႐ုပ္ရွင္ ႐ိုက္ခါစက ဖိနပ္ နဲ႔ေပါက္ၿပီး ဆုံးမခံခဲ့ရ တဲ့ အေၾကာင္း ခင္လႈိင္က ျပန္ေျပာင္းေျပာျပ လာ

လူ ႐ႊင္ေတာ္/သ႐ုပ္ေဆာင္ ခင္လႈိင္က ” ကြၽန္ေတာ္တို႔ ကသဘင္ေလာက က လာတာဆိုေတာ့ ႐ုပ္ရွင္နဲ႔ပတ္သတ္ၿပီး ဘာမွကိုမသိတာ ေလ…သဘင္မွာက်ေတာ့ ရာနဲ႔ေထာင္နဲ႔ခ်ီေတြ ဟိုးအေဝးႀကီးကေနလွမ္းျမင္ႏိုင္ဖို႔အတြက္ Over Act လုပ္ရတာေပါ့ အမူအယာေတြ ပို လုပ္ရတာေပါ့….ဒါမွ အေဝးကျမင္သာတာဆိုေတာ့ေလ…႐ုပ္ရွင္က်ေတာ့ ကင္မရာေသးေသးေလးထဲမွာ ကိုယ့္အမူအရာကို ထင္းေနေအာင္ လုပ္ျပရတာဆိုေတာ့ စ႐ိုက္ခါစတုန္းက ပရိသတ္ေတြက ခင္လႈိင္က အရမ္း အိုက္တင္ေတြအိုဗာျဖစ္တာပဲလို႔ ေဝဖန္သံေတြၾကားရတယ္..။

ဟုတ္တယ္အဲ့ဒီတုန္းကကြၽန္ေတာ္တကယ္အိုဗာျဖစ္ေနခဲ့တယ္ဆိုတာ ကြၽန္ေတာ္လည္းသိပါတယ္။ဒါကလည္း သဘင္ေလာကကို ႏွိမ္ ေျပာတာမဟုတ္ပါဘူး….. နယ္ပယ္ခ်င္းမတူတာကို ေျပာခ်င္တာပါ” ဟု Over Acting ေတြသ႐ုပ္ေဆာင္ ခဲ့မိတဲ့အေၾကာင္း ေျပာျပလာခဲ့ တာပါ။ ခင္လႈိင္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို အခိုင္အမာရရွိထားၿပီး ယခုအခါမွာ လူ႐ႊင္ေတာ္ အလုပ္သာမက ဒါ႐ိုက္တာအျဖစ္ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဇာတ္လမ္းတြဲမ်ား ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

ခင္လႈိင္ဟာ ဒါ႐ိုက္တာအေနနဲ႔ ဆိုးေပ ႐ုပ္သံဇာတ္လမ္းတြဲကိုလည္း ႐ိုက္ကူးဖို႔ရွိေနၿပီး သမီးျဖစ္သူ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္နဲ႔အတူ ပါဝင္သြားမွာပါ။ယခုလို ေအာင္ျမင္ေနေပမယ့္ ဦးခင္လႈိင္ရဲ႕ ႐ုပ္ရွင္ေလာက ကို စတင္ဝင္ေရာက္ခဲ့မႈကေတာ့ လြယ္လင့္တကူ မဟုတ္ခဲ့ပါ ဘူး။႐ုပ္ရွင္စ႐ိုက္ခါစမွာဇာတ္သဘင္ေလာကက လာသူျဖစ္တဲ့အတြက္ သ႐ုပ္ေဆာင္ရာမွာ အဆီအေငၚမတည့္မႈေတြျဖစ္ေနလို႔ ဖိနပ္ နဲ႔ေပါက္ၿပီးဆုံးမတာခံခဲ့ရဖူးတယ္လို႔ ဦးခင္လႈိင္ကျပန္ေျပာင္းေျပာျပလာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဦးခင္လႈိင္က ” ကြၽန္ေတာ္ဆို အရင္တုန္းက ဆရာသမားေတြက ဖိနပ္နဲ႔ေပါက္ၿပီးဆုံးမတာပါခံခဲ့ရ တာပါ….. သူတို႔ဒီလို ဆုံးမလို႔ လည္းတသက္လုံးမွတ္သြားတာေပါ့။….. ဒါ႐ိုက္တာကိုလည္းေၾကာက္ရသလို ကင္မရာမန္းေတြလည္း ေၾကာက္ရပါတယ္…. ” လို႔ ႐ုပ္ရွင္ စ႐ိုက္ခါစက ဖိနပ္နဲ႔ပါအေပါက္ခံခဲ့ရတဲ့အေၾကာင္း ျပန္ေျပာင္းေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ဒါကေတာ့ ဦးခင္လႈိင္တစ္ေယာက္ ခက္ခက္ ခဲခဲနဲ႔ ျဖတ္ေက်ာ္ခဲ့ရတဲ့႐ုပ္ရွင္ေလာကအမွတ္တရ တခ်ိဳ႕ကို ျပန္လည္မွ်ေဝ ေပးခဲ့တာပဲျဖစ္ပါတယ္ ။

