ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့ဘဏ်က အတိုးနည်း ချေးငွေထုတ်ချေးနေသဖြင့် အမေရိကန်ဒေါသထွက်





REF: daily hot news

UNICODE

တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆေက်ပုံနဲ့ သဘာဝပတ်ဝန်းကျင် ပြုပြင်ပြောင်းလဲမှုတွေမှာ ဘက်ပေါင်းစုံဖွံ့ဖြိုးရေး ချေးငွေချထားတဲ့ ကမ္ဘာ့ ဘဏ်က ပါဝင်အားဖြည့်နေကြောင်း၊ ဒီအတွက် ဘုတ်အဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံပြီး ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းမှာ တရုတ် ထံ ငါးနှစ်တာချေးငွေချထားပေးတဲ့ မဟာဗျူဟာ အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဝင်ငွေနည်းတဲ့၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အတိုးနှုန်းနည်း ချေးငွေအစီအစဉ်မှာ တရုတ်နိုင်ငံကို မပါဝင် စေသင့်ဘူးလို့ ၎င်းက ဆိုပါတယ်။အမေရိကန် ဘဏ္ဍာရေးဝန်ကြီး မနုချင်ကတော့ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း တစ် လျှောက်က ဆင်းရဲတဲ့ နိုင်ငံတွေကို ၎င်းပိုင်ငွေ ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ ချေးငှားနေတဲ့ နိုင်ငံဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံကို အတိုးနည်းချေးငွေ နဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကနေ ၁ ဒသမ ၅ ဘီလီယံ နှစ်စဉ် ထုတ်ချေးသွားမယ့် ငါးနှစ်တာ အစီအစဉ်သစ်ကို ကမ္ဘာ့ ဘဏ် ဘုတ်အဖွဲ့က အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ် ။ ဒီလို တ ရုတ်ကို အတိုးနည်း ချေးငွေထုတ်ချေးတာဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနဲ့ အမတ်အချို့ ကန့်ကွက်နေတဲ့ ကြားကပဲ ဖြစ်ပါတယ်။

ဝန်ကြီး စတီဗင်မနုချင်က အတိုးနည်း ချေးငွေလို နိုင်ငံတကာအကူအညီတွေ ပေးဖို့ဟာ တရုတ်နိုင်ငံက အလွန်ချမ်းသာလွန်းနေတယ်လို့ ထောက်ပြပါတယ်။တရုတ်နိုင်ငံကို ၂၀၂၅ ဇွန်လအထိ နှစ်စဉ် နည်းပါးသော အတိုးနှုန်းနဲ့ ချေးငွေချထားတဲ့ ငါးနှစ်တာ ချေးငွေမဟာဗျူဟာ အစီအစဉ်ကို ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

REF:   daily hot news

Add a Comment

Your email address will not be published. Required fields are marked *