့ သူငယ်ချင်းများ အစည်းအရုံးမှာ ရှင်းလင်းပွဲ……ယုန်လေး
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ တွေ့ဆုံဆွေးနွေးဖို့ ရောက်ရှိလာတဲ့ ယုန်လေးကတော့ သူ့ရဲ့ MV နဲ့ပတ်သက်ပြီး ေ၀ဖန်ပြောဆိုခဲ့သူများကို မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်………ယုန်လေးFashion Magazine Myanmar Yone Lay
Posted by Fashion Magazine Myanmar on Friday, August 7, 2020
ဒီနေ့ (သြဂုတ်လ၇ရက်)မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အမှုဆောင်များ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ “ စည်းလုံးသင့် ပြီ မြန်မာပြည်” music video ကို ပုံဖော်ဖန်တီးသူ ယုန်လေးကို အနုပညာလုပ်ဖို့ တစ်နှစ်တိတိ ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ ထို ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲမှာတော့ ကျုပ်တို့ က ဘယ်သူ့ကိုမုန်းရမှာ လဲဆိုတဲ့ စကားတစ်ခွန်းနဲ့ ပွဲ သိမ်း လိုက်သော ယုန် လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
REF: SHWE WIKI