Credit Shwe yaung Myanmar

UNICODE

လူ ရွှင်တော်/သရုပ်ဆောင် ခင်လှိုင်က ” ကျွန်တော်တို့ ကသဘင်လောက က လာတာဆိုတော့ ရုပ်ရှင်နဲ့ပတ်သတ်ပြီး ဘာမှကိုမသိတာ လေ…သဘင်မှာကျတော့ ရာနဲ့ထောင်နဲ့ချီတွေ ဟိုးအဝေးကြီးကနေလှမ်းမြင်နိုင်ဖို့အတွက် Over Act လုပ်ရတာပေါ့ အမူအယာတွေ ပို လုပ်ရတာပေါ့….ဒါမှ အဝေးကမြင်သာတာဆိုတော့လေ…ရုပ်ရှင်ကျတော့ ကင်မရာသေးသေးလေးထဲမှာ ကိုယ့်အမူအရာကို ထင်းနေအောင် လုပ်ပြရတာဆိုတော့ စရိုက်ခါစတုန်းက ပရိသတ်တွေက ခင်လှိုင်က အရမ်း အိုက်တင်တွေအိုဗာဖြစ်တာပဲလို့ ဝေဖန်သံတွေကြားရတယ်..။

ဟုတ်တယ်အဲ့ဒီတုန်းကကျွန်တော်တကယ်အိုဗာဖြစ်နေခဲ့တယ်ဆိုတာ ကျွန်တော်လည်းသိပါတယ်။ဒါကလည်း သဘင်လောကကို နှိမ် ပြောတာမဟုတ်ပါဘူး….. နယ်ပယ်ချင်းမတူတာကို ပြောချင်တာပါ” ဟု Over Acting တွေသရုပ်ဆောင် ခဲ့မိတဲ့အကြောင်း ပြောပြလာခဲ့ တာပါ။ ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အမာရရှိထားပြီး ယခုအခါမှာ လူရွှင်တော် အလုပ်သာမက ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီဖြစ်ပါတယ်။

ခင်လှိုင်ဟာ ဒါရိုက်တာအနေနဲ့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးဖို့ရှိနေပြီး သမီးဖြစ်သူ သရုပ်ဆောင် သဇင်ထူးမြင့်နဲ့အတူ ပါဝင်သွားမှာပါ။ယခုလို အောင်မြင်နေပေမယ့် ဦးခင်လှိုင်ရဲ့ ရုပ်ရှင်လောက ကို စတင်ဝင်ရောက်ခဲ့မှုကတော့ လွယ်လင့်တကူ မဟုတ်ခဲ့ပါ ဘူး။ရုပ်ရှင်စရိုက်ခါစမှာဇာတ်သဘင်လောကက လာသူဖြစ်တဲ့အတွက် သရုပ်ဆောင်ရာမှာ အဆီအငေါ်မတည့်မှုတွေဖြစ်နေလို့ ဖိနပ် နဲ့ပေါက်ပြီးဆုံးမတာခံခဲ့ရဖူးတယ်လို့ ဦးခင်လှိုင်ကပြန်ပြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဦးခင်လှိုင်က ” ကျွန်တော်ဆို အရင်တုန်းက ဆရာသမားတွေက ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာပါခံခဲ့ရ တာပါ….. သူတို့ဒီလို ဆုံးမလို့ လည်းတသက်လုံးမှတ်သွားတာပေါ့။….. ဒါရိုက်တာကိုလည်းကြောက်ရသလို ကင်မရာမန်းတွေလည်း ကြောက်ရပါတယ်…. ” လို့ ရုပ်ရှင် စရိုက်ခါစက ဖိနပ်နဲ့ပါအပေါက်ခံခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ ဦးခင်လှိုင်တစ်ယောက် ခက်ခက် ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ရုပ်ရှင်လောကအမှတ်တရ တချို့ကို ပြန်လည်မျှဝေ ပေးခဲ့တာပဲဖြစ်ပါတယ် ။

Credit Shwe yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *